မြန်မာ့လက်ရွေးစင်တက်ဂ်ဘောကစားသမား စောဖရိုက်ဒေး သည် ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင်ကျင်းပလျက်ရှိသည့် (၂၀)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်သွားခဲ့ကြောင်း သိရသည်။
စောဖရိုက်ဒေး အုပ်စုအဆင့်ပြိုင်ပွဲများတွင် Group Stage ယှဉ်ပြိုင်မှုအနေဖြင့် ကူဝိတ်၊ ကာဂျစ်စတန်၊ မွန်ဂိုလီးယား၊ အီရတ်နိုင်ငံတို့နှင့်ယှဉ်ပြိုင်ကစားခဲ့ရာ ကူဝိတ်နှင့် အီရတ်နိုင်ငံတို့အားရှုံးနိမ့်ခဲ့သော်လည်း ကာဂျစ်စတန်၊ မွန်ဂိုလီးယားနိုင်ငံတို့ကို (၂)ပွဲပြတ်ဖြင့်အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့်သို့တက်လှမ်းခဲ့ကြောင်း သိရသည်။
ကွာတားဖိုင်နယ်တွင် စောဖရိုက်ဒေးက အင်ဒိုနီးရှားနိုင်ငံကစားသမားအား တည်ငြိမ်စွာယှဉ်ပြိုင်ကစားပြီးနောက် (၂)ပွဲပြတ်ဖြင့်အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်သို့တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆီမီးဖိုင်နယ်ပွဲစဥ်အား မနက်ဖြန် စက်တင်ဘာ ၁၉ ရက်တွင်ကျင်းပမည်ဖြစ်ကာ စောဖရိုက်ဒေးသည် အုပ်စုအဆင့်ကယှဥ်ပြိုင်ကစားခဲ့သော အီရတ်နိုင်ငံကစားသမားနှင့် ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
