မြန်မာ-ကာတာ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ကာတာသံရုံးယာယီတာဝန်ခံ ဒေါက်တာ ရာရှစ် အက်ဘ်ဒူလာ အမ်အေ အယ်လ် ကူဝါရီလတို့ အောက်တိုဘာ ၂၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံစဉ် မြန်မာ-ကာတာ နှစ်နိုင်ငံကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်၊ နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးရန်ရှိသည့် သဘောတူစာချုပ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းရန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်တို့ကို ဆွေးနွေးခဲ့ကြသည်။
