Sunday, May 10, 2026

ပါကစ္စတန်တွင် ကားဗုံးပေ-ါက်ကွဲ၍ ရဲ ၁၄...

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုတွင် ကားဗုံးပေ-ါက်ကွဲသဖြင့် အခင်းဖြစ် ပွါးရာ နေရာသို့ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ခြုံခိုတို-က်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း...

အင်ဒိုမီးတောင်ပေါက်ကွဲမှုတွင်စင်ကာပူနိုင်ငံသားနှစ်ဦး ‌ေ-သဆုံး

          အင်ဒိုနီးရှားနိုင်ငံ ဟယ်လ်မာဟီရာကျွန်းပေါ်ရှိ ဒူကိုနိုမီးတောင်ပေါက်ကွဲမှုတွင် ပျောက်ဆုံး‌ နေသည့် စင်ကာပူနိုင်ငံသားနှစ်ဦးသည် ‌ေ-သဆုံးသွားပြီဖြစ် ကြောင်း အတည်ပြုခဲ့သည်ဟု ဒေသခံကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။       ကယ်ဆယ်ရေးသမားများသည်...

သဲချောင်းထဲရေဆင်းကူးသူ(၃)ဦး ရေနစ်သေဆုံးခဲ့မှု လွိုင်ကော်မြို့နယ်တွင်ဖြစ်ပွား

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ သဲချောင်းအ တွင်းရေဆင်းကူးသူ(၃)ဦး ရေနစ်သေဆုံးခဲ့မှု ယနေ့ မေ ၁၀ ရက်နံနက် ၁၁ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊...

အမေရိကန်ကို ထောက်ခံသည့် နိုင်ငံများ၏ သင်္ဘောများ...

အီရန်နိုင်ငံအပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုမူဝါဒတွင် ပူးပေါင်းပါဝင်သည့် နိုင်ငံများမှ သင်္ဘောများကို ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းခွင့်ပြုမည်မဟုတ်ကြောင်း အီရန်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အာကရာမီးနီးယားက ပြောကြားလိုက်သည်။ "အခုချိန်ကစပြီး...
HomeMoviesမြန်မာ-တရုတ်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံ

မြန်မာ-တရုတ်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံ

မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ဆက်လက်ပံ့ပိုးမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိပြော

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် နေပြည်တော်သို့တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံ ရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ ယနေ့ ဧပြီ ၂၅ ရက်ကတွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံစဥ် မစ္စတာဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရသစ်တစ်ရပ်ဖွဲ့စည်းနိုင်မှုအပေါ်ဝမ်းမြောက်ကာ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆက်လက်ပံ့ပိုးမည်ဟု ဆွေးနွေးပြောကြားသည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကိုအခြေခံသည့် မြန်မာနိုင်ငံက ယုံကြည်အားကိုးနိုင်လောက်သော အိမ်နီးချင်းနိုင်ငံအဖြစ် ရပ် တည်မည်ဖြစ်ကာ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများကြား ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်လိုပြီး နှစ်နိုင်ငံကြား အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုပိုမိုခိုင်မာစေရေးအတွက်ဆောင်ရွက်သွားမည်ဖြစ်ကာ နှစ်နိုင်ငံအကြီးအကဲများကြား သဘောတူညီချက်များကို ထိရောက်စွာအကောင်အထည်ဖော်ရေးကြိုးပမ်းသွားမည်ဖြစ်ပြီး ကဏ္ဍစုံတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံကြားရှိ စီမံကိန်းများကို အရှိန်အ ဟုန်မြှင့်တိုးချဲ့ဆောင်ရွက်မည်ဟုလည်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေကလည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုပြီးအစဉ်တစိုက် ထောက်ခံပေးခြင်းနှင့် ကူညီပံ့ပိုးမှုများအပေါ် ကျေးဇူး တင်ကာ မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုထောက်ခံရပ်တည်ပြီး တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင် အဆိုပြုထားသော ကမ္ဘာလုံးဆိုင်ရာ အစီအ မံ(၄)ခု၊ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ အဆိုပြုချက်(၄)ချက်တို့အား ထောက်ခံသည်ဟု ဆွေးနွေးပြောကြားသည်။

