Sunday, May 10, 2026

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌...

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို နိုင် ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းက ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင်ကျင်းပသည့် (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည်။ အမြဲတမ်းအတွင်းဝန်က မြန်မာအစိုးရသစ်၏ ဦးစား ပေးလုပ်ငန်းစဉ်များအပါအဝင်...

စစ်ပွဲအဆုံးသတ်တော့မည်ဟုထင်ကြောင်းနှင့်ဇလန်းစကီးနှင့်တွေ့ရန်ဆန္ဒရှိကြောင်းပူတင်ပြော

ယူကရိန်းစစ်ပွဲသည် အဆုံးသတ်တော့မည့်အနေအထား ဖြစ်နိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပြီး အကယ်၍သာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အပြီးသတ် နိုင်လျှင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနှင့်...

ပါကစ္စတန်တွင် ကားဗုံးပေါက်ကွဲ၍ ရဲ ၁၄...

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုတွင် ကားဗုံးပေါက်ကွဲသဖြင့် အခင်းဖြစ် ပွါးရာ နေရာသို့ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ခြုံခိုတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း...

ပါကစ္စတန်တွင် ကားဗုံးပေ-ါက်ကွဲ၍ ရဲ ၁၄...

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုတွင် ကားဗုံးပေ-ါက်ကွဲသဖြင့် အခင်းဖြစ် ပွါးရာ နေရာသို့ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ခြုံခိုတို-က်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း...
HomeNewsLocal Newsမြန်မာသမ္မတသစ်နှင့် အိန္ဒိယနိုင်ငံက ဆက်ဆံရေးမြှင့်တင်ရန်...

မြန်မာသမ္မတသစ်နှင့် အိန္ဒိယနိုင်ငံက ဆက်ဆံရေးမြှင့်တင်ရန် ကြိုးပမ်း

ဧပြီလ ၆ ရက်

မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံ၏ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်ပြီး ဒုတိယသမ္မတ နှစ်ဦးအဖြစ် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့ကိုလည်း ရွေးချယ်တင်မြှောက်ခဲ့ပါသည်။ မြန်မာ့တပ်မတော်မှ အငြိမ်းစားဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ ဦးညိုစောသည် စီးပွားရေးကဏ္ဍတွင် ဩဇာညောင်းသူဖြစ်ပြီး သမ္မတ၏ လမ်းညွှန်မှုအောက်တွင် မူဝါဒများကို ဦးဆောင်ကိုင်တွယ်သွားလိမ့်မည်ဟု မျှော်လင့်ရသည်။ တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်နန်းနီနီအေးသည် တိုင်းရင်းသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုများကို တွန်းအားပေးဆောင်ရွက်သွားလိမ့်မည်ဟု မျှော်လင့်ရသည်။

မြန်မာနိုင်ငံသည် အိန္ဒိယ၏ အဓိကနိုင်ငံခြားရေးမူဝါဒများဖြစ်သော အရှေ့မျှော်လုပ်ဆောင်မှု၊ အိမ်နီးခြင်းပထမနှင့် အင်ဒို-ပစိဖိတ်တို့ ဆုံစည်းရာနေရာတွင် တည်ရှိမှုအရ နှစ်နိုင်ငံဆက်ဆံရေးမှာ ဘက်ပေါင်းစုံပါဝင်ပြီး မဟာဗျူဟာမြောက်လှသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ကူညီပံ့ပိုးပေးရန်နှင့် “မြန်မာကဦးဆောင်သော၊ မြန်မာနည်းမြန်မာ့ဟန်ဖြစ်သော၊ မြန်မာနှင့်အသင့်တော်ဆုံးဖြစ်သော” ပြည်တွင်းပဋိပက္ခဖြေရှင်းရေး နည်းလမ်းကို ရှာဖွေရာတွင် ကူညီရန် ဆန္ဒရှိကြောင်း နှစ်နိုင်ငံဆက်ဆံရေးကို နီးစပ်စွာသိရှိသူတစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံရေးအရ ထိတွေ့ဆက်ဆံမှုမပါဘဲ လုံခြုံရေးကိုသာ အခြေခံသော ချဉ်းကပ်မှုနည်းလမ်းမျိုးသည် အကန့်အသတ်ရှိသည်ဟု အိန္ဒိယအစိုးရက ယုံကြည်ထားသည်။ မကြာသေးမီက ပြုလုပ်ခဲ့သော ရွေးကောက်ပွဲများနှင့် အစိုးရသစ်ဖွဲ့စည်းခြင်းသည် ဆွေးနွေးပွဲများအတွက် လမ်းဖွင့်ပေးလိမ့်မည်ဟု မျှော်လင့်ထားသည်။ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိရန်အတွက် အလျှော့အတင်းလုပ်ဆောင်သော အဓိပ္ပာယ်ရှိသည့် ဆွေးနွေးပွဲများ လိုအပ်ကြောင်း နှစ်နိုင်ငံဆက်ဆံရေး ကျွမ်းကျင်သူများက ဆိုကြသည်။

