Monday, July 27, 2026

တာချီလိတ်၌ ဆက်သွယ်ရေးလိုင်း ကောင်းမွန်စေရန် MPT...

တာချီလိတ်၊ ဇူလိုင် ၂၇ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် မိုင်းပါလျှိုးကျေးရွာအုပ်စု ဝမ်လန်း (မိုင်းလန်း) ကျေးရွာ၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ မိုဘိုင်းစခန်းသစ်ကို ယမန်နေ့က...

​ခဲယမ်းမီးကျောက် လက်ကျန်တွေ လျော့နည်းလာတာကြောင့် အမေရိကန်က...

​စစ်ပွဲကြီးတစ်ခုလုံး ပြန်ဖြစ်မလာစေဖို့ သံတမန်ရေးအရ ဆွေးနွေးမှုတွေ ဆက်လုပ်နေချိန်မှာပဲ၊ ထိပ်ပိုင်းစစ်ရေးခေါင်းဆောင်တွေက ဒေါ်နယ်တရမ့်ကို ဗုံးကြဲတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ အကြံပေးခဲ့ကြတဲ့အတွက် အမေရိကန်က အီရန်ကို တိုက်ခိုက်နေတာတွေကို...

​အဲဒီနေ့ညက ကျင်းပတဲ့ အိမ်ဖြူတော် သတင်းထောက်များအသင်း...

ငါးလနီးပါးကြာနေပြီဖြစ်တဲ့ ဒီပဋိပက္ခမှာ တရမ့်က သံတမန်ရေးနဲ့ စစ်ရေး ရွေးချယ်စရာတွေကို ချိန်ဆနေတယ်လို့ သိရပါတယ်။ အင်္ဂါနေ့မှာလည်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အိမ်ဖြူတော်ကို...

ရန်ကုန်မြို့တွင် မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်းဖွင့်လှစ်​

ရန်ကုန်၊ဇူလိုင်-၂၆ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ကြိုးဆွဲရုပ်သေး အနုပညာရပ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် လက်ဆင့်ကမ်း ပြုလုပ်နည်း အတတ်ပညာများ ပျံ့နှံ့စေရန် ရည်ရွယ်၍ “မြန်မာ့ရိုးရာကြိုးဆွဲ ရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း”...
HomeNewsမြန်မာ့ရုပ်ရှင်သမိုင်းတွင်အကယ်ဒမီ (၇) ဆုရှင်မှာ...

မြန်မာ့ရုပ်ရှင်သမိုင်းတွင်အကယ်ဒမီ (၇) ဆုရှင်မှာ ညွန့်ဝင်းပြီးလျှင် ရန်​အောင်ဖြစ်လာ
“စောင်နီလေးတစ်ထည်” ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုရခဲ့သည့်  အကယ်ဒမီများရှင် ရန်အောင်

၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို စောင်နီလေးတစ်ထည် ဇာတ်ကားဖြင့် အကယ်ဒမီ (၇) ဆုရှင် ဖြစ်လာသည့် အကယ်ဒမီများရှင် ရန်အောင်ကရရှိခဲ့သည်။

အကယ်ဒမီ ရန်အောင်ဆုရသည့်ထိုဇာတ်ကားသည် ဒါရိုက်တာ ‌တင်အောင်စိုး(ပန်းမြို့တော်) ကဖန်တီးပုံဖော်ထားပြီး ဝါရင့်သရုပ်ဆောင်များဖြစ်သည့် အကယ်ဒမီ စိုးမြတ်သူဇာ ၊ အကယ် ဒမီ စိုးမြတ်နန္ဒာ ၊ နက္ခတ် ၊ ကျော်ဇောဟိန်း ၊ L နေနော်၊ Lဆို င်းဇီနှင့် အနုပညာရှင်များပါဝင်သရုပ်​ဆောင်ထားသည့် တပ်မတော် ဂုဏ်ပြု ဇာတ်ကားတစ်ကား ဖြစ်သည်။

ထို့ပြင် အကောင်းဆုံး ဒါရိုက်တာဆုကိုလည်း စောင်နီလေးတစ်ထည် ဇာတ်ကားမှ တင်အောင်စိုး(ပန်းမြို့တော်)က ရရှိထားသည်။

အကယ်ဒမီ ရန်အောင်သည် ၁၉၉၁ ခုနှစ်၌ မယ်သီတာလိုမိန်းကလေး၊ ၁၉၉၅ခုနှစ်တွင် ပုဂံမှာသာတဲ့လ၊ ၁၉၉၆ ခုနှစ်တွင် အလင်းဖျော့ကောင်းကင်၊၁၉၉၈ ခုနှစ်တွင်ညမင်းသား၊၂၀၀၀ ပြည့်နှစ်တွင် မောဟမျဉ်းပြိုင်းများ၊၂၀၀၆ ခုနှစ်တွင် ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာတို့ ဖြင့် အကောင်းဆုံးအ မျိုးသားဇာတ်ဆောင်ဆုများရရှိခဲ့ခြင်းဖြစ်သည်။

