Tuesday, August 18, 2026

​ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို သဘောကျကြောင်း...

​ပြီးခဲ့တဲ့အပတ်က သူထုတ်ပြောခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့် အကြံအစည်ကို သူပိုပြီး သဘောကျလာပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ ​ဟော်မုဇ်ရေလက်ကြားကို မကြာခင်မှာ "အမေရိကန်ပိုင်နက်"...

စစ်ကိုင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုဖြစ်စဥ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊ လက်နှိပ်တွင်းများအား ကလိုရင်းခတ်ပေးခဲ့ကြကြောင်း သိရသည်။ စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျန်းမာရေးဝန်ထမ်းများက သြဂုတ် ၁၇ ရက်တွင်...

ပျ-က်စီးခဲ့သောမိုးသီးနှံစိုက်ဧကများပြန်လည်ဖြစ်ထွန်းအောင်မြင်ရန် တိုင်းအစိုးရအဖွဲ့က ပူးပေါင်းဆောင်ရွက်ပေးမည်ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ပြော

စစ်ကိုင်းတိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ မိုးသီးနှံစိုက်ဧကအ များအပြားပျ-က်စီးခဲ့သဖြင့် ယင်း ထိခိုက်မှုများအပေါ် လိုအပ်ချက်များပြန်လည်ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဝန်ကြီးချုပ် ဦးကိုလေး ဦးဆောင်ကာ သြဂုတ် ၁၇...

ထိုင်းနိုင်ငံတွင် လုပ်ငန်းခွင်မတော်တဆမှုကြောင့်သေ ဆုံးခဲ့သည့် မြန်မာနိုင်ငံသားအတွက်...

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ ဆောက် လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ် ကိုင်နေသည့် မြန်မာနိုင်ငံသား ဦးနေဇာကျော်သည် ဇူလိုင် ၁၅ ရက်က လုပ် ငန်းခွင်၌မတော်တဆမှုဖြစ်ပွားကာသေ...
HomeMoviesမြန်မာ-ရုရှားကြည်းတပ်နှစ်ရပ်ကြား တပ်ဖွဲ့များစု ပေါင်းလေ့ကျင့်ခန်းပြုလုပ်

