Monday, May 25, 2026

စလင်းမြို့နယ်၌ ကျောင်းအပ်လက်ခံခြင်း ပထမနေ့စတင် ကျောင်းသုံးစာအုပ်များအခမဲ့ထောက်ပံ့

ယနေ့ မေ ၂၅ ရက်မှစတင်၍ ၂၀၂၆-၂၀၂၇ ပညာသင် နှစ်အတွက် အခြေခံပညာကျောင်းများ၏ ကျောင်းအပ် နှံခြင်း ပထမနေ့ကို တိုင်းနှင့် ပြည်နယ်အသီးသီး၌...

ရန်ကုန်နှင့် မန္တလေးတို့ရှိ နားမကြားသောကလေးများကျောင်းမှ ကျောင်းသား/သူများခေါ်ယူ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နားမကြားသောကလေးများကျောင်း (ရန်ကုန်) နှင့် နားမကြားသောကလေးများကျောင်း (မန္တလေး) တို့မှ ၂၀၂၆- ၂၀၂၇...

ဘုတလင်၊ ချောင်းဦး၊ ဒီပဲယင်းနှင့် ယင်းမာပင်ခရိုင်တို့တွင်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ချောင်းဦးမြို့နယ်၊ ဒီပဲယင်းမြို့နယ်နှင့် ယင်းမာပင်ခရိုင်များတွင် ဟင်းသီးဟင်းရွက်၊ မြေပဲ၊ ပြောင်းနှင့် ပဲတီစိမ်းများကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။ ဘုတလင်မြို့နယ်တွင် လာမည့်ဇွန်လပထမပါတ်မှ စတင်၍...

ကုန်တင်သင်္ဘော၏ အလုံပိတ်အခန်းသို့ ဝင်ရောက်စစ်ဆေးရာမှ မြန်မာသင်္ဘောသား...

အင်ဒိုနီးရှားနိုင်ငံ၊ ဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်ထားသော ကုန်တင်တွဲ သင်္ဘော၏ အလုံပိတ်နေရာ အတွင်းသို့ စစ်ဆေးလုပ်ကိုင်ရန် ဝင်ရောက်သွားသည့် မြန်မာသင်္ဘောသား ၃ ဦးနှင့် အိန္ဒိယသင်္ဘောသား...
HomeNewsLocal Newsမြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ဦးတင်မြင့်အောင်ကွယ်လွန်ခြင်းအတွက်ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်...

မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ဦးတင်မြင့်အောင်ကွယ်လွန်ခြင်းအတွက်ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနိုက ဝမ်းနည်းခြင်းသဝဏ်လွှာ ပေးပို့

မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ဦးတင်မြင့်အောင်ကွယ်လွန်ခြင်းအတွက်
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနိုက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ထံသို့ ဝမ်းနည်းခြင်းသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

ယနေ့ မတ်လ (၂၅)ရက်နေ့၌ ဦးတင်မြင်အောင်၏ ကြွင်းကျန်သော ရုပ်ကလာပ်ကို ရေဝေးသုဿန်တွင် မီးသဂြိုဟ်သွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်းတစ်ဦးဖြစ်သည့် ဦးတင်မြင့်အောင်သည် မတ်လ (၂၃)ရက် မနက် (၁၁)မိနစ် (၅၀)အချိန်၌ ရန်ကုန်မြို့ရှိ ဂရန်းဟံသာဆေးရုံကြီးတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဦးတင်မြင့်အောင်သည် (၉၆)ပါး‌ရောဂါဝေဒနာဖြင့်ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး၊ ကွယ်လွန်ချိန်၌ အသက်(၅၉)နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

၎င်း၏ ဘောလုံးသမိုင်းဖြတ်သန်းစဉ်အရ အကောက်ခွန်အသင်းနှင့် မြန်မာလက်ရွှေးစင်ကစားသမားဘဝတွင် အောင် မြင်မှုများ ရယူပေးနိုင်ခဲ့သူဖြစ်သလို ၊ ငွေခေတ်လက်ရွေးစင်ဘောလုံးသမားတစ်ဦးဟုလည်း ဆိုနိုင်သည်။

ဦးတင်မြင့်အောင်သည် ကစားသမားဘဝမှ အနားယူပြီးနောက်ပိုင်း မြန်မာ့လက် ရွေးစင်အသင်း၊ မြန်မာအမျိုးသမီးလက် ရွေးစင်အသင်းနှင့် မြန်မာ ယူ-၂၃ အသင်းတို့ကိုလည်း နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့သလို ဧရာဝတီယူနိုက်တက်အသင်းကိုလည်း တာဝန်ယူကိုင် တွယ်ခဲ့ဖူးသူဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)၌ နည်းစနစ်ဒါရိုက်တာ၊ နည်းစနစ်ကော်မတီဥက္ကဋ္ဌ ရာထူးဖြင့် တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စလင်းမြို့နယ်၌ ကျောင်းအပ်လက်ခံခြင်း ပထမနေ့စတင် ကျောင်းသုံးစာအုပ်များအခမဲ့ထောက်ပံ့

