Wednesday, April 15, 2026

အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးအပါအဝင်...

အီရန်ဆိပ်ကမ်းများသို့ ဆိုက်ကပ်မည့် သင်္ဘောများကို အမေရိကန်က စတင်ပိတ်ဆို့သည့် ပထမဆုံးနေ့တွင်ပင် အမေရိကန်၏ အရေးယူမှုခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးနှင့် အခြားသင်္ဘောတစ်စီးအပါအဝင် အနည်းဆုံး သင်္ဘောသုံးစီးသည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့်...

ဟူသီတို့ရန်မှလွတ်ရန် အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု အာဖရိကတိုက်ကိုပတ်၍ ခုတ်မောင်းနေရ

အမေရိကန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်ပြီးနောက် အာရပ်ပင်လယ်အတွင်း အင်အားတိုးချဲ့မည်ဆိုသည့် အမေရိကန်လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုတစ်စုသည် ဟူသီတို့၏ တိုက်ခိုက်မှုမှလွတ်ရန် အာဖရိကတိုက်ကို တောင်ပိုင်းမှပတ်၍ ခုတ်မောင်းနေရကြောင်း တနင်္လာနေ့ထုတ်ပြန်ချက်အရ...

GPS မလိုသော သိုရီယမ်နာရီအတွက် တရုတ်ထုတ်...

ဧပြီလ ၁၁ ရက် ရှင်ကျန်း မှ သိပ္ပံပညာရှင်များသည် အနာဂတ်တွင် အသုံးပြုမည့် သိုရီယမ် နျူကလီးယားနာရီ များအတွက် လိုအပ်သည့် ခရမ်းလွန်ရောင်ခြည်ကို ထုတ်လွှတ်ပေးနိုင်သော...

ဂျပန်က အရေးပါသော စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်

ဧပြီလ ၁၁ ရက် အမေရိက-ဖိလစ်ပိုင် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုများတွင် ဂျပန်နိုင်ငံ ပါဝင်လာခြင်းသည် “အလွန်အရေးပါသော ကိစ္စရပ်” တစ်ခုဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော်...
HomeNewsLocal Newsမြန်မာ့အိမ်ခြံမြေဈေးကွက် အမြင့်ဘက်သို့ ဦးတည်နေဟု...

မြန်မာ့အိမ်ခြံမြေဈေးကွက် အမြင့်ဘက်သို့ ဦးတည်နေဟု MRPDA ဥက္ကဋ္ဌ ပြောကြား

လက်ရှိ မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည် အမြင့်ဘက်သို့ ဦးတည်နေကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်း (MRPDA) ဥက္ကဋ္ဌ ဦးအောင်ထွန်းက ပြောကြားသည်။

ယင်းပြောကြားချက်ကို ဇူလိုင်လ ၁၅ ရက်နေ့ ရန်ကုန်မြို့၊ အရှေ့မျဉ်းပြိုင်ကွင်းလမ်းရှိ Sky Star Hotel တွင် ပြုလုပ်သည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံအိမ်ခြံမြေ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA)တို့ပူးပေါင်းကျင်းပသည့် “ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဥပဒေနှင့် အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ အသိပညာပေးဟောပြောပွဲ” တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိကာလ၌ မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည် နေရာဒေသအလိုက် အတက်ဘက်ကိုသာ ဦးတည်နေပြီး ဈေးကျရန် အလားအလာနည်းနေသေးကြောင်း ၎င်းကဆိုသည်။

အိမ်ခြံမြေတစ်ခု အရောင်းအဝယ်ကောင်းမွန်ရန် လုံခြုံအေးချမ်းပြီး နေထိုင်ရန်ကောင်းမွန်သည့်ဒေသများနှင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် အဆင်ပြေသည့်အပေါ် မူတည်နေကြောင်းနှင့် အရောင်းအဝယ်ကိစ္စရပ်များ မှားယွင်းမှုမရှိစေရန် စနစ်တကျ သင်တန်းပေးထားပြီး ယုံကြည်စိတ်ချရသည့် အကျိုးဆောင်များနှင့် ဆောင်ရွက်သင့်ကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

“မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေစျေးကွက်က နေရာဒေသအလိုက် အတက်ဘက်ကို ဦးတည်နေပါတယ်။ စျေးကျဖို့မရှိပါဘူး။ အိမ်ခြံမြေတစ်ခု အရောင်းအ၀ယ်ကောင်းဖို့ဆိုတာ လုံခြုံအေးချမ်းပြီး နေထိုင်လို့ကောင်းတဲ့ ဒေသတွေနဲ့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့ အဆင်ပြေတဲ့အပေါ်မူတည်ပါတယ်” ဟု MRPDA ဥက္ကဋ္ဌ ဦးအောင်ထွန်းက ပြောကြားသည်။

