မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၂၆ ရက်နံနက်ပိုင်းက ရုရှားနိုင်ငံ၊ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov နှင့်တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ကြား အာကာသနည်းပညာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အာကာသနည်းပညာဆိုင်ရာလူသားအရင်းအ မြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံကြား ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် ပြင်ပအာကာသစူးစမ်းလေ့ လာရေးနှင့် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင် ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် ပြည်သူလူထု၏ အကျိုးစီးပွားကိုဖော်ဆောင်ပေးနိုင်မည့် ဂြိုဟ်တုလွှတ်တင်ရေး၊ အာ ကာသနည်းပညာနှင့် သက်ဆိုင်သည့်ပညာတော်သင် သင်တန်းသားများ စေလွှတ်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးမှုမပြုလုပ်မှီ မြန်မာနိုင်ငံတော် ယာယီသမ္မတသည် Roscosmos ရုံးချုပ်၌ Roscosmos မှ အာကာသအတွင်းသို့လွှတ်တင်ထားသည့် ဂြိုဟ်တုပုံစံတူပြုလုပ်ပြသထားရှိမှု၊ ဂြိုဟ်တုပတ်လမ်းအတွင်း လွှတ်တင်ထားသည့် ဂြိုဟ်တုများနှင့်တိုက်ရိုက်ချိတ်ဆက်ထားရှိမှုထိန်းချုပ်ခန်းတို့ကိုကြည့်ရှုလေ့လာပြီး သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
