မြန်မာ-နီကာရာဂွါနှစ်နိုင်ငံကြား Creative Economy နယ်ပယ်တွင်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကိုရှာဖွေသွားမည်ဟု နီကာရာဂွါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးထွန်းအောင်ကျော်က ဆွေးနွေးပြောကြားသည်။
မြန်မာသံအမတ်ကြီးဦးထွန်းအောင်ကျော်က နီကာရာဂွါနိုင်ငံ၊ National Commission of Creative Economy ၏ General Coordinator ဖြစ်သူ Madame Camila Ortega Murillo အား စက်တင်ဘာ ၃ ရက်တွင်တွေ့ဆုံချိန်၌ ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
သံအမတ်ကြီးက နီကာရာဂွါနိုင်ငံ၏ Creative Economy ကြောင့် ဒေသထွက်ကုန်ထုတ်လုပ်မှုနှင့် လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်မှုများကို ချီးကျူးဂုဏ်ပြုခဲ့ပြီး နှစ်နိုင်ငံကြား Creative Economy နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကိုရှာ ဖွေသွားမည်ဟု ပြောကြားခဲ့သည်။
General Coordinator ကလည်း နီကာရာဂွါနအစိုးရအ နေဖြင့် ပြည်သူများ၏ လူနေမှုဘဝမြင့်မားရေးအတွက် Creative Economy မြှင့်တင်ဆောင်ရွက်နေမှုများနှင့် “Creative Cities” များတည်ထောင်ထားရှိမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