လက်ရှိအချိန်၌ ရန်ကုန်မြို့၏ အိမ်ခြံမြေစျေးကွက်တွင် ဒဂုံမြို့သစ်(၄) မြို့နယ်မှာ အရောင်းအ၀ယ် ကောင်းမွန်လျက်ရှိပြီး ယင်းမြို့နယ်များအနက် ဒဂုံမြို့သစ်(မြောက်ပိုင်း)သည် အရောင်းအဝယ် အများဆုံး ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အိမ်၊ခြံ၊မြေစျေးမြင့်တက်ခြင်းသည် ငွေကြေးဖောင်းပွမှုနှုန်းအရ ဆက်စပ်မှုရှိနေပြီး လက်၀ယ်ငွေကြေးမကိုင်ထားဘဲ ခိုင်မာသည့် အိမ်၊ ခြံ ၊မြေများအပေါ်တွင် ရင်းနှီးမြှုပ်နှံခြင်းများကြောင့် ဖြစ်သည်ဟု ဖိုးလမင်းအိမ်ခြံမြေကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦး၀ဏ္ဏစိုးကပြောကြားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးအပါအဝင် အနည်းဆုံး သင်္ဘောသုံးစီး ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းသွား

အီရန်ဆိပ်ကမ်းများသို့ ဆိုက်ကပ်မည့် သင်္ဘောများကို အမေရိကန်က စတင်ပိတ်ဆို့သည့် ပထမဆုံးနေ့တွင်ပင် အမေရိကန်၏ အရေးယူမှုခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးနှင့် အခြားသင်္ဘောတစ်စီးအပါအဝင် အနည်းဆုံး သင်္ဘောသုံးစီးသည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ပင်လယ်ကွေ့အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ Rich Starry ဟု အမည်ရသော တရုတ်သင်္ဘောသည် အမေရိကန်၏ ပိတ်ဆို့မှုစတင်ပြီးကတည်းက ရေလက်ကြားကို ပထမဆုံးအကြိမ် ဖြတ်ကျော်ကာ ပင်လယ်ကွေ့အတွင်းမှ ထွက်ခွာနိုင်ခဲ့သည့် သင်္ဘောဖြစ်ကြောင်း LSEG၊ MarineTraffic နှင့် Kpler တို့၏ အချက်အလက်များတွင် ဖော်ပြထားသည်။ အဆိုပါသင်္ဘောနှင့် ၎င်း၏ပိုင်ရှင်ဖြစ်သော Shanghai Xuanrun Shipping...

ဟူသီတို့ရန်မှလွတ်ရန် အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု အာဖရိကတိုက်ကိုပတ်၍ ခုတ်မောင်းနေရ

အမေရိကန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်ပြီးနောက် အာရပ်ပင်လယ်အတွင်း အင်အားတိုးချဲ့မည်ဆိုသည့် အမေရိကန်လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုတစ်စုသည် ဟူသီတို့၏ တိုက်ခိုက်မှုမှလွတ်ရန် အာဖရိကတိုက်ကို တောင်ပိုင်းမှပတ်၍ ခုတ်မောင်းနေရကြောင်း တနင်္လာနေ့ထုတ်ပြန်ချက်အရ သိရသည်။ လေယာဉ်တင်သင်္ဘော USS George H.W. Bush နှင့် ၎င်း၏ အရန်စစ်သင်္ဘောများဖြစ်ကြသော USS Donald Cook (DDG-75)၊ USS Mason (DDG-87) နှင့် USS Ross (DDG-71) တို့ ပါဝင်သော စစ်သင်္ဘောအုပ်စုသည် မြေထဲပင်လယ်လမ်းကြောင်းကို ရှောင်ရှား၍ အာဖရိကတိုက်ကို တစ်ပတ်ပတ်ကာ...

GPS မလိုသော သိုရီယမ်နာရီအတွက် တရုတ်ထုတ် ‘ခရစ်စတယ်’ က လမ်းသစ်စထွင်

ဧပြီလ ၁၁ ရက် ရှင်ကျန်း မှ သိပ္ပံပညာရှင်များသည် အနာဂတ်တွင် အသုံးပြုမည့် သိုရီယမ် နျူကလီးယားနာရီ များအတွက် လိုအပ်သည့် ခရမ်းလွန်ရောင်ခြည်ကို ထုတ်လွှတ်ပေးနိုင်သော ကမ္ဘာ့ပထမဆုံး ခရစ်စတယ်ကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။ အဆိုပါနည်းပညာသည် နောင်တစ်ချိန်တွင် ရေငုပ်သင်္ဘောများနှင့် အာကာသအနက်ပိုင်း စူးစမ်းရှာဖွေရေးယာဉ်များကို GPS မပါဘဲ လမ်းညွှန်ပေးနိုင်မည် ဖြစ်သည်။ ဖလိုရင်းပါဝင်သော ဘိုရိတ်ဒြပ်ပေါင်းသည် လေဆာရောင်ခြည်၏ လှိုင်းအလျားကို စံချိန်တင်အဆင့်ဖြစ်သော ၁၄၅.၂ နာနိုမီတာ အထိ ရောက်ရှိစေနိုင်ကြောင်း ဇန်နဝါရီလထုတ် Advanced Materials ဂျာနယ်တွင် အဖွဲ့က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071