Thursday, July 16, 2026

သန်လျင်မြို့နယ်ဒေသခံများကို ဇူလိုင်လအတွက် ဒုတိယအကြိမ်မြောက်အဖြစ် စားသုံးဆီများလက်ဝယ်အရောက်ရောင်းချပေး

သန်လျင်မြို့နယ်ဒေသခံများကို Wilmar Myanmar Edible Oils Co.,Ltd နှင့် Resources Group Trading Co.,Ltd တို့မှ စားသုံးဆီရရှိသော...

ရန်ကုန် – မှော်ဘီ ရထားလမ်းပိုင်း...

ရန်ကုန် - ပြည် ရထားလမ်းပိုင်းအတွင်း ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာနိုင်ရေးနှင့် ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုလုပ်ငန်းများအား ကွင်းဆင်းကြပ်မတ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊...

တနင်္သာရီ သဘာဝကြိုးဝိုင်း သုတေသနအတွက် လူငယ်စွမ်းရည်မြှင့်တင်ရေး...

တနင်္သာရီ သဘာဝကြိုးဝိုင်း ရေမြေရှုခင်းအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူငယ်များနှင့် ရပ်ရွာစေတနာ့ဝန်ထမ်းများ စွမ်းရည်မြှင့်တင်ရေး အစီအစဉ်တစ်ခုကို နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများ...

ထိုင်း၌ လာဘ်ထိုးပြီး အရာရှိ ဖြစ်လာသူ...

အစိုးရအရာရှိဝန်ထမ်းစားမေးပွဲ လိမ်လည်မှုအရှုပ်တော်ပုံတွင် အဓိကသံသယရှိသူအားလုံးကို ဖမ်းဆီးထားပြီး ၎င်းတို့နှင့် ပူးပေါင်းကြံစည်သော အရာရှိများကို တရားစွဲဆိုမည်ဖြစ်ကာ စာမေးပွဲလိမ်လည်မှုတွင် ပါဝင်သူများကို အလုပ်ထုတ်မည်ဖြစ်ကြောင်း ထိုင်းအစိုးရ အကြီးတန်းအရာရှိများက...
HomeNewsLocal Newsမြို့ပြအင်္ဂါရပ်နှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အလုံလမ်းနှင့်...

မြို့ပြအင်္ဂါရပ်နှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အလုံလမ်းနှင့် ရွှေတိဂုံဘုရားလမ်းတို့ရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ ရှင်းလင်း

ရန်ကုန်မြို့ပြအင်္ဂါရပ် ပိုမိုသပ်ရပ်လှပစေရန်နှင့် လမ်းမကြီးများပေါ်ရှိ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ဆက်သွယ်ရေးကြိုးများ ရှင်းလင်းခြင်းလုပ်ငန်းစဉ်အား အစိုးရမှ စဉ်ဆက်မပြတ် တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်သည် သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်းက အလုံလမ်းနှင့် ဗဟိုလမ်းထောင့်၊ ရွှေတိဂုံဘုရားလမ်းတစ်လျှောက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ဒေါက်တာမျိုးသော်က လမ်းမကြီးများတစ်လျှောက်တွင် နှစ်ရှည်လများ ရှုပ်ထွေးပွေလီစွာ သွယ်တန်းထားသည့် ကေဘယ်လ်ကြိုးများနှင့် ဆက်သွယ်ရေးကြိုးဟောင်းများသည် မြို့ပြအလှအပကို ထိခိုက်စေရုံတင်မကဘဲ ပြည်သူလူထုအတွက် မီးဘေးအန္တရာယ်နှင့် ဓာတ်လိုက်မှုအန္တရာယ်များ ဖြစ်ပေါ်စေနိုင်သဖြင့် သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျနှင့် အမြန်ဆုံး ရှင်းလင်းဖယ်ရှားသွားရန် ကွင်းဆင်းကြီးကြပ်သူ တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ရန်ကုန်မြို့တွင်းရှိ အဓိကလမ်းမကြီးများတွင် မြေအောက်ကေဘယ်လ်စနစ် သို့ မပြောင်းလဲသေးမီစပ်ကြား၊ လမ်းဘေးရှိ ဓာတ်တိုင်များနှင့် ဆက်သွယ်ရေးတိုင်များတွင် ရှုပ်ထွေးနေသော ကြိုးများကို စနစ်တကျ စည်းနှောင်ခြင်း၊ အသုံးမပြုတော့သော ကြိုးဟောင်းများကို ဖြတ်တောက်သိမ်းဆည်းခြင်းများကို ဆက်သွယ်ရေးအော်ပရေတာများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် လျှပ်စစ်ဓာတ်အားပေးရေးကော်မဏီတို့ ပူးပေါင်းကာ အရှိန်အဟုန်ဖြင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သန်လျင်မြို့နယ်ဒေသခံများကို ဇူလိုင်လအတွက် ဒုတိယအကြိမ်မြောက်အဖြစ် စားသုံးဆီများလက်ဝယ်အရောက်ရောင်းချပေး

