အာရှဖလားခြေစစ်ပွဲအတွက် ဆီးရီးယားအသင်းဖြင့် ကစားရမည့် မြန်မာ့လက်ရွေးစင်အသင်းသည် MNL All Stars အသင်းဖြင့် ယှဉ်ပြိုင်ကစားရာ တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရလဒ်ထွက်ပေါ်ထားသည်။
အဆိုပါ ခြေစမ်းပွဲစဉ်တွင် မြန်မာလက်ရွေးစင်ရဲရင့်အောင်၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ရခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် ဆီးရီးယားအသင်းတို့သည် အာရှဖလားခြေစစ်ပွဲ ပထမအကျော့ပွဲစဉ်အဖြစ် အောက်တိုဘာ (၉)ရက်၌ ဆော်ဒီနိုင်ငံ၌ ကစားမည်ဖြစ်ပြီး ဒုတိယအကျော့ကို အောက်တိုဘာ (၁၄)ရက်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
