ဘန်ကောက်၊ဖေဖော်ဝါရီ ၄
ထိုင်းနိုင်ငံအစိုးရသည် မြန်မာနိုင်ငံဘက်ရှိ ရာဇဝတ်ဂိုဏ်းများက ၎င်းတို့၏လုပ်ငန်းများကိုလည်ပတ်ရန် အသုံးပြုသည်ဟုသံသယရှိသော နယ်မြေဒေသများသို့ လျှပ်စစ်ဓာတ်အား ၅၀ ရာခိုင်နှုန်းဖြတ်တောက်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဖန်သန်ဝပ်ချရာချိုင်ကပြောကြားခဲ့သည်။
နိုင်ငံတော်လုံခြုံရေးကောင်စီ (NSC) နှင့် ပြည်နယ်လျှပ်စစ်အာဏာပိုင်အဖွဲ့ (PEA) တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ တရားမဝင်လုပ်ငန်းများနှင့် ဆက်နွှယ်နေသည့်ဒေသများသို့ လျှပ်စစ်ဓာတ်အားဖြတ်တောက်မည့်အစီအစဉ်ကိုဆွေးနွေးပြီးနောက် ၎င်းကယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုဆုံးဖြတ်ချက်ကို မြန်မာအာဏာပိုင်များထံလည်းအကြောင်းကြားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပြီး အတည်ပြုပြီးပါက လျှပ်စစ်ဖြတ်တောက်ခံရမည့်ဒေသများတွင် ရွှေကုက္ကိုလ်အပါအဝင်နယ်စပ်ဒေသရှိမြန်မာမြို့နယ်အတော်များများပါဝင်မည်ဟုသိရသည်။
အဆိုပါမြို့နယ်များတွင် လိ-မ်လည်ဂိုဏ်းများရှိနေသည်ဟုလည်း ထိုင်းအာဏာပိုင်များကယူဆထားကြသည်။
ယင်းနောက် မစ္စတာဖန်သန်က ထိုင်း-မြန်မာ နယ်စပ်တလျှောက်အခြေအနေကိုစစ်ဆေးရန် ကြာသပတေးနေ့တွင် မဲဆောက်ခရိုင်သို့သွားရောက်ပြီး အဆိုပါဒေသတွင် လျှပ်စစ်မီး ၅၀ ရာခိုင်နှုန်း လျှော့ချရန် အမိန့်ထုတ်ပြန်မည်ဖြစ်ကြောင်းလည်းဆိုခဲ့သည်။
Source : ဘန်ကောက်ပို့စ်