ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြဝတီခရိုင်ပြည်သူ့ဆေး ရုံကြီးတွင် တာဝန်ထမ်းဆောင်မည့် သစ်လွင်သူနာပြု (၅၃)ဦးအား ယနေ့ ဇွန် ၂၁ ရက်နံနက်ပိုင်းတွင် တာဝန်ရှိသူများကကြိုဆိုခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများက သစ်လွင်သူနာပြုများအားထားရှိမည့် အဆောင်များကိုကြည်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