ထို့ပြင် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးသည် အရေးကြီးကာ တရုတ်နိုင်ငံမှပေးအပ်ခဲ့သော ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးဆိုင်ရာ အကူအညီများအတွက် ကျေးဇူး တင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နှစ်နိုင်ငံနယ်စပ်တွင် တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ပံ့ပိုးကူညီပေးရန်မေတ္တာရပ်ခံလိုကာ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ အေးအတူပူအမျှအသိုက်အဝန်းထူထောင်ထားရှိမှု၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အရှိန်အဟုန်မြှင့်တင်ရန်၊ နှစ်နိုင်ငံ နယ်စပ်တစ် လျှောက်တည်ငြိမ်အေးချမ်းမှုကိုထိန်းသိမ်းရန် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာအစိုးရ၏ ငြိမ်း ချမ်းရေးကြိုးပမ်းမှုများကို တရုတ်နိုင်ငံက ပံ့ပိုးကူညီရေး၊ မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ပံ့ပိုးကူညီရေး၊ နယ်စပ်ဒေသများတွင် အွန်လိုင်းလောင်းကစားနှင့် တရားမဝင်လုပ် ငန်းများဆောင်ရွက်နေခြင်းကို တိုက်ဖျက်ရာ၌ နှစ်နိုင်ငံအိမ်နီးချင်းကောင်းပီသစွာ ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် အပြန် အလှန်ဆက်လက်ထောက်ခံရပ်တည်ရေးနှင့် နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မန္တလေးငလျင်ဒဏ်သင့် ဘုန်းတော်ကြီးများနှင့် သီလရှင်ကျောင်းများအတွက် တရုတ်နိုင်ငံအစိုးရမှ လှူဒါန်းသည့် အသင့်နေအိမ်များလွှဲပြောင်းလက်ခံခြင်း ဆိုင်ရာ စာလွှာလဲလှယ်ခြင်းနှင့် မြန်မာအာကာသအေဂျင်စီနှင့် တရုတ်အမျိုးသား အာကာသစီမံခန့်ခွဲမှုဌာနတို့ကြား အာကာသပူးပေါင်းဆောင်ရွက်မှုနှင့် အာကာသဟင်းလင်းပြင်ငြိမ်းချမ်းစွာအသုံးပြုမှုဆိုင်ရာ နားလည်မှု စာချွန်လွှာ လဲလှယ်ခြင်းတို့ကို နှစ်နိုင်ငံနိုင်ငံခြား ရေးဝန်ကြီးများရှေ့မှောက်တွင်ပြုလုပ်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပါကစ္စတန်တွင် ကားဗုံးပေ-ါက်ကွဲ၍ ရဲ ၁၄ ဦး ‌ေ-သဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုတွင် ကားဗုံးပေ-ါက်ကွဲသဖြင့် အခင်းဖြစ် ပွါးရာ နေရာသို့ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ခြုံခိုတို-က်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ စနေနေ့က တို-က်ခိုက်မှုအပြီး ရို-က်ကူးထားသော ဓာတ်ပုံများအရ ရဲစခန်းအဆောက်အအုံသည် အပျ-က်အစီးပုံအဖြစ်ပြိုကျသွားခဲ့ပြီး အုတ်ခဲများ၊ မီးလေ-ာင်ကျွမ်းနေသော အပျ-က်အစီးများနှင့် ပျ-က်စီးနေသော ယာဉ်များသည် ထိုနေရာတစ်ဝိုက်တွင် ပြန့်ကျဲနေသည်ကို တွေ့ရသည်။ ပြိုကျနေသော ရဲကင်းစခန်းအောက်မှ ရဲ ၁၄ ဦး၏ ရုပ်အလေ-ာင်းများကို ပြန်လည်တွေ့ရှိခဲ့ပြီး ရဲသုံးဦးကိုမူ အသက်ရှင်လျက်တွေ့ရှိခဲ့သဖြင့် သူတို့ကို ဆေးရုံသို့...

အင်ဒိုမီးတောင်ပေါက်ကွဲမှုတွင်စင်ကာပူနိုင်ငံသားနှစ်ဦး ‌ေ-သဆုံး

          အင်ဒိုနီးရှားနိုင်ငံ ဟယ်လ်မာဟီရာကျွန်းပေါ်ရှိ ဒူကိုနိုမီးတောင်ပေါက်ကွဲမှုတွင် ပျောက်ဆုံး‌ နေသည့် စင်ကာပူနိုင်ငံသားနှစ်ဦးသည် ‌ေ-သဆုံးသွားပြီဖြစ် ကြောင်း အတည်ပြုခဲ့သည်ဟု ဒေသခံကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။       ကယ်ဆယ်ရေးသမားများသည် မီးတောင်ဝပတ်လည်တွင် အလေ-ာင်းများကို တွေ့ရှိခဲ့ပြီး သယ်ဆောင်မှုများ ကို လုပ်ဆောင်နေကြောင်း အေဂျင်စီ၏ အကြီးအကဲ အီဝမ် ရမ်ဒါနီက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။       "မီးတောင်ပေါက်ကွဲမှု တွေကဆက်ဖြစ်နေတာနဲ့ ရာသီဥတုဆိုးဝါးတာကြောင့် အလောင်းတွေကို ရွှေ့ပြောင်းတာမှာ အဟန့်အတားဖြစ်နေဆဲပါပဲ" ဟု အီဝမ်က ပြောကြားခဲ့ပြီး ထိုဒေသတွင် မိုးရွာသွန်းလျက်ရှိနေကြောင်း ဆက်လက်ပြောကြားခဲ့သည်။      အသက်ရှင်သူများနှင့် ပျောက်ဆုံးနေသူများစာရင်းကို အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ချိန်တွင်...

သဲချောင်းထဲရေဆင်းကူးသူ(၃)ဦး ရေနစ်သေဆုံးခဲ့မှု လွိုင်ကော်မြို့နယ်တွင်ဖြစ်ပွား

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ သဲချောင်းအ တွင်းရေဆင်းကူးသူ(၃)ဦး ရေနစ်သေဆုံးခဲ့မှု ယနေ့ မေ ၁၀ ရက်နံနက် ၁၁ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ(အောက်) ကျေးရွာရှိ သဲချောင်းတွင်ရေဆင်းကူးသည့် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၁)ဦးရေနစ်ပျောက်ဆုံးခဲ့သဖြင့် လွိုင်ကော်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရှာ ဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ရေနစ်သူ(၃)ဦးအား နေ့လည် ၁ နာရီ ၂၀ မိ နစ်ခန့်တွင် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့၍ ရွှေညောင်ပင်နာရေးကူညီမှုအသင်းက လွိုင်ကော်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071