Sunday, May 25, 2025

စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကိုဖော်ဆောင်သွားနိုင်ရန် NDAA (မိုင်းလား)အဖွဲ့နှင့်တွေ့ဆုံစဉ်...

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒု-ဥက္ကဋ္ဌ...

မွေထိုင်း ချန်ပီယံကို ပထမအချီတွင်ပင် အလဲထိုးဖြင့်...

ယနေ့ မေ (၂၅)ရက်တွင် ကျင်းပပြုလုပ်သည် ထိုင်း-မြန်မာ လက်ဝှေ့စိန်ခေါ်ပွဲစဉ်အတွင်း မွေထိုင်းချန်ပီယံ ဖာမီချိုင်းကို ရိုးရာဖိုက်တာ ရာမာန်က ပထမ အချီတွင်ပင် အလဲထိုးဖြင့်အနိုင်ရရှိခဲ့ပြီဖြစ်သည်။ ရာမာန်အနေဖြင့်...

လွှတ်တော်အဆောက်အဦများပြင်ဆင်နေမှုကို နစက ဥက္ကဋ္ဌကြည့်ရှုစစ်ဆေး

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးများအားပြန်လည်ပြင်ဆင်နေမှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၅ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိခိုက်ပျက်စီးခဲ့သည့်နေရာများဖြစ်သည့်...

မြန်မာ့အရေးအမြဲတမ်းအထူးကိုယ်စားလှယ်ခန့်ရန်အာဆီယံစဉ်းစားမည်

အကျပ်အတည်းကာလအတွင်း မြန်မာနိုင်ငံနှင့် ဆက်လက်ထိတွေ့ဆက်ဆံရန်အတွက် အမြဲတမ်း အထူးကိုယ်စားလှယ် ခန့်အပ်သွားရေးကို စဉ်းစားရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက သဘောတူလိုက်ကြောင်း သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ မနက်ဖြန်(မေလ ၂၆)...
HomeNewsLocal Newsမြိုင်မြို့နယ်ရှိ ကျောက်ဖူးမီးရထားဘူတာ မီးရှို့ဖျက်ဆီးခံရမှုကြောင့်...

မြိုင်မြို့နယ်ရှိ ကျောက်ဖူးမီးရထားဘူတာ မီးရှို့ဖျက်ဆီးခံရမှုကြောင့် ဘူတာရုံအဆောက်အဦးနှင့် ၀န်ထမ်းလိုင်းခန်း မီးလောင်ပျက်စီး

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ အမည်မသိအကြမ်းဖက်သမားများက ကျောက်ဖူးကျေးရွာအနီးရှိ ကျောက်ဖူးမီးရထားဘူတာအား မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ဘူတာရုံအဆောက်အဦး နှင့် ၀န်ထမ်းလိုင်းခန်း မီးလောင်ပျက်စီးသွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကျောက်ဖူးကျေးရွာအနီးရှိ ကျောက်ဖူးမီးရထားဘူတာသို့ ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အမည်မသိ အကြမ်းဖက် အဖွဲ့ အင်အား ၁၀ ဦးခန့်ရောက်ရှိလာပြီး မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုကြောင့် အလျား ၅၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၂၀ ပေ ရှိ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း ဘူတာရုံအဆောက်အဦ ၁ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၂၀ ပေရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ၂ ယူနစ် ဝန်ထမ်းနေအိမ် လိုင်းခန်းအဆောက်အဦ ၁ လုံးနှင့် ရေတင်စက် ၁ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထိုသို့ မီးရထားဘူတာရုံအား မီးရှို့ဖျက်ဆီးသွားခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကိုဖော်ဆောင်သွားနိုင်ရန် NDAA (မိုင်းလား)အဖွဲ့နှင့်တွေ့ဆုံစဉ် နစက ဥက္ကဋ္ဌပြောကြား

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒု-ဥက္ကဋ္ဌ ဦးစန်ပေ့ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့အား တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် နစကဥက္ကဋ္ဌက မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံတော်တစ်ခုဖြစ်ပြီး စစ်မှန်စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်ထောင်စုစ နစ်ကိုလျှောက်လှမ်းနေကြခြင်းဖြစ်၍ နိုင်ငံတွင်းမှီတင်းနေထိုင်သည့် တိုင်းရင်းသားညီရင်းအကို မောင်နှမများအားလုံးအနေဖြင့် စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကိုဖော်ဆောင်သွားနိုင်ရန်လိုအပ်သည်ဟု ပြောသည်။ ထို့ပြင် မိမိတို့အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားဖြစ်ပေါ်စေရေးအတွက် ကောင်းမွန်စေလိုသည့်စိတ်ဖြင့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ဦးစားပေးအနေဖြင့် အရေးကြီးသည့် ပညာရေးနှင့်...

မွေထိုင်း ချန်ပီယံကို ပထမအချီတွင်ပင် အလဲထိုးဖြင့် အနိုင်ရခဲ့သည့် ရာမာန်

ယနေ့ မေ (၂၅)ရက်တွင် ကျင်းပပြုလုပ်သည် ထိုင်း-မြန်မာ လက်ဝှေ့စိန်ခေါ်ပွဲစဉ်အတွင်း မွေထိုင်းချန်ပီယံ ဖာမီချိုင်းကို ရိုးရာဖိုက်တာ ရာမာန်က ပထမ အချီတွင်ပင် အလဲထိုးဖြင့်အနိုင်ရရှိခဲ့ပြီဖြစ်သည်။ ရာမာန်အနေဖြင့် ပြိုင်ဘက်ဖြစ်သူ မွေထိုင်းဖိုက်တာ ဖာမီချိုင်းကို ပထမအချီ၌ပင် Knock down နစ်ကြိမ်ကျအောင် ထိုးသ-တ်ကာ အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ နှစ်ဦးသည် ဒုခေါင်တွဲဆိုင်းနေရာတွင် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး ဖားမီချိုင်းမှာ မြန်မာပရိတ်သတ်များရင်းနှီးပြီးသားဖြစ်သည့် မွေထိုင်းလက်ဝှေ့ကျော် တစ်ဦးဖြစ်သည်။ ဖာမီချိုင်းသည် BKFC ထိုင်း ရွှေခါးပတ် နှစ်ခု ရရှိပိုင်ဆိုင်ထားသည့်အပြင် ယခုလ မတ် (၁၄) ရက်နေ့၌...

လွှတ်တော်အဆောက်အဦများပြင်ဆင်နေမှုကို နစက ဥက္ကဋ္ဌကြည့်ရှုစစ်ဆေး

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးများအားပြန်လည်ပြင်ဆင်နေမှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၅ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိခိုက်ပျက်စီးခဲ့သည့်နေရာများဖြစ်သည့် အမှတ်(၁)ဂိတ်အဝင်ကြိုးတံတားနှင့် မုခ်ဦး၊ ပြည်ထောင်စုလွှတ်တော်အဆောက်အဦ၊ ပြည်သူ့လွှတ်တော်အဆောက်အဦ၊ ဇဗ္ဗူသီရိခန်းမဆောင်နှင့် အမျိုးသားလွှတ်တော်အဆောက်အဦတို့ ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် ထိခိုက်ပျက်စီးမှုအား စနစ်တကျဖြင့်ဖြစ်နိုင်သမျှအမြန်ဆုံးပြန်လည်ပြုပြင်တည်ဆောက်ရန်၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားသည်။ ထို့ပြင် ရေရှည်ခိုင်ခံ့တည်တံ့စေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေးအတွက် နည်းပညာကျွမ်းကျင်သူများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ရန်၊ အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအား အသုံးပြုရန်တို့ကိုလည်း နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071