မြန်မာ့အကြောင်း ကမ္ဘာသိအောင် ပြမည်ဖြစ်ပြီး ဗိုလ်လုပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ တိုက်စစ်ကစားသမား မေထက်လူက Asean United FC နှင့် တွေ့ဆုံမေးမြန်စဉ် ပြောကြားသည်။
ဩစတြေးလျအသင်းကို အုပ်စုအဖွင့်ပွဲ၌ အနိုင်ရထားသလို ဗိုလ်လုပွဲတွင်လည်း နောက်တစ်ကြိမ်အနိုင်ရရှိရန် တစ်သင်းလုံးအသင့်ဖြစ်နေပြီဟု ဆိုသည်။
“သူတို့ကို နောက်တစ်ကြိမ် ထပ်အနိုင်ယူဖို့ သေချာပါတယ်။ သူတို့က အိမ်ရှင်ကို ဆီမီးမှာ အနိုင်ယူခဲ့တာဆိုတော့ လျှော့တွက်လို့မရပါဘူး။ ဒါပေမဲ့ ကျွန်မတို့ အားလုံးက မြန်မာဆိုတာ ဘာလဲဆိုတာကို ပြဖို့ အသင့်ဖြစ်နေပါပြီ။ ဗိုလ်လုပွဲက ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ”ဟု မေထက်လူက ဆိုသည်။
အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဗိုလ်လုပွဲတွင် မြန်မာအမျိုးသမီး လက်ရွေးစင်အသင်း နှင့် ဩစတြေးလျအသင်းတို့ ဩဂုတ်လ (၁၉)ရက် ၊ည (၇)နာရီခွဲအချိန်တွင် Lach Tray Stadium ၌ ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။
