Saturday, May 9, 2026

မန္တလေးရှိ သုသာန်များတွင် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်

မန္တလေးမြို့ရှိ သုသာန်များတွင် စက်သုံးဆီအခက်အခဲများကြောင့် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။ ထိုသို့တိုးမြှင့်ကောက်ခံမှုသည် ယနေ့ (မေ ၉) တွင် စတင်ခဲ့ပြီ ဖြစ်ကြောင်းလည်း...

တောင်သူလယ်သမားဦးကြီးများသို့ အသိပေးကြေညာချက်

စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးမည် နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း (၁၀၀) စီမံချက်အရ တောင်သူများ၏ လယ်ယာကုန်ထုတ်လုပ်မှု မြှင့်တင်နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှုန်းထားသစ်များဖြင့် တိုးမြှင့်ထုတ်ချေးပေးသွားမည် ဖြစ်ပါသည်။ ၁။ စိုက်ပျိုးစရိတ်ချေးငွေ...

မြန်မာ-နီပေါနှစ်နိုင်ငံ ဘဏ်လုပ်ငန်းနှင့် ဒီဂျစ်တယ်ငွေရေးကြေးရေးကဏ္ဍ ပူးပေါင်းမြှင့်တင်ရန်...

ဗဟိုဘဏ်ဥက္ကဋ္ဌဒေါက်တာခင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire တို့တွေ့ဆုံကာ နှစ်နိုင်ငံကြား ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးကိုဆွေးနွေးခဲ့ကြသည်။ မေ ၈ ရက်နေ့လည်ပိုင်းက...

ကမ္ဘာ့အဖိုးတန်ဆုံး မြန်မာ့ပတ္တမြား – သမိုင်းအစဉ်အလာနှင့်...

"ပတ္တမြားမြေ" ဟု တင်စားခေါ်ဝေါ်ကြသည့် မြန်မာနိုင်ငံ၊ မိုးကုတ်ဒေသမှ ထွက်ရှိသော ပတ္တမြားများသည် ကမ္ဘာ့ကျောက်မျက်ရတနာစျေးကွက်တွင် ယနေ့တိုင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ မြန်မာ့ပတ္တမြား သမိုင်းကြောင်းနှင့် ဂုဏ်သတင်း မြန်မာ့ပတ္တမြားသည်...
HomeNewsLocal Newsမြန်မာ့အရေးဖြေရှင်းရာ၌မလေးခေါင်းဆောင်မှုကိုထောက်ခံ--သက်ဆင်

မြန်မာ့အရေးဖြေရှင်းရာ၌မလေးခေါင်းဆောင်မှုကိုထောက်ခံ–သက်ဆင်

ကွာလာလမ်ပူ၊ဖေဖော်ဝါရီ ၁၇

မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရာ၌ မလေးရှားနိုင်ငံ၏ခေါင်းဆောင်မှုကိုယုံကြည်မှုရှိပြီး အာဆီယံဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်မှုကို ထောက်ခံအားပေးမည်ဖြစ်ကြောင်း သက်ဆင်က ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်အတွက် အာဆီယံဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်မည့် မလေးရှားနိုင်ငံ၏ဝန်ကြီးချုပ် အန်ဝါအီဘရာဟင် က ယမန်နှစ်ဒီဇင်ဘာလက အလွတ်တန်းအကြံပေးအဖြစ်ခန့်အပ်ခဲ့သဖြင့် ယခုကဲသို့လာရခြင်းဖြစ်ကြောင်းမစ္စတာသက်ဆင်က ပြောကြားခဲ့သည်။

ဆက်လက်၍မစ္စတာသက်ဆင်က ၎င်းအနေဖြင့် မြန်မာ့ပဋိပက္ခအတွက် အသီးသီးသော လက်နက်ကိုင်အဖွဲ့အစည်းများ‌၏ခေါင်းဆောင်များနှင့်တွေ့ပြီးဆွေးနွေးသွားမည်ဟုလည်းဆိုခဲ့သည်။

ထိုင်းမီဒီယာများက သက်ဆင်သည် မတ်လနှင့်ဧပြီလတွင် ချင်းမိုင်၌ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း ထိုင်းမီဒီယာများကဖော်ပြခဲ့သည်။

အန်ဝါကသက်ဆင်အား အလွတ်တန်းအကြံပေးအဖြစ်ခန့်အပ်ခဲ့ပြီးကတည်းက ဒီဇင်ဘာနှောင်းပိုင်းနှင့်ဖေဖော်ဝါရီအစောပိုင်းတွင် နှစ်ကြိမ်တိတိတွေ့ဆုံခဲ့ပြီးဖြစ်သည်။

