ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ နေအိမ်တစ်လုံးတွင် ယ နေ့ ဇွန် ၁၉ ရက်နေ့လည် ၃ နာရီ ၅၀ မိနစ်ကျော်ခန့်က မီးလောင်မှုဖြစ်ပွားရာမှ လူသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။
မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းရှိ နေ အိမ်တစ်လုံးတွင်မီးလောင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ငြှိမ်းသတ်ခဲ့ကြသဖြင့် ညနေ ၄ နာရီ ၁၈ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် နေအိမ်အတွင်း၌ အသက်(၉)လနှင့် အသက်(၁၅)နှစ်အရွယ် ကလေး(၂)ဦးသေဆုံးခဲ့ကာ အ မျိုးသားကြီး(၁)ဦးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် မြဝတီမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