မြန်မာ-ရုရှားကြည်းတပ်နှစ်ရပ်ကြား တပ်ဖွဲ့များစု ပေါင်းလေ့ကျင့်ခန်းပြုလုပ်

စစ်မြေပြင်ဆိုင်ရာအတွေ့အကြုံများဖလှယ်ရေးအ တွက် မြန်မာ-ရုရှားကြည်းတပ်နှစ်ရပ်ကြား တပ်ဖွဲ့များစု ပေါင်းလေ့ကျင့်ခန်းကို နေပြည်တော်၊ ဥတ္တရသီရိတပ် နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၊ လေ့ကျင့်ရေးနယ် မြေ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးတက်ရောက်၍ မြန်မာ-ရုရှားပူးပေါင်းအဖွဲ့များ၏ Drone အဖွဲ့က ရန်သူ့နယ်မြေအတွင်းကင်းထောက် Drone ဖြင့်ကင်းထောက်ခြင်း၊ စီးနင်းတိုက်ခိုက်ရေးအ ဖွဲ့များက ရဟတ်ယာဉ်ဖြင့် ယာဉ်ဆင်းရပ်သို့ဆင်းသက်ခြင်း၊ Sniper အဖွဲ့က ရန်သူ့အဖွဲ့ငယ်နေရာများအား စနိုက်ပါဖြင့်ပစ်ခတ်ခြင်း၊ FPV၊ Heavy Drone တို့ဖြင့် ကြို တင်ချေမှုန်းခြင်း၊ တိုက်စစ်စီမံချက်ပါအတိုင်းလေ့ ကျင့်ခြင်း၊ ရည်မှန်းချက်အသီးသီးသို့ တိုက်ပွဲလုပ်ငန်း အဆင့်အလိုက် ထိုးဖောက်ဝင်ရောက်၍ ရန်သူကိုချေ မှုန်းတိုက်ခိုက်ပြီး ရည်မှန်းချက်အသီးသီးကိုသိမ်းပိုက်ခြင်းများလေ့ကျင့်မှုများကိုကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့နောက် လေ့ကျင့်ခန်းအောင်မြင်စွာဆောင်ရွက်ခဲ့ခြင်းအထိမ်းအမှတ်အဖြစ် Quadcopter Drone (၂)စီးဖြင့် မြန်မာ-ရုရှားနှစ်နိုင်ငံအလံများအားချိတ်ဆွဲ၍ သယ် ဆောင်ပျံသန်းချီတက်ခဲ့ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ရုရှားတပ်မ တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး NOSULEV Mikhail Yakovlevich တို့က ဂုဏ်ပြုအမှာစကားများပြောကြားခဲ့ကြကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦးက လေ့ကျင့်ခန်းတွင် မြန်မာ့တပ် မတော်ကာကွယ်ရေးပစ္စည်းစက်ရုံများမှထုတ်လုပ် သည့် စစ်လက်နက်ပစ္စည်းများနှင့် ရုရှားတပ်မတော်က လက်ရှိအသုံးပြုလျက်ရှိသော နည်းပညာမြင့်မားသည့် စစ်လက်နက်ပစ္စည်းများကိုပေါင်းစပ်အသုံးပြုတိုက် ခိုက်ခြင်းမှာများစွာအကျိုးရှိစေသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာ-ရုရှားနှစ်နိုင်ငံစစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ နှစ်စဉ်တိုးတက်လျက်ရှိပြီး နှစ်ဖက်တပ်မတော်အကြီးအကဲများနှင့် အဆင့်မြင့်အရာရှိကြီးများ၏ အပြန်အလှန်ခရီးစဉ်များလည်ပတ်လျက်ရှိသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားတပ်မတော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တို့က အ ထိမ်းအမှတ်တံဆိပ်နှင့် လက်ဆောင်ပစ္စည်းများကို အ ပြန်အလှန်ပေးအပ်ခဲ့ကြပြီး တပ်မတော်ကာကွယ်ရေးဦး စီးချုပ်က လေ့ကျင့်ခန်းတွင်ပါဝင်ခဲ့ကြသည့် တပ်ဖွဲ့များအတွက် သစ်သီးခြင်းများလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာ-ရုရှားကြည်းတပ်နှစ်ရပ်ကြား တပ်ဖွဲ့များစု ပေါင်းလေ့ကျင့်ခြင်းကို ဇူလိုင် ၆ ရက်မှစတင်ခဲ့ခြင်းဖြစ်ကာ အင်ဂျင်နီယာ၊ ဒရုန်း၊ စနိုက်ပါ၊ ဆေး၊ ဆက်သွယ်ရေး၊ တောတွင်းစစ်ဆင်ရေး၊ တောင်ပေါ်စစ်ဆင် ရေးဘာသာရပ်များနှင့် စစ်မြေပြင်အတွေ့အကြုံများကို ရုရှားနည်းပြများနှင့် မြန်မာနည်းပြများက စာတွေ့/လက်တွေ့လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ရုရှားတပ်မတော်မှ နည်းပြများနှင့်လေ့ကျင့်ခန်းတွင်ပါဝင်ခဲ့ကြသောတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့ခေတ္တရောက်ရှိနေစဉ် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ် ပွားတော်မြတ်ကြီးအားဖူးမျှော်ကြည်ညိုခြင်း၊ တပ်မ တော်စစ်သမိုင်းပြတိုက်နှင့် အခြားအထင်ကရနေရာများကိုလေ့လာခြင်း၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရေးအားကစားပြိုင်ပွဲများယှဥ်ပြိုင်ခြင်းတို့ကိုလည်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

​ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို သဘောကျကြောင်း ထရမ့်ပြော

​ပြီးခဲ့တဲ့အပတ်က သူထုတ်ပြောခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့် အကြံအစည်ကို သူပိုပြီး သဘောကျလာပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ ​ဟော်မုဇ်ရေလက်ကြားကို မကြာခင်မှာ "အမေရိကန်ပိုင်နက်" အဖြစ် ကြေညာမယ်ဆိုတဲ့ သူ့ရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး ရှင်းပြပေးဖို့ သတင်းထောက်တွေက တောင်းဆိုတဲ့အခါမှာတော့ "ဒါက တကယ့်ကို ကောင်းတဲ့အကြံပဲလို့ ကျွန်တော်ထင်တယ်" လို့ သူက ပြန်ဖြေခဲ့ပါတယ်။ "ကျွန်တော်တို့က ပိတ်ဆို့မှုတွေနဲ့ အဲဒီနေရာကို ထိန်းချုပ်ထားတာလေ။ အဲဒါကို ကိုယ့်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို ကျွန်တော်သဘောကျတယ်။ ရေလက်ကြားတစ်ခုလုံးက ကျွန်တော်တို့ရဲ့ အပြည့်အဝ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ"...

စစ်ကိုင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊ လက်နှိပ်တွင်းများအား ကလိုရင်းခတ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုဖြစ်စဥ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊ လက်နှိပ်တွင်းများအား ကလိုရင်းခတ်ပေးခဲ့ကြကြောင်း သိရသည်။ စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျန်းမာရေးဝန်ထမ်းများက သြဂုတ် ၁၇ ရက်တွင် စစ်ကိုင်းမြို့ နယ်အတွင်း ရေကြီးရေလျှံစဥ် အိမ်ခြေ(၁၈၄)အိမ်ရှိ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊ လက်နှိပ်တွင်း(၄၈)တွင်းအား ရေမှတစ်ဆင့်ကူးစက်တတ်သောရောဂါများဖြစ်ပွားမှုကို ကာကွယ်တားဆီးနိုင်ရေးနှင့် သောက်သုံးရေသန့်ရှင်းစိတ်ချရမှုရှိစေရေးအတွက် ကလိုရင်းခတ်ပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ရေသန့်ဆေးပြားများဝေခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကူးစက်ရောဂါနှင့် မြွေအန္တရာယ်အကြောင်းတို့ကိုလည်း ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။

ပျ-က်စီးခဲ့သောမိုးသီးနှံစိုက်ဧကများပြန်လည်ဖြစ်ထွန်းအောင်မြင်ရန် တိုင်းအစိုးရအဖွဲ့က ပူးပေါင်းဆောင်ရွက်ပေးမည်ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ပြော

စစ်ကိုင်းတိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ မိုးသီးနှံစိုက်ဧကအ များအပြားပျ-က်စီးခဲ့သဖြင့် ယင်း ထိခိုက်မှုများအပေါ် လိုအပ်ချက်များပြန်လည်ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဝန်ကြီးချုပ် ဦးကိုလေး ဦးဆောင်ကာ သြဂုတ် ၁၇ ရက်ကပြုလုပ်စဥ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ခရိုင်/မြို့နယ်များရှိ ကျေးရွာများ၌ စိုက်ပျိုးလျက်ရှိသည့် စပါး၊ ပဲစဉ်းငုံ၊ ပြောင်း၊ ဆီထွက်သီးနှံ၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုးနှင့် စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ဝါစိုက်ခင်းများထိခို-က်ခဲ့သည်ဟု ပြောသည်။ ထို့ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် မိုးသီးနှံများအချိန်မီပြန်လည်အစားထိုးစိုက်ပျိုးရေး၊ စိုက်ပျိုးမြေများ ပြန်လည်သမန်းနိုးခြင်းများဆောင်ရွက်ရေးနှင့် ဒေသခံတောင်သူများလိုအပ်သည့် မျိုးများ၊ လယ်ယာသုံးစက် မောင်းဆီများ၊ သွင်းအားစုဓါတ်မြဩဇာများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071