Monday, April 20, 2026

ပွင့်ဖြူနှင့် စလင်းမြို့နယ်တို့မှ လေဘေးသင့်သူများကို အိမ်‌ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့်...

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့၌ ယမန်နေ့ ဧပြီ ၁၉ ရက်ညနေ ၅ နာရီခန့်က မိုးသက်လေပြင်းတို-က်ခတ်၍ နေအိမ်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် မကွေးတိုင်းဝန်ကြီးချုပ်ဦးတင်ကိုကိုမှ ယနေ့...

အထူးဒေသ(၁)ရှိ ပြည်ထောင်စုလမ်းမကြီး၏ ကွတ်ခိုင်-နမ့်ဖတ်ကာသွားလမ်းပိုင်းတွင် မြေပြိုကျနေမှုများကိုပြန်လည်ပြုပြင်

အထူးဒေသ(၁)၊ ကွတ်ခိုင်ခရိုင်ရှိ ပြည်ထောင်စုလမ်းမကြီး၏ ကွတ်ခိုင်-နမ့်ဖတ်ကာသွားလမ်းပိုင်း နေရာ(၃) ခုတွင် မြေပြိုမှုများဖြစ်ပွားခြင်း၊ အချို့မြေပြိုသည့်နေရာများ၌ လမ်းမျက်နှာပြင်အက်ကွဲမှုများဖြစ်ပေါ်ခြင်းများရှိနေ၍ အထူးဒေသအုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်ကာ ဧပြီ ၁၇...

အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု မင်းကင်းမြို့ကိုဗဟိုပြုလှုပ်ခတ်

အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက မင်းကင်းမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၁၁ နာရီ ၇ မိနစ်...

အီရန်ကုန်သင်္ဘောကိုယူအက်စ်ကသိမ်း၍ လက်တုန့်ပြန်မည်–တေရန်

အီရန်နိုင်ငံ ဆိပ်ကမ်းများသို့ သွားရောက်မှုကို ပိတ်ဆို့ထားသည်ကို ဖြတ်ကျော်ရန် ကြိုးပမ်းသည့် အီရန်အလံလွှင့်ထူထားသော သင်္ဘောတစ်စင်းကို အမေရိကန်တပ်များက ဖမ်းဆီးထားကြောင်း သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံမှ...
HomeMoviesမြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံ ပူးပေါင်း၍...

မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံ ပူးပေါင်း၍ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေး ဆောင်ရွက်သွားမည့် အစီအမံများ ဆွေးနွေးနိုင်ခဲ့

ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံကို လျှပ်စစ် နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သွားရောက်ခဲ့သည့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ခရီးစဉ်အတွင်း မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံ ပူးပေါင်း၍ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေး ဆောင်ရွက်သွားမည့် အစီအမံများ ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်သည် ဧပြီ ၁၉ ရက်၊ နေ့လယ်ပိုင်းက မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့သည်။

ခရီးစဉ်အတွင်း မြန်မာနိုင်ငံ အတွက် ရေနံ နှင့် ရေနံထွက်ပစ္စည်းများ ရေရှည်ဖြည့်ဆည်းပေးနိုင်ရန် သဘောတူညီမှုလက်မှတ်ရေးထိုးမှုများကို ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း သိရသည်။

ပြန်လည်ရောက်ရှိလာသည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တာဝန်ရှိသူများ က ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပွင့်ဖြူနှင့် စလင်းမြို့နယ်တို့မှ လေဘေးသင့်သူများကို အိမ်‌ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး ထောက်ပံ့   သဘာဝဘေးဖြစ်ပွားလာပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်၍ အမြဲတစေလေ့ကျင့်ကြရန် မကွေးတိုင်းဝန်ကြီးချုပ်မှာကြား

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့၌ ယမန်နေ့ ဧပြီ ၁၉ ရက်ညနေ ၅ နာရီခန့်က မိုးသက်လေပြင်းတို-က်ခတ်၍ နေအိမ်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် မကွေးတိုင်းဝန်ကြီးချုပ်ဦးတင်ကိုကိုမှ ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက လေဘေးသင့်သူများကို အိမ်‌ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ စလင်းမြို့နယ်အတွင်း မိုးသက်လေပြင်းတို-က်ခတ်မှုကြောင့်  ရပ်ကွက်(၁)ခုနှင့် ကျေးရွာ(၆)ရွာရှိ နေအိမ် (၄၈)လုံးမှာလုံးဝပျ-က်စီး၊ နေအိမ်(၂၃၈)လုံးမှာ တစ်စိတ်တစ်ပိုင်းပျ-က်စီးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ်(၁၆,၇၀၀,၀၀၀)သိန်း၊ လေဘေးသင့်သူ(၇၈၇)ဦးအတွက် နှစ်ပတ်စာစားနပ်ရိက္ခာဆန်ဖိုးငွေကျပ် (၃,၉၃၅,၀၀၀) သိန်း၊ ထိခိုက်ဒ-ဏ်ရာရသူ(၁)ဦးအတွက် ငွေကျပ်(၅၀,၀၀၀)တို့ကိုထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် အိမ်ထောင်စု(၄၈)စုစာအတွက်...

အထူးဒေသ(၁)ရှိ ပြည်ထောင်စုလမ်းမကြီး၏ ကွတ်ခိုင်-နမ့်ဖတ်ကာသွားလမ်းပိုင်းတွင် မြေပြိုကျနေမှုများကိုပြန်လည်ပြုပြင်

အထူးဒေသ(၁)၊ ကွတ်ခိုင်ခရိုင်ရှိ ပြည်ထောင်စုလမ်းမကြီး၏ ကွတ်ခိုင်-နမ့်ဖတ်ကာသွားလမ်းပိုင်း နေရာ(၃) ခုတွင် မြေပြိုမှုများဖြစ်ပွားခြင်း၊ အချို့မြေပြိုသည့်နေရာများ၌ လမ်းမျက်နှာပြင်အက်ကွဲမှုများဖြစ်ပေါ်ခြင်းများရှိနေ၍ အထူးဒေသအုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်ကာ ဧပြီ ၁၇ ရက်မှစပြီးပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။ လုပ်ငန်းသုံးစက်ယန္တရားများ၊ အလုပ်သမားများနှင့်ပြန်လည်ပြုပြင်မှုများကို လမ်းပန်းဆက်သွယ်ရေးအမြန်ဆုံးပြန်လည်ကောင်းမွန်စေရန်နှင့် သွားလာရေး ဘေးကင်းစေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် လမ်းအသုံးပြုသူများအနေဖြင့် ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေသည့် လမ်းပိုင်းများသို့ရောက်ရှိချိန်၌ အရှိန်လျှော့မောင်းနှင်ရန်၊ ဂရုစိုက်ရန်နှင့် လုပ်ငန်းခွင်ရှိ လမ်းစည်းကမ်းထိန်းသိမ်းရေးညွှန်ကြားချက်များကိုလိုက်နာကာ ဘေးကင်းလုံခြုံသောသွားလာမှုဖြစ်စေရန်၊ ယာဉ်မတော်တဆဖြစ်မှုများလျှော့ချနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လည်း အထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီက နှိုးဆော်ထားကြောင်း သိရသည်။

အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု မင်းကင်းမြို့ကိုဗဟိုပြုလှုပ်ခတ်

အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက မင်းကင်းမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၁၁ နာရီ ၇ မိနစ် ၃၆ စက္ကန့်က မင်းကင်းမြို့၏ တောင်-အရှေ့တောင်ဘက်(၁၅)မိုင်ခန့်အကွာ၊ အနက် (၄၉)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစ ကေး(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071