Thursday, July 23, 2026

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကိုကြိုဆို “ခရီးသွားကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့်ဉာဏ်ရည်တုနည်းပညာသုံးကြစို့”ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲကျင်းပမည်

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လာမည့် စက်တင်ဘာ ၂၇ ရက်တွင်ကျရောက်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အဖြစ် "ခရီး သွားကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့်ဉာဏ်ရည်တုနည်းပ ညာသုံးကြစို့"ခေါင်းစဉ်ဖြင့်ဆောင်းပါးပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် စိတ်ပါဝင်စားသူများအနေဖြင့်...

အိန္ဒိယအတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဒီ ထိန်းသိမ်းခံရ

ပညာရေးပြုပြင်ပြောင်းလဲရေး ဆန္ဒပြပွဲအတွင်း ဝန်ကြီးချုပ် မိုဒီ နုတ်ထွက်ပေးရန် တောင်းဆို နယူးဒေလီ၊ ဇူလိုင် ၂၂ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ပေးရန် တောင်းဆိုသည့် လူငယ်ဦးဆောင်...

မြန်မာ့အရေး ရေရှည်အထူးသံတမန်ခန့်အပ်ရေး အာဆီယံ စတင်ဆွေးနွေးတိုးတက်မှုတိုင်းတာရန်...

မနီလာ၊ ဇူလိုင် ၂၂ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကာလကြာရှည် ရပ်တန့်နေသည့် အာဆီယံ၏ အချက်ငါးချက်ပါ ဘုံသဘောတူညီချက် (Five-Point Consensus) ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက်...

တရားမဝင်လျှပ်စစ်ဓာတ်အား သုံးစွဲသူများကို သတ်မှတ်ကာလအတွင်း အသိပေးပါက...

နေပြည်တော်၊ ဇူလိုင် ၂၂ တရားမဝင်နည်းလမ်းဖြင့် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲထားသူများအနေဖြင့် သတ်မှတ်ကာလအတွင်း သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်အကြောင်းကြားလာပါက ဒဏ်ကြေးနှင့် တရားစွဲဆိုမှုများမှ ကင်းလွတ်ခွင့်ပြုပေးသည့်အပြင် လျော်ကြေးငွေကိုလည်း မူလသတ်မှတ်နှုန်း၏...
HomeMoviesမြန်မာ-ဗီယက်နမ်နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်...

မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗီ ယက်နမ်နိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Ngu Anh Duc က ယနေ့ ဇူလိုင် ၂၂ ရက်နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဗီယက်နမ်နိုင်ငံသံအ မတ်ကြီးတို့သည် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံကြား သံတမန်ဆက်ဆံမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့မှုနှင့် ပြည်သူများ၏ဆန္ဒနှင့်အညီ ထွက်ပေါ်လာသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် အစိုးရအဖွဲ့က နိုင်ငံတော်တာဝန်ထမ်းဆောင်နေမှုအပေါ် ဗီယက်နမ်နိုင်ငံအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူလျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ယခုထက်ပိုမိုနက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရေး၊ ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာကဏ္ဍများတွင် ပိုမိုကျယ်ပြန့်စွာပူးပေါင်းဆောင်ရွက်သွားမည့်အခြေအ နေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ ဗီယက်နမ်နိုင်ငံတွင် ကမ္ဘောဒီးယား-လာအို- မြန်မာ-ဗီယက်နမ်ပူးပေါင်းဆောင်ရွက်မှု(CLMV)ထိပ်သီးအစည်းအဝေးနှင့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (ACMECS)ထိပ်သီးအစည်းအဝေးတို့ကျင်းပရာတွင် မြန်မာနိုင်ငံမှပါဝင်တက်ရောက်မည့်အခြေအနေ၊ နှစ်နိုင်ငံကြား ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများမှ တစ်ဆင့် ခရီးသွားကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်အခြေအနေတို့က်ုလည်း ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ကြား နိုင်ငံ့ခေါင်း ဆောင်များနှင့် အဆင့်မြင့်အရာရှိကြီးများ ချစ်ကြည်ရေးခရီးများအပြန်အလှန်သွားရောက်ခဲ့မှု၊ နိုင်ငံရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုအဖြစ် နှစ်နိုင်ငံလွှတ်တော်များအချင်းချင်းပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်သည့်အခြေအနေနှင့် နှစ်နိုင်ငံကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်မည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီးက နိုင်ငံတော်သမ္မတ ဧည့်ခန်းမဆောင်တော် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကိုကြိုဆို “ခရီးသွားကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့်ဉာဏ်ရည်တုနည်းပညာသုံးကြစို့”ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲကျင်းပမည်

