Friday, June 12, 2026

မန္တလေးသား ရိုးရာဖိုက်တာကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN...

လာမည့် ဇွန်(၁၂)ရက်ညပိုင်း၌ ONE Friday Fights-158 ပွဲစဉ်အတွင်း မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော် ကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN တို့၏ ယှဉ် ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း...

ယူရီးယားနှင့် DAP မြေဩဇာ ရန်ကုန်အထိုင်လက္ကား...

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က တောင်သူများ အဓိကအသုံးပြုလျက်ရှိသော မြေဩဇာများ၏...

၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲတွင်...

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပနေသည့် ၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲ (China-South Asia Expo) တွင် မြန်မာ့ကျောက်စိမ်း...

သီပေါမြိုနယ်အတွင်း ၂၄ နာရီ ဖုန်းလိုင်းများ...

ဆက်သွယ်ရေးဝန်ဆောင်မှု လည်ပတ်နိုင်ရန်အတွက် တစ်ရက်လျှင် ကျပ်သိန်း ၁၁၀ ကျော်သုံးစွဲနေရ သီပေါမြို့နယ်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုများ လုံလောက်စွာမရရှိသေးသည့် အခြေအနေများရှိနေပြီး ဆက်သွယ်ရေးဝန်ဆောင်မှု လည်ပတ်နိုင်ရန်အတွက် တစ်ရက်ကို ကျပ်သိန်း...
HomeNewsLocal Newsမြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်ထားသော်လည်း...

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်ထားသော်လည်း ကုန်သွယ်မှုလုပ်ငန်းများ လည်ပတ်နေဆဲဟုဆို

၂၀၂၀ မတ်လမှ စတင်ကာ ကိုဗစ်ကြောင့် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်ထားသော်လည်း ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ်နေကြောင်း ကလေး-တမူးနယ်စပ်ကုန်သွယ်ရေးကုန်သည်များ အသင်းမှ သိရသည်။

“အိန္ဒိယဘက်ကတော့ ခုချိန်ထိ ပိတ်ထားတုန်း။ လက်ရှိကုန်သွယ်မှုကတော့ ရှိပါတယ်။ ကွမ်းသီး အစရှိတဲ့ကုန်တွေကိုတော့ ပို့နေကြတာပဲ”ဟု ကလေး-တမူးနယ်စပ်ကုန်သွယ်ရေးကုန်သည်များ အသင်းမှ ဥက္ကဋ္ဌ ဦးလှမောင်က ပြောသည်။

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၇၀.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(၃.၀၀၀)၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ ကျပ်သန်း(၇၃.၀၀၀)ဖြစ်ကြောင်း သိရသည်။

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့ ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ ၁၀ လကျော်ကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း( ၈ ဒသမ ၇၀ )၊ သွင်းကုန် ပမာဏအမေရိကန်ဒေါ်လာသန်း(၅ ဒသမ ၅၉)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၁၄ ဒသမ ၃၀) ကုန်သွယ်မှုဝင်ငွေရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် စာရင်းများအရ သိရသည်။

အများဆုံးပို့ကုန်များအနေဖြင့် ကွမ်းသီး၊ မက်မန်းသီး၊ မြေပဲဆံ၊ ကြက်သွန်နီ၊ နန့်ဖာလုံကုန်စုံနှင့် စီးကရက်(အမျိုးမျိုး)တို့ဖြစ်ပြီး သွင်းကုန်များအနေဖြင့် ဓါတ်မြေဩဇာနှင့် ဆံပင်တို့ ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးသား ရိုးရာဖိုက်တာကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN တို့ ယှဉ်ပြိုင်ထိုးသ-တ်မည်

လာမည့် ဇွန်(၁၂)ရက်ညပိုင်း၌ ONE Friday Fights-158 ပွဲစဉ်အတွင်း မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော် ကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN တို့၏ ယှဉ် ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း ONE က တရားဝင်အသိပေးထားသည်။ အဆိုပါပွဲစဉ်တွင် အားကောင်းသည့် လက်သီးချက်များ ပိုင်ဆိုင်ထားသည့် ကျော်စွာဝင်း၏အောက်၌ ထိုင်းဖိုက်တာ SLATAN အလဲထိုးခံရမလားဆိုသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်နေသည်။ ONE Championship ပြိုင်ပွဲ၏ ရလဒ်မှတ်တမ်း (Record) များအရ ကျော်စွာဝင်းသည် (၂) ပွဲထိုး၊ (၁) ပွဲနိုင်၊ (၁) ပွဲရှုံး ရလဒ် ထွက်ပေါ်ထားပြီး၊...

ယူရီးယားနှင့် DAP မြေဩဇာ ရန်ကုန်အထိုင်လက္ကား ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က တောင်သူများ အဓိကအသုံးပြုလျက်ရှိသော မြေဩဇာများ၏ ရန်ကုန်အထိုင်လက္ကား ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ထုတ်ပြန်ချက်အရ ယူရီးယားမြေဩဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်ကို ကျပ် ၁၄၀,၀၀၀ ဖြင့် ၂၀၂၆ ခုနှစ် ဇွန် ၈ ရက်မှ ဇွန် ၃၀ ရက်အထိ ရောင်းချရန် သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။ ထို့ပြင် DI Ammonium Phosphate (DAP)...

၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲတွင် မြန်မာ့ကျောက်စိမ်း လေလံပွဲ ပထမဆုံးအကြိမ် နိုင်ငံပြင်ပ၌ ကျင်းပ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပနေသည့် ၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲ (China-South Asia Expo) တွင် မြန်မာ့ကျောက်စိမ်း (Myanmar Jade) ကို အထူးပြခန်းတစ်ခုအဖြစ် ထည့်သွင်းပြသထားပြီး မြန်မာ့ကျောက်စိမ်း လေလံပွဲကို နိုင်ငံပြင်ပ၌ ပထမဆုံးအကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း ပြပွဲစီစဉ်သူများထံမှ သိရသည်။ Hall-7 ၌ ဖွင့်လှစ်ထားသည့် Myanmar Jade Auction Pavilion တွင် လုပ်ငန်း ၁၈ ခုမှ တင်ပြထားသည့် ကျောက်စိမ်းအကြမ်းထည်နှင့် အချောထည် လက်ဝတ်ရတနာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071