Tuesday, May 12, 2026

ကိုရီးယားရောက်မြန်မာကျောင်းသားများ ပညာရေးနိုင်ငံကူးလက်မှတ် (PE)သက်တမ်းတိုးရာတွင်တင်ပြရမည့် အထောက်အထားများ

​ကိုရီးယားသမ္မတနိုင်ငံတွင်ပညာသင်ကြားနေသည့် မြန် မာနိုင်ငံသားများ၏ ပညာရေးနိုင်ငံကူးလက်မှတ်(PE) သက်တမ်းတိုးလျှောက်ထားမှုများကို တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဆိုးလ်မြို့က အသိပေးထုတ်ပြန်လိုက်သည်။​ပညာရေးနိုင်ငံကူးလက်မှတ်(PE)အမျိုးအစားအား အ...

ကျိုက်ထိုမြို့နယ်အတွင်း ငှက်ဖျားရောဂါ အမြစ်ပြတ်တိုက်ဖျက်ရေး စီမံချက်စတင်ဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ငှက်ဖျားရောဂါကို အပြီးတိုင်တိုက်ဖျက်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Malaria Microstratific ation ဟုခေါ်သည့် စီမံချက်အသစ်တစ်ရပ်ကို စတင်ကျင့်သုံးဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံချက်အသစ်အရ...

KIP ဆိပ်ကမ်းသို့ စားအုန်းဆီတန်ချိန် (၅၃၀၀)ဝင်ရောက်

စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများကို သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီ တင်သွင်းဖြန့်ဖြူးနိုင်ရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ သုံးစွဲနိုင်ရေးနှင့် ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေးတို့အတွက်...

လာမည့် အမျိုးသမီးလိဂ်ပြိုင်ပွဲအတွက် ဧရာဝတီယူနိုက်တက်အသင်း ဘင်္ဂလားဒေ့ရှ်တိုက်စစ်မှူး...

မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲဝင်ယှဉ်ပြိုင်မည့် ဧရာဝတီယူနိုက်တက် အမျိုးသမီးအသင်းသည် အသင်း၏ တိုက်စစ်ပိုင်း အားဖြည့်ရန်အတွက် ဘင်္ဂလားဒေ့ရှ် အမျိုးသမီးလက်ရွေးစင်အသင်း၏ တိုက်စစ်မှူး ရီတူးပေါ်နာ ချက်ကမာ (Ritu...
HomeMoviesမြဝတီ-မဲဆောက် အမှတ်(၂)တံတား ပိတ်ထားသည့်ကာလအတွင်းက...

မြဝတီ-မဲဆောက် အမှတ်(၂)တံတား ပိတ်ထားသည့်ကာလအတွင်းက ကျန်ရှိကုန်စည်များ ပြန်လည်တင်သွင်းနိုင်ရေး စာရင်းကောက်ယူနေ

မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတားမပိတ်ခင် သွင်းကုန်လိုင်စင်ကျပြီး မတင်သွင်းရသေးသည့်ကုန်စည်များ ပြန်လည်တင်သွင်းနိုင်ရေးအတွက် စာရင်းကောက်ယူနေကြောင်း မြဝတီနယ်စပ်ကုန်သည်များ၏ပြောပြချက်အရ သိရသည်။

အဆိုပါ စာရင်းကောက်ယူမှုတွင် တံတားမပိတ်မီကတည်းက သွင်းကုန်လိုင်စင်လျှောက်ထားဆဲဖြစ်ပြီး ထိုင်းနိုင်ငံ Free Zone အတွင်းရှိ ကုန်ပစ္စည်းများ၊ သွင်းကုန်လိုင်စင်ရရှိပြီး တင်သွင်းရန်ကျန်ရှိသော ကုန်ပစ္စည်းများ၊ သွင်းကုန်လိုင်စင်ဖြင့် တင်သွင်းထားပြီး အကောက်ခွန်ဂျူတီ မဆောင်ရသေးသည့် ကုန်ပစ္စည်းများနှင့် အကောက်ခွန်ဂျူတီ ဆောင်ပြီးသား ကုန်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

” တံတားမပိတ်ခင်တုန်းက သွင်းကုန်လိုင်စင်ကျပြီးသားသူတွေက သက်တမ်းကုန်သွားတာပေါ့။ အဲဒီဟာတွေ ပြန်လျှောက်ကြတယ်။ နောက်တစ်ခုက လိုင်စင်လျှောက်ထားဆဲပေါ့၊ တံတားမပိတ်ခင်တုန်းက လျှောက်ထားတယ်၊ ဒါပေမယ့်မကျသေးဘူး၊ အဲဒီလိုဟာတွေလည်း လျှောက်ကြတယ်။ ဒါပေမယ့်ဘယ်လိုပုံစံမျိုးနဲ့ ပြန်ချပေးမလဲဆိုတာကိုတော့ မပြောထားဘူး။ တံတားပြန်ဖွင့်မယ့်ရက်ကိုလည်း ဘယ်ဘက်ကမှ အတိအလင်း တရားဝင်ကြေညာထားတာတော့မရှိသေးဘူး”ဟု မြဝတီနယ်စပ်ကုန်သည်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ထိုသို့တင်ပြခြင်းကို ပြီးခဲ့သည့်ဧပြီလက ကြေညာခဲ့ခြင်းဖြစ်ပြီး ကုန်သည်အများစုက လျှောက်ထားပြီးဖြစ်ကြောင်း သိရသည်။

မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတားကို သင်္ကြန်ကာလအပြီးပြန်ဖွင့်မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း တံတားနှင့်ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ထားချက်မရှိကြောင်း ကုန်သည်များက ဆိုသည်။

အဆိုပါတံတားပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါက ရပ်ဆိုင်းနေသည့် တရားဝင်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်မည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှု မြန်ဆန်လာနိုင်သကဲ့သို့ ဒေသတွင်း စီးပွားရေးလည်း ပြန်လည်ကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကိုရီးယားရောက်မြန်မာကျောင်းသားများ ပညာရေးနိုင်ငံကူးလက်မှတ် (PE)သက်တမ်းတိုးရာတွင်တင်ပြရမည့် အထောက်အထားများ

​ကိုရီးယားသမ္မတနိုင်ငံတွင်ပညာသင်ကြားနေသည့် မြန် မာနိုင်ငံသားများ၏ ပညာရေးနိုင်ငံကူးလက်မှတ်(PE) သက်တမ်းတိုးလျှောက်ထားမှုများကို တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဆိုးလ်မြို့က အသိပေးထုတ်ပြန်လိုက်သည်။​ပညာရေးနိုင်ငံကူးလက်မှတ်(PE)အမျိုးအစားအား အ မှန်တကယ် ပညာသင်ကြားနေသူများကိုထုတ်ပေးနိုင်ရန် လျှောက်ထားသူများအနေဖြင့် ကျောင်းဝင်ခွင့်ပြုသည့်စာ၊ နောက်ဆုံးဖြေဆိုခဲ့သည့် ဘာသာရပ်များအတွက်အမှတ်စာရင်း၊ ကျောင်းလခပေးသွင်းထားသည့် အထောက်အထား၊ ကျောင်းတက်ရောက်နေကြောင်း ထောက်ခံစာတို့ကို မူရင်း၊ မိတ္တူတို့တင်ပြရမည်ဖြစ် သည်။​မြန်မာသံရုံးအနေဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျစိစစ်ဆောင်ရွက်ပေးနေပြီး အမှန်တကယ်ပညာသင်ကြားနေသည့် ကျောင်းသားများ၏ အခွင့်အရေးများဆုံးရှုံးမှုမရှိစေရန် အသိပေးခဲ့ခြင်းဖြစ် သည်။ ထို့ကြောင့် ​ကိုရီးယားနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာကျောင်းသားများအနေဖြင့် သက်တမ်းတိုးရန်ပြင်ဆင်ရာ၌ သံရုံးမှတောင်းဆိုထားသည့်...

ကျိုက်ထိုမြို့နယ်အတွင်း ငှက်ဖျားရောဂါ အမြစ်ပြတ်တိုက်ဖျက်ရေး စီမံချက်စတင်ဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ငှက်ဖျားရောဂါကို အပြီးတိုင်တိုက်ဖျက်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Malaria Microstratific ation ဟုခေါ်သည့် စီမံချက်အသစ်တစ်ရပ်ကို စတင်ကျင့်သုံးဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံချက်အသစ်အရ မြို့နယ်တစ်ခုလုံးကို တစ်ပြေးညီဆောင်ရွက်မည့်အစား ကျေးရွာတစ်ရွာချင်းစီနှင့် တောစပ်တစ်ခုချင်းစီအထိ ရောဂါဖြစ်ပွားမှုနှုန်းကို အ သေးစိတ် ခွဲခြမ်းစိတ်ဖြာကာ ရရှိလာသည့် အချက်အလက်များအပေါ် မူတည်၍ ရောဂါအန္တရာယ်ရှိမှု အခြေအနေကို အရောင်များဖြင့် အဆင့်သတ်မှတ်ကာ ငှက်ဖျားပိုး အားအကောင်းဆုံးရှိနေသည့် အနီရောင်အဆင့်ဒေသများကို ဦးစားပေး တိုက်ဖျက်သွားမည် ဖြစ်ကြောင်းသိရသည်။ ထို့သို့ အသေးစိတ်အဆင့်သတ်မှတ်လိုက်ခြင်းကြောင့် ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေခြင်းနှင့် ဆေးဖျန်းခြင်းလုပ်ငန်းများကို အမှန်တကယ်...

KIP ဆိပ်ကမ်းသို့ စားအုန်းဆီတန်ချိန် (၅၃၀၀)ဝင်ရောက်

စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများကို သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီ တင်သွင်းဖြန့်ဖြူးနိုင်ရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ သုံးစွဲနိုင်ရေးနှင့် ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာကုမ္ပဏီများမှ စားအုန်းဆီများကို ပြည်ပမှတင်သွင်းလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါဆိပ်ကမ်း၊ ဗားဂရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်းနှင့် KIP ဆိပ်ကမ်းများသို့ ဆီသင်္ဘောများ ဝင်ရောက်ဆိုက်ကပ်လျက်ရှိကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် ဧပြီ (၂၇) ရက်တွင် ကြည့်မြင်တိုင်မြို့နယ်ရှိ KI P...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071