Source : ဘနားမား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးရှိ သုသာန်များတွင် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်

မန္တလေးမြို့ရှိ သုသာန်များတွင် စက်သုံးဆီအခက်အခဲများကြောင့် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။ ထိုသို့တိုးမြှင့်ကောက်ခံမှုသည် ယနေ့ (မေ ၉) တွင် စတင်ခဲ့ပြီ ဖြစ်ကြောင်းလည်း သိရသည်။ ယခင်က သတ်မှတ်ဈေး လူကြီး ၁၂,၀၀ဝ ကျပ်မှ ၂၄,၀၀၀ ကျပ်၊ ကလေး ကျပ် ၆,၀၀၀ မှ ၁၂,၀၀၀ ကျပ်သို့ ပြောင်းလဲ ကောက်ခံမည်လည်း ဖြစ်သည်။ မန္တလေးမြို့တွင် တောင်အင်းမြောက်အင်းသုသာန်နှင့် ဧရိပ်ငြိမ် (ကြာနီကန်) သုသာန်နှစ်ခုရှိကာ ယင်းနှစ်ခုစလုံး၌ တိုးမြှင့်ကောက်ခံသွားမည်လည်း ဖြစ်သည်။

တောင်သူလယ်သမားဦးကြီးများသို့ အသိပေးကြေညာချက်

စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးမည် နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း (၁၀၀) စီမံချက်အရ တောင်သူများ၏ လယ်ယာကုန်ထုတ်လုပ်မှု မြှင့်တင်နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှုန်းထားသစ်များဖြင့် တိုးမြှင့်ထုတ်ချေးပေးသွားမည် ဖြစ်ပါသည်။ ၁။ စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးမည့် နှုန်းထားများ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ အောက်ပါနှုန်းထားများအတိုင်း ပြောင်းလဲထုတ်ချေးပါမည် - စပါး၊ ဂျုံနှင့် ချည်မျှင်ရှည်ဝါ (မျိုးစေ့ထုတ်): တစ်ဧကလျှင် (၁၅၀,၀၀၀) ကျပ်အစား (၃၀၀,၀၀၀) ကျပ် သို့ တိုးမြှင့်ပေးသည်။ အခြားသီးနှံ (၁၈) မျိုး: တစ်ဧကလျှင် (၁၀၀,၀၀၀) ကျပ်အစား (၂၅၀,၀၀၀) ကျပ်သို့ တိုးမြှင့်ပေးသည်။ ပန်းနှမ်း၊ ဆီအုန်းညှင်းနှင့် ဂုန်လျှော်:...

မြန်မာ-နီပေါနှစ်နိုင်ငံ ဘဏ်လုပ်ငန်းနှင့် ဒီဂျစ်တယ်ငွေရေးကြေးရေးကဏ္ဍ ပူးပေါင်းမြှင့်တင်ရန် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် နီပေါသံအမတ်ကြီးဆွေးနွေး

ဗဟိုဘဏ်ဥက္ကဋ္ဌဒေါက်တာခင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire တို့တွေ့ဆုံကာ နှစ်နိုင်ငံကြား ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးကိုဆွေးနွေးခဲ့ကြသည်။ မေ ၈ ရက်နေ့လည်ပိုင်းက နေပြည်တော်၌တွေ့ဆုံ၍ နှစ်နိုင်ငံကြား ဘဏ်လုပ်ငန်းကဏ္ဍပိုမိုခိုင်မာလာစေရေးအ တွက် မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံကြား ဘဏ်လုပ်ငန်းဆိုင်ရာဆက်သွယ်မှုများပိုမိုအားကောင်းလာစေရန်၊ ခေတ်သစ်ငွေရေးကြေးရေးစနစ်ဖြစ်သည့် Digital Banking ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတွေ့အကြုံနှင့် နည်းပညာဖလှယ်ရန်တို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဘဏ်လုပ်ငန်းစနစ်များတွင် ခေတ်မီအိုင်စီတီနည်းပညာများအသုံးပြု၍ အဆင့်မြှင့်တင်နိုင်ရေးအတွက် နှစ်ဦးနှစ်ဖက် ဆွေးနွေးပွဲများကျင်းပပြုလုပ်ရန်လည်း ဆွေးနွေးခဲ့ကြသည်။​ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် သံအမတ်ကြီးတို့၏တွေ့ဆုံမှုသည် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍကိုနည်းပညာဖြင့်အဆင့်မြှင့်တင်ရာ၌ အထောက်အကူပြုစေမည့်အပြင် အိမ်နီးချင်းအာရှနိုင်ငံများကြား ဘဏ္ဍာရေးဆိုင်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071