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လာမည့် စက်တင်ဘာ ၂၇ ရက်တွင်ကျရောက်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အဖြစ် "ခရီး သွားကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့်ဉာဏ်ရည်တုနည်းပ ညာသုံးကြစို့"ခေါင်းစဉ်ဖြင့်ဆောင်းပါးပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် ဆောင်းပါး စာမူများကိုသတ်မှတ်ချက်များနှင့်အညီ စက်တင်ဘာ ၅ ရက်နောက်ဆုံးထား၍ ဆောင်းပါးပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီထံပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ်သိရှိလိုသူများအနေဖြင့် ဟိုတယ်၊ ခရီး သွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ Website- www.tourism.gov.mm/en/announcements နှင့် www.tourism.gov.mm/mm/announcements တို့တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဖုန်း ၀၆၇၃၄၀၆၁၀၄ သို့လည်းရုံးချိန်အတွင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

အိန္ဒိယအတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဒီ ထိန်းသိမ်းခံရ

ပညာရေးပြုပြင်ပြောင်းလဲရေး ဆန္ဒပြပွဲအတွင်း ဝန်ကြီးချုပ် မိုဒီ နုတ်ထွက်ပေးရန် တောင်းဆို နယူးဒေလီ၊ ဇူလိုင် ၂၂ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ပေးရန် တောင်းဆိုသည့် လူငယ်ဦးဆောင် ဆန္ဒပြပွဲအတွင်း ဝန်ကြီးချုပ် နာရင်ဒြာမိုဒီကို ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည့် အတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဒီ ကို ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ထိန်းသိမ်းခဲ့ကြောင်း သိရသည်။ စာမေးပွဲအရှုပ်တော်ပုံများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံ၏ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရန်နှင့် ပညာရေးဝန်ကြီး နုတ်ထွက်ပေးရန် တောင်းဆိုသည့် လူငယ်ဦးဆောင် ဆန္ဒပြပွဲများ ဒုတိယနေ့အဖြစ် ဆက်လက်ဖြစ်ပွားခဲ့ရာ နယူးဒေလီမြို့၌ ထောင်နှင့်ချီသည့်...

မြန်မာ့အရေး ရေရှည်အထူးသံတမန်ခန့်အပ်ရေး အာဆီယံ စတင်ဆွေးနွေးတိုးတက်မှုတိုင်းတာရန် စံနှုန်းများချမှတ်ရေးကိုလည်း သဘောတူ

မနီလာ၊ ဇူလိုင် ၂၂ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကာလကြာရှည် ရပ်တန့်နေသည့် အာဆီယံ၏ အချက်ငါးချက်ပါ ဘုံသဘောတူညီချက် (Five-Point Consensus) ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာ့အရေးတိုးတက်မှုကို တိုင်းတာမည့် စံနှုန်းများ ချမှတ်ရေးနှင့် ရေရှည်တာဝန်ထမ်းဆောင်မည့် အထူးသံတမန်တစ်ဦး ခန့်အပ်ရေးဆိုင်ရာ ဆွေးနွေးမှုများကို စတင်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ဇူလိုင် ၂၁ ရက်တွင် သဘောတူညီခဲ့ကြောင်း သိရသည်။ အဆိုပါ အဆိုပြုချက်များကို မနီလာမြို့တွင် ကျင်းပသည့် (၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ပြင်ပ၌ ပြုလုပ်သည့် မြန်မာ့အရေး အလွတ်သဘော တိုင်ပင်ဆွေးနွေးပွဲတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071