ယနေ့ မေ ၂၅ ရက်မှစတင်၍ ၂၀၂၆-၂၀၂၇ ပညာသင် နှစ်အတွက် အခြေခံပညာကျောင်းများ၏ ကျောင်းအပ် နှံခြင်း ပထမနေ့ကို တိုင်းနှင့် ပြည်နယ်အသီးသီး၌ ဆောင်ရွက်လျက်ရှိသည်။ မကွေးတိုင်း၊ စလင်းမြို့ရှိ အ.ထ.က(၁)နှင့် အ.ထ.က (၂)တွင်လည်း ကျောင်းအပ်နှံခြင်း ပထမရက်၌ ကျောင်းသား/သူများကျောင်းအပ်ရာတွင် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များကို အခမဲ့ထောက်ပံ့ပေးလျက်ရှိသည်။ ထို့ပြင် စလင်းမြို့နယ်ရှိ အခြေခံပညာကျောင်း(၁၃၁) ကျောင်းတွင်လည်း သတ်မှတ်အတန်းအလိုက် နိုင်ငံတော်ကအခဲ့ထောက်ပံ့ပေးထားသော ကျောင်းသုံးပုံ နှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်များ၊ ခဲတံများနှင့် ကျောင်းဝတ်စုံများကို ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား/သူများအား ပြန်လည်ဖြန့်ဝေပေးလျက်ရှိသည်။

ရန်ကုန်နှင့် မန္တလေးတို့ရှိ နားမကြားသောကလေးများကျောင်းမှ ကျောင်းသား/သူများခေါ်ယူ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နားမကြားသောကလေးများကျောင်း (ရန်ကုန်) နှင့် နားမကြားသောကလေးများကျောင်း (မန္တလေး) တို့မှ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား/သူများခေါ်ယူလျက်ရှိသည်။ လျှောက်ထားသူများသည် အကြားအာရုံချို့ယွင်းအား နည်းသူ၊ အသက် (၆) နှစ်မှ (၁၈) နှစ်အတွင်းရှိသူ၊ အကြားအာရုံချို့ယွင်းအားနည်းမှုမှလွဲ၍ ကျန်းမာရေးကောင်းမွန်သူ၊ စာပေနှင့် အသက်မွေးဝမ်းကျောင်းပ ညာများကိုသင်ယူလိုစိတ်ရှိသူ၊ အိမ်ထောင်မရှိဖူးသူ (လူပျို/အပျို) ဖြစ်ရမည် ဖြစ်သည်။ အဆိုပါ ကျောင်းများသို့ ကျား/မ၊ လူမျိုးနှင့် ကိုးကွယ်ရာဘာသာမရွေးလျှောက်ထားနိုင်ကာ ကျောင်းအပ်နှံပါက မိဘ (သို့) အုပ်ထိန်းသူကိုယ်တိုင်လာရောက်အပ်နှံရမည်ဖြစ်ပြီး...

ဘုတလင်၊ ချောင်းဦး၊ ဒီပဲယင်းနှင့် ယင်းမာပင်ခရိုင်တို့တွင် မိုးသီးနှံများစိုက်ပျိုးသွားမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ချောင်းဦးမြို့နယ်၊ ဒီပဲယင်းမြို့နယ်နှင့် ယင်းမာပင်ခရိုင်များတွင် ဟင်းသီးဟင်းရွက်၊ မြေပဲ၊ ပြောင်းနှင့် ပဲတီစိမ်းများကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။ ဘုတလင်မြို့နယ်တွင် လာမည့်ဇွန်လပထမပါတ်မှ စတင်၍ ပဲတီစိမ်းဧက (၁၁,၀၀၀) ကျော် စိုက်ပျိုးသွားမည်ဖြစ်ပြီး ချောင်းဦးမြို့နယ်တွင် ပြောင်းသီးနှံ ဧက (၁၃၀၀) ကျော်၊ ဒီပဲယင်းမြို့နယ်တွင် ဟင်းသီးဟင်းရွက် ဧက (၁၉၀၀) ကျော်နှင့် ယင်းမာပင်ခရိုင်တွင် မြေပဲဧက (၃၃,၀၀၀) ကျော်ကို မိုးသီးနှံအဖြစ် စိုက်ပျိုးသွားကြမည်ဖြစ်ကြောင်း သိရသည်။ "ဘုတလင်မှာ ပဲတီစိမ်းကို အထွက်တိုးအောင်ဧက အခုထက်ပိုစိုက်ကြရမှာပါ။ ပဲတီစိမ်းက ဈေးကောင်းရတဲ့အတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071