တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် PDF အဖွဲ့ဝင်(၆)ဦးအား မိ ဘအုပ်ထိန်းသူများထံသို့ ယနေ့ မေ ၅ ရက်ကပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။
ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ရှိ ခန်းမအတွင်း၌ အလင်းဝင်လာသူ(၆)ဦးက ၎င်းတို့ပါလာသည့် လက် နက်ခဲယမ်းများကို တာဝန်ရှိသူများထံအပ်နှံကာ တာဝန် ရှိသူများက လက်နက်ခဲယမ်းများအတွက် ဆုကြေးငွေ၊ ဂုဏ်ပြုဆုငွေနှင့် ထောက်ပံ့ပစ္စည်းများကိုပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အလင်းဝင်လာသူများအား ဝန်ခံကတိလက် မှတ်ရေးထိုးစေပြီးနောက် ၎င်းတို့၏ မိဘာအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။
