ဗီယက်နမ်နိုင်ငံတွင် ကျင်းပနေသည့် အာဆီယံအမျိုးသမီးချန်ပီယံရှစ် အုပ်စုပွဲဦးထွက်ကို မြန်မာလက်ရွေးစင်အသင်းနှင့် ဩစတြေးလျ ယူ-၂၃အသင်းတို့ ယနေ့ ဩဂုတ် ၇ ရက် ညနေ ၄ နာရီအချိန်တွင်ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက ပထမပိုင်းပွဲချိန်မှာ ဦးဆောင်ဂိုး ၁ဂိုး သွင်းယူထားနိုင်ပြီဖြစ်သည်။
အဆိုပါ သွင်းဂိုးကို ပွဲချိန် ၃၂ မိနစ်တွင် မေသက်မွန်မြင့်က အဝေးကန်ချက်ဖြင့် သွင်းယူခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ဒုတိယပိုင်းပွဲချိန်ပြန်လည်စတင်နေပြီး မြန်မာအသင်းက နောက်ထပ် သွင်းဂိုး ၁ ဂိုးထပ်မံသွင်းယူထားသည်။
