Sunday, September 20, 2026

လူငယ်/အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များ လေ့ကျင့်ပျိုးထောင်ရေးကိုဆောင်ရွက်သွားမည်

လူငယ်/အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များ လေ့ကျင့်ပျိုးထောင်ရေးကိုဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြုးရေးပါတီ(USDP)ဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည့် ဦးခင်ရီက ပြောသည်။ USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီက ယနေ့ စက်တင်ဘာ...

USDP ပါတီ၏ လုပ်ငန်းစီမံချက်များကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် (၅)နှစ်စီမံချက်ကို...

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ လုပ်ငန်းစီမံချက်များကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် (၅)နှစ်စီမံချက်ကိုဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ပါတီ ဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည့် ဦးခင်ရီက ပြောသည်။ USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီက ယနေ့ စက်တင်ဘာ...

USDP ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ပြန်လည်ရွေးချယ်ခံရ

နေပြည်တော်၊ စက်တင်ဘာ ၂၀ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ စတုတ္ထအကြိမ် ပါတီညီလာခံတွင် ပါတီခေါင်းဆောင်ပိုင်းကို ရွေးချယ်အတည်ပြုခဲ့ရာ ဦးခင်ရီအား ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့ပြီး...

တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေ ရှုံးပွဲမရှိ...

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲ၏ Women’s...
HomeNewsLocal Newsမြန်မာအစိုးရသို့ နိုင်ငံပေါင်း(၃၈)နိုင်ငံမှ အကူအညီတောင်းမှုကြောင့်...

မြန်မာအစိုးရသို့ နိုင်ငံပေါင်း(၃၈)နိုင်ငံမှ အကူအညီတောင်းမှုကြောင့် ၂ နှစ်ကျော်ကာလအတွင်း Online လိ-မ်လ-ည်မှုလုပ်ငန်းများတွင် မတရားခို-င်းစေခြင်းခံရသူ ၁၂၉၂ ဦးကို ရှာဖွေလွှဲပြောင်းပေးနိုင်ခဲ့

၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အထိ(၂ နှစ်ကျော်)အတွင်း နိုင်ငံပေါင်း(၃၈)နိုင်ငံမှ အကူအညီတောင်းမှုကြောင့် Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ်ငန်းများ၌ ခို-င်းစေခြင်းခံခဲ့ရသည့် နိုင်ငံခြားသား(၁၂၉၂)ဦးကို ရှာဖွေကယ်တင်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်း တရားမဝင် Online လိ-မ်လ-ည်မှုနှင့်လော-င်းကစားမှုများအပါအဝင် ဒုစရိုက်မှုများ ဖြစ်ပေါ်လျက်ရှိသည်ကို နှိမ်နှင်းနေမှုနှင့်ပတ်သက်၍ ယနေ့ ဇန်နဝါရီ ၂၀ ရက်က အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၂ နှစ်ကျော်အတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ အပါအဝင် အာရှ၊ ဥရောပ၊ တရုတ်နိုင်ငံနှင့် တောင်အာဖရိကဒေသရှိ နိုင်ငံပေါင်း(၃၈)နိုင်ငံမှ အမျိုးသား(၃၄၁၅)ဦး၊ အမျိုးသမီး(၇၆၁)ဦး(စုစုပေါင်း ၄၁၇၆ ဦး)ကို ကူညီစုံစမ်းရှာဖွေပေးရန် သံတမန်လမ်းကြောင်း၊ အင်တာပိုလ်ရဲဆက်သွယ်ရေးလမ်းကြောင်းနှင့် ရဲဆက်ဆံရေးလမ်းကြောင်းများမှတစ်ဆင့် အကြောင်းကြားသည့်စာများလက်ခံရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံတော်အစိုးရမှရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့သဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အထိ အမျိုးသား(၉၅၈)ဦး၊ အမျိုးသမီး (၃၃၄)ဦး(စုစုပေါင်း ၁၂၉၂ ဦး)ကို ရှာဖွေကယ် တင်နိုင်ခဲ့ကာ (၁၂၈၄)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်လွှဲ ပြောင်းပေးခဲ့ပြီး ဗီယက်နမ်(၅)ဦး၊ ပါကစ္စတန်(၁) ဦး ၊ တရုတ်(၂)ဦး(စုစုပေါင်း ၈ ဦး) ပြည်နှင်လွှဲပြောင်းရန်ကျန်ရှိကာ ကျန်ရှိသည့်(၂၈၈၄)ဦးအား ပြန်လည်တွေ့ရှိနိုင်ရန် စုံစမ်းရှာဖွေမှုများကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့နှင့်ပတ်သက်၍ ထူးခြားမှုများရှိပါက သက်ဆိုင်ရာသံရုံးနှင့်နိုင်ငံများသို့ အချိန်နှင့် တစ်ပြေးညီသတင်းဖလှယ်ပေးလျက်ရှိကာ မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းပြီး ၂၀၂၄ ခုနှစ်၊ မတ် ၂၈ ရက်မှ ၃၁ ရက်အတွင်း ပထမအကြိမ်၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်မှ ၂၆ ရက်အတွင်း ဒုတိယအကြိမ်အဖြစ် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ Online Scam Center များကို တားဆီးနှိမ်နင်းမှု(၂)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာမှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို ဥပဒေနှင့်အညီစိစစ်နိုင်ရန်၊ အမြန်ဆုံးတရားစွဲဆိုအရေးယူဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်နိုင်ရန် ကော်မတီများဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လူငယ်/အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များ လေ့ကျင့်ပျိုးထောင်ရေးကိုဆောင်ရွက်သွားမည်