သန်လျင်မြို့နယ်ဒေသခံများကို Wilmar Myanmar Edible Oils Co.,Ltd နှင့် Resources Group Trading Co.,Ltd တို့မှ စားသုံးဆီရရှိသော လက်လီ/လက်ကားကိုယ်စားလှယ်များက ဇူလိုင်လအတွက် ဒုတိယအကြိမ်မြောက်အဖြစ် ယနေ့ ဇူလိုင် ၁၆ ရက်တွင် စားသုံးဆီများကိုလက်ဝယ်အရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ လက်ယက်စမ်းကျေးရွာ၊ ဘုရားကုန်းကျေးရွာ၊ ကျိုက်ဒေးဝ၊ ဝါးကျောင်းကျေးရွာအုပ်စု၊ ကျောင်းလမ်းအုပ်စု၊ မဂ္ဂင် (၁)လမ်းမှ(၁၀)လမ်းအထိ၊ ဆည်ဘောင်အုပ်စု၊ မာလကာစမ်းလမ်းတို့၌နေထိုင်သူများကို အိမ်ထောင်စုတစ်စုလျင် စားသုံးဆီ(၁)ပိဿာနှုန်းဖြင့် သက်သာသောစျေးနှုန်းနှင့်ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ကံဦးကျောင်းလမ်း၊ စျေးနောက်လမ်း(၁၊၂၊၃၊၄)၊ ဘုရားကြီးစျေးဝန်ထမ်းများ၊...

ရန်ကုန် – မှော်ဘီ ရထားလမ်းပိုင်း ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လမ်းပိုင်းအဆင့်မြှင့်တင်မှုလုပ်ငန်းများ လုပ်နေ

ရန်ကုန် - ပြည် ရထားလမ်းပိုင်းအတွင်း ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာနိုင်ရေးနှင့် ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုလုပ်ငန်းများအား ကွင်းဆင်းကြပ်မတ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၁၆ ရက်နေ့တွင် ရန်ကုန်မှ မှော်ဘီဘူတာအထိ RBE ရထားဖြင့် လိုက်ပါစီးနင်းကာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် တိုင်းဒေသကြီးဝန်ကြီးနှင့်အတူ မြန်မာ့မီးရထား အထွေထွေမန်နေဂျာ (အောက်မြန်မာပြည်)၊ တိုင်းအရာရှိများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တိုင်းအဆင့်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြပြီး ရထားလမ်းတစ်လျှောက် အန္တရာယ်ဖြစ်စေနိုင်သည့်...

တနင်္သာရီ သဘာဝကြိုးဝိုင်း သုတေသနအတွက် လူငယ်စွမ်းရည်မြှင့်တင်ရေး အစီအစဉ် စတင်လျှောက်ထားနိုင်ပြီ

တနင်္သာရီ သဘာဝကြိုးဝိုင်း ရေမြေရှုခင်းအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူငယ်များနှင့် ရပ်ရွာစေတနာ့ဝန်ထမ်းများ စွမ်းရည်မြှင့်တင်ရေး အစီအစဉ်တစ်ခုကို နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများ ပူးပေါင်း၍ လျှောက်လွှာများ စတင်ခေါ်ယူနေပြီ ဖြစ်ကြောင်း ယနေ့ တွင် အသိပေးထုတ်ပြန်ထားသည်။ အဆိုပါအစီအစဉ်ကို (IUNC- International Union For Conservation of Nature ) နှင့်Friends of Wildlife (FOW) တို့ ပူးပေါင်း၍ တနင်္သာရီ သဘာဝကြိုးဝိုင်းရေမြေရှုခင်းအတွင်း သဘာဝဝန်းကျင် ပြန်လည်ထူထောင်ရေးနှင့် ရေရှည်တည်တံ့သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071