ယနေ့အထိ မြန်မာ့ရုပ်ရှင်သမိုင်းတွင် ဦးညွန့်ဝင်းနှင့် ရန်အောင်သာအကယ်ဒမီ (၇)ဆုအထိရရှိထားခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တာချီလိတ်၌ ဆက်သွယ်ရေးလိုင်း ကောင်းမွန်စေရန် MPT မိုဘိုင်းစခန်းသစ် ဖွင့်လှစ်

တာချီလိတ်၊ ဇူလိုင် ၂၇ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် မိုင်းပါလျှိုးကျေးရွာအုပ်စု ဝမ်လန်း (မိုင်းလန်း) ကျေးရွာ၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ မိုဘိုင်းစခန်းသစ်ကို ယမန်နေ့က ဖွင့်လှစ်ခဲ့သည်။ အဆိုပါ မိုဘိုင်းစခန်းသစ်သည် အစိုးရ၏ ရက် (၁၀၀) စီမံကိန်း လုပ်ငန်း ၂၇ ခုအနက် တစ်ခုဖြစ်ပြီး နယ်စပ်နှင့် ကျေးလက်ဒေသများတွင် ဖုန်းနှင့် အင်တာနက်လိုင်း တည်ငြိမ်ကောင်းမွန်စေရေး၊ ဒီဂျစ်တယ် ဆက်သွယ်ရေး လွှမ်းခြုံမှု တိုးမြှင့်ပေးနိုင်ရေးနှင့် ဒေသခံများ၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကဏ္ဍများ အဆင်ပြေစေရေးအတွက်...

​ခဲယမ်းမီးကျောက် လက်ကျန်တွေ လျော့နည်းလာတာကြောင့် အမေရိကန်က အီရန်ကို တိုက်ခိုက်နေတာတွေ ဒုတိယမြောက် ညအဖြစ် ထပ်ရပ်နားထား

​စစ်ပွဲကြီးတစ်ခုလုံး ပြန်ဖြစ်မလာစေဖို့ သံတမန်ရေးအရ ဆွေးနွေးမှုတွေ ဆက်လုပ်နေချိန်မှာပဲ၊ ထိပ်ပိုင်းစစ်ရေးခေါင်းဆောင်တွေက ဒေါ်နယ်တရမ့်ကို ဗုံးကြဲတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ အကြံပေးခဲ့ကြတဲ့အတွက် အမေရိကန်က အီရန်ကို တိုက်ခိုက်နေတာတွေကို ဒုတိယမြောက် ညအဖြစ် ထပ်ပြီး ရပ်နားထားပါတယ်။ တရမ့် အစိုးရအဖွဲ့ထဲက အရာရှိကြီးတွေကလည်း ဒေသတွင်းမှာ ရေရှည်စစ်ဆင်ရေးလုပ်ဖို့ အဟန့်အတားဖြစ်စေနိုင်တဲ့ ခဲယမ်းမီးကျောက် လက်ကျန်တွေ လျော့နည်းလာနေတဲ့အကြောင်း သမ္မတကို တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။ သောကြာနေ့က အိမ်ဖြူတော် အိုဗယ်လ်(Oval) ရုံးခန်း အစည်းအဝေးမှာ အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် နဲ့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ...

​အဲဒီနေ့ညက ကျင်းပတဲ့ အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲမှာတော့ အီရန်ဘက်က သဘောတူညီချက်တစ်ခုရယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ သူ မထင်ကြောင်း၊ ဒါပေမဲ့ သူကိုယ်တိုင်ကတော့ နားထောင်ပေးဖို့ အဆင်သင့်ရှိကြောင်း တရမ့်က ပြောကြားသွားခဲ့ပါသေးတယ်။

ငါးလနီးပါးကြာနေပြီဖြစ်တဲ့ ဒီပဋိပက္ခမှာ တရမ့်က သံတမန်ရေးနဲ့ စစ်ရေး ရွေးချယ်စရာတွေကို ချိန်ဆနေတယ်လို့ သိရပါတယ်။ အင်္ဂါနေ့မှာလည်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အိမ်ဖြူတော်ကို လာဖို့ရှိနေပါတယ်။ အစ္စရေးဝန်ကြီးချုပ်ဟာ အီရန်ခေါင်းဆောင်တွေနဲ့ အမေရိကန်တို့ ဆွေးနွေးနေတာကို ပြင်းပြင်းထန်ထန် ဝေဖန်သူတစ်ဦးဖြစ်ပြီး၊ အီရန်ကို ဆက်တိုက်ခိုက်ဖို့ အမေရိကန်ကို ဖိအားပေးနေသူလည်း ဖြစ်ပါတယ်။ နေတန်ယာဟု ကိုယ်တိုင်ကလည်း လာမယ့် အောက်တိုဘာလ ရွေးကောက်ပွဲမတိုင်ခင်မှာ သူဦးဆောင်နေတဲ့ အီရန်နဲ့ လက်ဘနွန်က ဟစ်ဇ်ဘိုလာတွေအပေါ် စစ်ရေးလှုပ်ရှားမှုတွေကနေ ရလဒ်ကောင်းတွေ ထွက်လာတယ်ဆိုတာကို ပြသဖို့ နိုင်ငံရေးအရ ဖိအားတွေ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071