အိန္ဒိယ၏ အကျိုးစီးပွားမှာ မြန်မာနိုင်ငံ တည်ငြိမ်ရေး၊ အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် ပြဿနာများကို ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ဖြေရှင်းရေးတို့အပေါ်တွင် တည်ရှိသည်။ အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်းကာလတွင် ပါဝင်ခဲ့ပြီး သက်ဆိုင်သူအဖွဲ့အစည်းအသီးသီးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ဒီမိုကရေစီစနစ်ဆိုင်ရာ အတွေ့အကြုံဖလှယ်ရေးတို့ကို လုပ်ဆောင်ခဲ့သည်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွင် နိုင်ငံရေး၊ လုံခြုံရေး၊ ကာကွယ်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဆက်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု အကူအညီနှင့် လူသားချင်းစာနာမှုဆိုင်ရာ ပံ့ပိုးမှုများ ပါဝင်သည်။ အိန္ဒိယသည် ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ် ရာဂီမုန်တိုင်းနှင့် ၂၀၂၅ ခုနှစ် မန္တလေးငလျင်တို့အပါအဝင် မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ်များတွင် ပထမဆုံး ကူညီသူများထဲတွင် ပါဝင်ခဲ့သည်။

နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၅ ဘဏ္ဍာ‌ရေးနှစ်တွင် ၂၂.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၁၅ ဘီလျံအထိ ရှိလာခဲ့သည်။ မြန်မာနိုင်ငံ၏ ပို့ကုန်မှာ ဒေါ်လာ ၁.၅၃ ဘီလျံရှိပြီး အိန္ဒိယ၏ ပို့ကုန်မှာ ဒေါ်လာ ၆၁၄.၃ သန်း ရှိသည်။ မြန်မာနိုင်ငံမှ အိန္ဒိယသို့ တင်ပို့မှု၏ ၇၇ ရာခိုင်နှုန်းမှာ ပဲမျိုးစုံဖြစ်ပြီး ယခုနှစ်အတွင်း ၂၉.၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ အိန္ဒိယသည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်သည်။

ရူပီး-ကျပ် တို-က်ရို-က်ပေးချေမှုစနစ်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစတင်၍ အကောင်အထည်ဖော်ခဲ့သည်။ အဆိုပါစနစ်အရ မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့မှုနှင့်အတူ အိန္ဒိယမှ လောင်စာဆီနှင့် ဆေးဝါးတင်ပို့မှုများကို မြှင့်တင်နိုင်ပါက ကုန်သွယ်ရေးကို ပိုမိုတိုးချဲ့နိုင်မည့် အခွင့်အလမ်းများ ရှိနေသည်။

အခြားအလားအလာရှိသော ကဏ္ဍတစ်ခုမှာ မြေရှားသတ္တု အပါအဝင် သတ္တုတွင်းကဏ္ဍ ဖြစ်သည်။ အိန္ဒိယသည် မြန်မာနိုင်ငံမှ မြေရှားသတ္တုများကို လုပ်ငန်းအချင်းချင်း ချိတ်ဆက်၍ ဝယ်ယူရန် အသင့်ရှိနေပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းသော နည်းလမ်းဖြင့် ရှာဖွေတူးဖော်နိုင်ရန် နည်းပညာနှင့် လေ့ကျင့်သင်တန်းများ ပေးအပ်ရန် အသင့်ရှိနေကြောင်း သိရသည်။ 