လူငယ်/အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များ လေ့ကျင့်ပျိုးထောင်ရေးကိုဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြုးရေးပါတီ(USDP)ဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည့် ဦးခင်ရီက ပြောသည်။ USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီက ယနေ့ စက်တင်ဘာ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ၏ စတုတ္ထအကြိမ်ပါတီညီလာခံ၌ နှုတ် ခွန်းဆက်အမှာစကားပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ "လွန်ခဲ့တဲ့(၅)နှစ်တာကာလမှာ အထိုက်အလျောက်အောင်မြင်ခဲ့တဲ့ ပါတီဝင် ပါတီဝင်သစ်စုဆောင်းရေး အစိမ်းရောင်စီမံချက်ကို ပိုမိုအသေးစိတ်ပြီး ဖိဖိစီးစီး ဆက်လက်ဖော်ဆောင်သွားမှာပါ။ လူငယ်တွေနဲ့ အသစ်စုစည်းရရှိတဲ့ လူငယ်တွေကိုအရည်အချင်း၊ အရည်အသွေးလိုက်ရွေးထုတ်ပြီး နိုင်ငံရေးပညာ၊ စီးပွားရေးပညာ၊ မူဝါဒရေးဆွဲမှု၊ ခေါင်းဆောင်မှု၊ နိုင်ငံတကာဆက်ဆံရေး၊ Digital Technology ၊...

USDP ပါတီ၏ လုပ်ငန်းစီမံချက်များကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် (၅)နှစ်စီမံချက်ကို ဆက်လက်အကောင်အထည် ဖော်သွားမည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ လုပ်ငန်းစီမံချက်များကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် (၅)နှစ်စီမံချက်ကိုဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ပါတီ ဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည့် ဦးခင်ရီက ပြောသည်။ USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီက ယနေ့ စက်တင်ဘာ ၂၀ ရက်တွင်ကျင်းပသည့် ပြပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စတုတ္ထအကြိမ်ပါတီညီလာခံ၌ နှုတ်ခွန်းဆက်အမှာစကားပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ " ပါတီရဲ့ လုပ်ငန်းစီမံချက်ကိုအရှိန်အဟုန်နဲ့ဆောင် ရွက်နိုင်ဖို့ အစပျိုးတဲ့အနေနဲ့ ၂၀၂၆ ခုနှစ်၊ အောက်တို ဘာ ၁ ရက်ကနေ  ဒီဇင်ဘာ ၃၁ ရက်အထိအကျုံးဝင်မယ့် ရက်(၉၀)စီမံချက်ကိုချမှတ်အကောင်အထည်ဖော်သွားမှာပါ။ ဒါ့အပြင် (၁)နှစ်စီမံချက်၊ (၅)နှစ်စီမံချက်တွေကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ အစီအမံတွေကြိုတင်ရေးဆွဲထားပြီး...

USDP ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ပြန်လည်ရွေးချယ်ခံရ

နေပြည်တော်၊ စက်တင်ဘာ ၂၀ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ စတုတ္ထအကြိမ် ပါတီညီလာခံတွင် ပါတီခေါင်းဆောင်ပိုင်းကို ရွေးချယ်အတည်ပြုခဲ့ရာ ဦးခင်ရီအား ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့ပြီး ဦးခင်ရီအပါအဝင် ပါတီဗဟိုအမှုဆောင် ၄၆ ဦးကို ပြန်လည်ရွေးချယ်ခဲ့ကြောင်း သိရသည်။ ပါတီခေါင်းဆောင်ပိုင်း ရွေးချယ်အတည်ပြုမှုအရ ပါတီဥက္ကဋ္ဌအဖြစ် ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများအဖြစ် ဦးမြတ်ဟိန်းနှင့် ဦးသောင်းအေး၊ အတွင်းရေးမှူးများအဖြစ် ဦးတင်အောင်ချစ်နှင့် ဦးအောင်စိုးတို့ကို ရွေးချယ်အတည်ပြုခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီ၏ စတုတ္ထအကြိမ် ပါတီညီလာခံကို စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် နေပြည်တော်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071