Home International မြန်မာအစိုးရသစ်၏ သဘောထားမှာ ယခင်ကထက် ပိုမိုပွင့်လင်းလာဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြော

မြန်မာအစိုးရသစ်၏ သဘောထားမှာ ယခင်ကထက် ပိုမိုပွင့်လင်းလာဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြော

0
84

မြန်မာနိုင်ငံ၏ လက်ရှိအစိုးရသည် အကြံပြုချက်များကို ပိုမိုလက်ခံဆောင်ရွက်လိုသည့် သဘောထားရှိလာကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ဇွန် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ ပါလီမန်တွင် ပြောကြားရာ၌ ၎င်းက အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ပြီးခဲ့သည့်လအတွင်း နေပြည်တော်၌ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။

တွေ့ဆုံဆွေးနွေးစဉ် ယခင်က အာဆီယံနှင့် မြန်မာနိုင်ငံအကြား သဘောတူညီထားသည့် ငြိမ်းချမ်းရေးဆိုင်ရာ အချက် (၅) ချက်၏ အကောင်အထည်ဖော်မှု အခြေအနေများကို ဆွေးနွေးခဲ့သည့်အပြင် မလေးရှားနိုင်ငံရှိ မြန်မာဒုက္ခသည်များ၏ အရေးကိစ္စနှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ၎င်းက ဆိုသည်။

မလေးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သည့် ကာလအတွင်းက မြန်မာနိုင်ငံနှင့် ဆက်ဆံရေးအခြေအနေနှင့် နှိုင်းယှဉ်ပါက လက်ရှိတွင် မြန်မာဘက်မှ အကြံပြုချက်များအပေါ် ပိုမိုပွင့်လင်းသည့် သဘောထားကို တွေ့မြင်ရကြောင်း မိုဟာမက် ဟာဆန်က ပြောကြားခဲ့သည်။

ထို့ပြင် ငြိမ်းချမ်းရေးအစီအစဉ်ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့် လိုအပ်ပါက သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ပြန်လည်သုံးသပ်နိုင်မည့် နည်းလမ်းများ ရှာဖွေရေးအတွက် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် အာဆီယံခေါင်းဆောင်များက နိုင်ငံခြားရေးဝန်ကြီးများကို ညွှန်ကြားထားကြောင်း ၎င်းက ပြောသည်။

“လိုအပ်ပါက ချိန်ညှိမှုများ ပြုလုပ်သွားမည်ဖြစ်သော်လည်း မည်သည့်ပြောင်းလဲမှုကိုမဆို ဆောင်ရွက်မီ အာဆီယံခေါင်းဆောင်အားလုံး၏ သဘောတူညီချက် ရရှိရန် လိုအပ်မည်ဖြစ်သည်” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ပြောကြားခဲ့သည်။

Ref: International

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here