တောင်ကြီးမြို့၌ မြို့ပြရှာဖွေကယ်ဆယ်ရေး (Light USAR Team) ဖွံ့စည်းနိုင်ရေး ကြိုတင်ပြင်ဆင်လေ့ကျင့်မှု သင်တန်းဆင်းပွဲကို စက်တင်ဘာ (၅)ရက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများသည် မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက် တာဝန်တစ်ခုဖြစ်သည့်အတွက် မမျှော်လင့်ပဲ သဘာဝဘေးအန္တရာယ် ဖြစ်ပွားပေါ်ပေါက်လာသည့်အခါ ဆုံးရှုံးမှု နည်းပါးသည်ထက် နည်းပါးစေရန် ကြိုတင်မျှော် မှန်းပြီး ရှာဖွေကယ်ဆယ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ဌာနအနေဖြင့် အခြေခံရှာဖွေရေးနည်းစနစ်သင်တန်း၊ အဆင့်မြင့်ရှာဖွေရေး နည်းစနစ်သင်တ န်းများကို စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကပြော သည်။
သင်တန်းသားများက အဆောက်အအုံတည်ငြိမ်မှု ရှိမရှိ စက်ကိရိယာဖြင့် လက်တွေ့သရုပ်ပြသခြင်း၊ ဒေါက်ထောက်ကြားခံနည်းစနစ်၊ ကြိုးသက်ကယ်နည်းစနစ်၊ ကြိုးကူးကာ်ဆယ်နည်းနည်းစနစ်၊ သုံးဆင့်လှေကားဖြင့် ကယ်ဆယ်နည်း နည်းစနစ်၊ တောင်ကြား အသက်ကယ်ဆယ်ခြင်း၊ နံရံထွင်းပေါက်ဖြတ်တောက်ကယ်ဆယ်ခြင်းနည်းစနစ်၊ မတင်ရွှေ့ ပြောင်းခြင်း ကြိုးဆင်းခြင်းနည်းစနစ်တို့ဖြင့် လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
