Saturday, August 1, 2026

အာဆီယံအသိုက်အဝန်းနှင့် ပြန်လည်ပေါင်းစည်းရေး လွှတ်တော်က IPU...

အာဆီယံအသိုက်အဝန်းနှင့် ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်လျက်ရှိသကဲ့သို့ လွှတ်တော်ဘက်မှလည်း အပြည်ပြည်ဆိုင်ရာ လွှတ်တော်များသမဂ္ဂ (IPU) နှင့် ချိတ်ဆက်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက...

Sky Villa Condo ပြိုကျမှုနှင့်...

နေပြည်တော်၊ ဩဂုတ် ၁ မန္တလေးမြို့ရှိ Sky Villa Condo ငလျင်ဒဏ်ကြောင့် ပြိုကျပျ-က်စီးပြီး လူ‌ေ-သဆုံးမှုများ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဆောက်လုပ်ရေးကုမ္ပဏီ...

သီလဝါအထူးစီးပွားရေးဇုန်၌ ၃.၃၇ မဂ္ဂါဝပ်ထွက် နေရောင်ခြည်စွမ်းအင်သုံး...

သီလဝါအထူးစီးပွားရေးဇုန်အတွင်း Thilawa Property Development Limited (TPD) မှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ၃.၃၇ မဂ္ဂါဝပ်ထွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း...

မုတ်သုံလေ အားကောင်းမှုကြောင့် လေးရက်တာအတွင်း တိုင်းနှင့်...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသဖြင့် ဩဂုတ်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ တိုင်းနှင့် ပြည်နယ် အများအပြား၌...
HomeNewsLocal Newsမြန်မာ့ဆေးဝါးလုပ်ငန်းက ဆေးဝါးအသစ် (၆)...

မြန်မာ့ဆေးဝါးလုပ်ငန်းက ဆေးဝါးအသစ် (၆) မျိုး သုတေသနစမ်းသပ်အောင်မြင်

ရန်ကုန်၊ ဩဂုတ် ၁

မြန်မာ့ဆေးဝါးလုပ်ငန်းက ပြည်တွင်းထုတ်လုပ်နိုင်ရေး ရည်ရွယ်၍ သုတေသနပြု စမ်းသပ်ဆောင်ရွက်ခဲ့သည့် ဆေးဝါးအမယ်သစ် (၆) မျိုးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သိရသည်။

သုတေသနအောင်မြင်ခဲ့သည့် ဆေးဝါးများတွင် ဆီးချိုရောဂါကုသဆေး (၂) မျိုး၊ ကိုယ်ခံအားကျဆင်းမှုကူးစက်ရောဂါ (HIV) ကုသဆေး (၁) မျိုး၊ အရိုးအကြောအဆစ်ရောဂါကုသဆေး (၁) မျိုး၊ ကင်ဆာရောဂါကုသဆေး (၁) မျိုးနှင့် မေ့ဆေး (၁) မျိုးတို့ ပါဝင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့ရှိ မြန်မာ့ဆေးဝါးလုပ်ငန်း သုတေသနဌာနတွင် ယမန်နေ့က ကျင်းပသည့် အခမ်းအနား၌ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြည်တွင်း၌ ဆေးဝါးများကို ကိုယ်တိုင်ထုတ်လုပ်နိုင်ခြင်းကြောင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားတွင် မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ဆေးဝါးအမယ်သစ် (၆) မျိုး သုတေသနစမ်းသပ်အောင်မြင်ခြင်း အခမ်းအနားကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး သုတေသနဌာန အထွေထွေမန်နေဂျာက ဆေးဝါးသုတေသန ဆောင်ရွက်ခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာသူများသည် သုတေသနအောင်မြင်ထားသည့် ဆေးဝါးအမယ်သစ်များနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံအသိုက်အဝန်းနှင့် ပြန်လည်ပေါင်းစည်းရေး လွှတ်တော်က IPU နှင့် ချိတ်ဆက်ဆောင်ရွက်နေဟု ဦးခင်ရီ ပြော

အာဆီယံအသိုက်အဝန်းနှင့် ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်လျက်ရှိသကဲ့သို့ လွှတ်တော်ဘက်မှလည်း အပြည်ပြည်ဆိုင်ရာ လွှတ်တော်များသမဂ္ဂ (IPU) နှင့် ချိတ်ဆက်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့သည်။ ဦးခင်ရီက မြန်မာနိုင်ငံအနေဖြင့် အာဆီယံအသိုက်အဝန်းတွင် ပါဝင်ရန် ကိုယ်တိုင်ရွေးချယ်ခဲ့သည့်အတွက် ယင်းအသိုက်အဝန်းနှင့် ပြန်လည်ပေါင်းစည်းနိုင်ရေးကို အလေးထားဆောင်ရွက်နေကြောင်း၊ အစိုးရပိုင်းက သံတမန်ရေးရာနည်းလမ်းများဖြင့် ဆောင်ရွက်နေသကဲ့သို့ လွှတ်တော်ပိုင်းမှလည်း IPU နှင့် ချိတ်ဆက်ကာ တတ်နိုင်သမျှ ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်အပေါ် လွှတ်တော်အတွင်း အဆိုတင်သွင်းဆွေးနွေးရာတွင် ထောက်ခံသူနှင့် ကန့်ကွက်သူများ...

Sky Villa Condo ပြိုကျမှုနှင့် ဆက်စပ်၍ ဆောက်လုပ်ရေးကုမ္ပဏီ ၃ ခုကို အမည်မည်းစာရင်းသွင်း

နေပြည်တော်၊ ဩဂုတ် ၁ မန္တလေးမြို့ရှိ Sky Villa Condo ငလျင်ဒဏ်ကြောင့် ပြိုကျပျ-က်စီးပြီး လူ‌ေ-သဆုံးမှုများ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဆောက်လုပ်ရေးကုမ္ပဏီ ၃ ခုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို အမည်မည်းစာရင်း (Blacklist) သွင်းလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်ကြေညာထားသည်။ အဆိုပါကုမ္ပဏီ၃ ခုနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများကို ၂၀၂၆ ခုနှစ် ဇွန် ၁၉ ရက်မှ စတင်ကာ ဆောက်လုပ်ရေးဝန်ကြီးဌာနက အမည်မည်းစာရင်း ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ အကြောင်းကြားချက်အရ...

သီလဝါအထူးစီးပွားရေးဇုန်၌ ၃.၃၇ မဂ္ဂါဝပ်ထွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး ရှေ့ပြေးစီမံကိန်း ဖွင့်လှစ်

သီလဝါအထူးစီးပွားရေးဇုန်အတွင်း Thilawa Property Development Limited (TPD) မှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ၃.၃၇ မဂ္ဂါဝပ်ထွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ရှေ့ပြေးစီမံကိန်း ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။ ယမန်နေ့ (ဇူလိုင်လ ၃၁ ရက် )မွန်းလွဲပိုင်းက သန်လျင်မြို့နယ်၊ သီလဝါဥယျာဉ်မြို့တော်ရှိ Residential & Commercial ဧရိယာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071