Ref: သည်အက်ကိုနောမစ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ MOFA အမြဲတမ်းအတွင်းဝန်ပြောကြားခဲ့

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို နိုင် ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းက ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင်ကျင်းပသည့် (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည်။ အမြဲတမ်းအတွင်းဝန်က မြန်မာအစိုးရသစ်၏ ဦးစား ပေးလုပ်ငန်းစဉ်များအပါအဝင် မြန်မာနိုင်ငံ၏ နိုင်ငံ ရေးဖြစ်ပေါ်တိုးတက်မှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် ဒေသတွင်း စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံရေး အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အာဆီယံအသိုက်အဝန်းထူ ထောင်ရေးလုပ်ငန်းစဉ်များ၌ ပါဝင်ဆောင်ရွက်နေမှုတို့ကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။ အစည်းအဝေးတက်ရောက်လာကြသူများက ဒေသတွင်းစွမ်းအင်ဖူလုံရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အရှေ့အလယ်ပိုင်းဒေသရောက်ရှိနေသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေး၊ ပထ ဝီနိုင်ငံရေးတင်းမာမှုများကြောင့် ဖြစ်ပေါ်လာသည့် ရေ နံထောက်ပံ့မှုနှင့် ဈေးနှုန်းမတည်ငြိမ်မှု၏သက်ရောက်မှုများကို...

စစ်ပွဲအဆုံးသတ်တော့မည်ဟုထင်ကြောင်းနှင့်ဇလန်းစကီးနှင့်တွေ့ရန်ဆန္ဒရှိကြောင်းပူတင်ပြော

ယူကရိန်းစစ်ပွဲသည် အဆုံးသတ်တော့မည့်အနေအထား ဖြစ်နိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပြီး အကယ်၍သာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အပြီးသတ် နိုင်လျှင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနှင့် တတိယနိုင်ငံတစ်ခုတွင် တွေ့ဆုံသွားရန် ဆန္ဒရှိကြောင်း သူကထုတ်ဖော်ပြောဆိုခဲ့သည်။ ရုရှား၏ နှစ်များစွာအတွင်း အင်အားအနည်းဆုံးပမာဏဖြင့် ကျင်းပခဲ့သည့် စစ်အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားတွင် ပူတင်က ယူကရိန်းတွင် အောင်ပွဲခံမည်ဟု ကတိပြုခဲ့ပြီး နာရီပိုင်းအကြာ စနေနေ့က သတင်းထောက်များကို ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ရုရှားနှင့် ယူကရိန်းတို့ သည် သုံးရက်ကြာ အပစ်အခတ်ရပ်စဲမှု စတင်ခဲ့ကာ အကျဉ်းသား ၁,၀၀၀ ကို...

ပါကစ္စတန်တွင် ကားဗုံးပေါက်ကွဲ၍ ရဲ ၁၄ ဦး ‌ေ-သဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုတွင် ကားဗုံးပေါက်ကွဲသဖြင့် အခင်းဖြစ် ပွါးရာ နေရာသို့ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ခြုံခိုတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ စနေနေ့က တိုက်ခိုက်မှုအပြီး ရိုက်ကူးထားသော ဓာတ်ပုံများအရ ရဲစခန်းအဆောက်အအုံသည် အပျက်အစီးပုံအဖြစ်ပြိုကျသွားခဲ့ပြီး အုတ်ခဲများ၊ မီးလောင်ကျွမ်းနေသော အပျက်အစီးများနှင့် ပျက်စီးနေသော ယာဉ်များသည် ထိုနေရာတစ်ဝိုက်တွင် ပြန့်ကျဲနေသည်ကို တွေ့ရသည်။ ပြိုကျနေသော ရဲကင်းစခန်းအောက်မှ ရဲ ၁၄ ဦး၏ ရုပ်အလေ-ာင်းများကို ပြန်လည်တွေ့ရှိခဲ့ပြီး ရဲသုံးဦးကိုမူ အသက်ရှင်လျက်တွေ့ရှိခဲ့သဖြင့် သူတို့ကို ဆေးရုံသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071