နေပြည်တော်မြို့အဝင်မုခ်ဦးကို မြို့တော်အဝင်အထင် ကရအမှတ်အသားဖြစ်စေရန်၊ မြို့တော်အတွင်းသို့ ဝင်ရောက်လာသူများကို မင်္ဂလာရှိစွာကြိုဆိုရန်၊ နိုင်ငံ၏ မြို့ပြဂုဏ်သိက္ခာနှင့် အဆင့်အတန်းကိုမြှင့်တင်နိုင်ရန်၊ မြန်မာ့ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းအားထိန်းသိမ်းဖော်ပြရန်ရည်ရွယ်တည်ဆောက်လျက်ရှိသည်။
ထိုသို့ တည်ဆောက်နေမှုလုပ်ငန်းခွင်အား နိုင်ငံတော်သ မ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၅ ရက်နံနက်ပိုင်းတွင်ကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
နိုင်ငံတော်သမ္မတက မြို့အဝင်မုခ်ဦးတည်ဆောက်ရာ တွင် မုခ်ဦးအား မြန်မာမှုလက်ရာများဖြင့် ခမ်းခမ်းနား နားစနစ်တကျတည်ဆောက်ရန်၊ မုခ်ဦးအဆောက်အဦအား ငလျင်ဒဏ်ခံနိုင်စေရေးနှင့် ခိုင်မာလှပသေသပ်စွာဆောင်ရွက်ရန် မှာကြားသည်။
ထို့ပြင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြောင့် ယာဉ်များသွားလာမှုမပျက်စေရေး ရှောင်ကွင်းလမ်းများစနစ်တ ကျဖောက်လုပ်ပေးရန်၊ လမ်းများအား ထောင့်ချိုးများအနည်းဆုံးဖြင့်တည်ဆောက်ရန်၊ အများပြည်သူများ အပန်းဖြေနေရာများနှင့် ကားရပ်နားရန်နေရာများကိုစနစ်တကျထည့်သွင်းတည်ဆောက်ရန်၊ လိုအပ်ပါက လူကူး Underpass များထည့်သွင်းလျာထားဖောက် လုပ်ရန်လည်း မှာကြားခဲ့သည်။
