တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ယနေ့ ဇွန် ၁၉ ရက်နံနက် ၁၀ နာရီကကျင်းပရာ လွှန်တော်ကိုယ် စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း(၇)ခုကို မေး မြန်းဆေးနွေးခဲ့ကြကြောင်း သိရသည်။
လွှန်တော်ကိုယ်စားလှယ်များမေးမြန်းဆွေးနွေးသည့် ကြယ်ပွင့်ပြမေးခွန်း(၇)ခုအား သက်ဆိုင်ရာ တိုင်းဒေ သကြီးအဆင့် အဖွဲ့အစည်းဝင်များကပြန်လည်ဖြေ ကြားခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးအဖွဲ့၏ အတွင်းရေးမှူးနေရာ၊ ဥပဒေလေ့လာသုံးသပ်ရေးအဖွဲ့၊ အဖွဲ့ဝင်နှစ်နေရာတို့ကို အစားထိုးတာဝန်ပေး အပ်ခြင်းကိုလည်း လွှတ်တော်ကအတည်ပြုပေးခဲ့ကြောင်း သိရသည်။
ယနေ့ကျင်းပသည့် တနင်္သာရီတိုင်းလွှတ်တော်အစည်း အဝေးအား တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ် စားလှယ်(၂၈)ဦးလုံးတက်ရောက်ခဲ့ရာ (၁၀၀)ရာခိုင် နှုန်းအပြည့်ရှိခဲ့ကြောင်း သိရသည်။
