Friday, February 14, 2025

တာချီလိတ်မြို့နယ်တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့်...

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့် ထိုင်းနိုင်ငံသားများအပါအဝင် (၂၉)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ဖေဖော် ဝါရီ...

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကို ပိုမိုမြှင့်တင်ရန်ဆွေးနွေး

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကိုပိုမိုမြှင့်တင်ရန် နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ တရုတ်ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ၊...

အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်မည့်...

အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် မြန်မာနို င်ငံအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အာဆီယံ-ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က...

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း မစောတံတားတွင် ခရီးသွားယာဉ် ရာနှင့်ချီပိတ်ဆို့မှုဖြစ်ပွား

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအနီးမစောတံတား၌ ယနေ့ ဖေဖော်ဝါရီ (၁၄)ရက်တွင် ခရီးသွားယာဉ်နှင့် ကုန်တင်ယာဉ်များ ရာနှင့်ချီပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။ ထိုသို့ ပိတ်ဆို့ရခြင်းမှာ ယာယီသံဘေလီတံတားအစားကွန်ကရစ်တံတားအသစ်ဆောက်လုပ်ရန်...
HomeNewsLocal Newsမြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌအဖြစ်...

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌအဖြစ် ဦးရဲမင်းအောင်ကို ထပ်မံရွေးချယ်တင်မြှောက်ခဲ့

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ (၆)ကြိမ်မြောက်ရွေးချယ်တင်မြှောက်ပွဲတွင်၂ဝ၂၅ -၂ဝ၂၇ သက်တမ်းကာလအတွက် ဥက္ကဋ္ဌအဖြစ် ဦးရဲမင်းအောင်ကို ဆက်လက် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့်ရွေးကောက်တင်မြှောက်ပွဲ (၅) ကြိမ်ကျင်းပခဲ့ပြီး ဖွဲ့စည်းပုံနှင့်အညီ ကဏ္ဍအသီးသီးမှ အထွေထွေညီလာခံ ကိုယ်စားလှယ်များက စီမံခန့်ခွဲရေးကော်မတီခေါင်းဆောင်များ၊ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

ထို့ပြင် ၂ဝ၁၉ ခုနှစ်၊ မန္တလေးမြို့တွင် ကျင်းပသော အထွေထွေညီလာခံတွင် ဥက္ကဋ္ဌ ဦးချစ်ခိုင်မှ နှုတ်ထွက်ရန် အဆိုပြုတင်ပြခဲ့ပြီး ကျန်ရှိသော သက်တမ်းကာလအတွက် နောင်ရွေးချယ်တင်မြှောက်ပွဲ မကျင်းပချိန်အထိ ယာယီအားဖြင့် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်တို့ကို အထွေထွေညီလာခံမှ တင်မြှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက်အသင်းချုပ်၏ ၂ဝ၂၂-၂ဝ၂၄ သက်တမ်းအတွက် ရွေးကောက်ပွဲကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်တွင် ကျင်းပခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဦးရဲမင်းအောင်၊ အထွေထွေအတွင်းရေးမှူးအဖြစ် ဦးလူမော်မြင့်မောင်တို့အား ရွေးချယ်တင်မြှောက်ခဲ့သည်။

အသင်းချုပ်၏ (၆)ကြိမ်မြောက်ရွေးချယ်တင်မြှောက်ပွဲကို ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ၂ဝ၂၅ -၂ဝ၂၇ သက်တမ်းကာလအတွက် ခေါင်းဆောင်အသစ်များကို ရွေးချယ်တင်မြှောက်ခဲ့ရာ ဥက္ကဋ္ဌအဖြစ် ဦးရဲမင်းအောင်မှ ဆက်လက်တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်မှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန် စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့ကို အစုအဖွဲ့ အဖြစ် ပါဝင်သည့် ဆန်စပါး အထူးပြုကုမ္ပဏီများ ပူးပေါင်းပါဝင်သော ဆန်စပါးစိုက်ပျိုးသည်မှ တင်ပို့ရောင်းချသည်အထိ (Supply Chain) တလျှောက်လုံး ပါဝင်သော စိုက်ပျိုးထုတ်လုပ်၊ ကြိတ်ခွဲတင်ပို့ရောင်းချသူများအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် အချိတ်အဆက်မိစွာ လုပ်ငန်းများဆောင်ရွက်နိုင်စေရန်အတွက် ၂ဝ၁ဝ ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်တွင် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း (Myanmar Rice Industry Association-MRIA) ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

၂၀၁၁ ခုနှစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အစိုးရလက်ထက်တွင် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း(MRIA)အား မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF) အဖြစ်သို့ ပြောင်းလဲတိုးမြှင့် ဖွဲ့စည်းရန်နှင့် မူလတည်ရှိသော အသင်းများ၊ ပြန်လည်သက်ဝင်လှုပ်ရှားပြီး အသင်းချုပ်၏ ဦးဆောင်မှုအောက်တွင် လုပ်ငန်း ဆောင်ရွက်ရန် သဘောတူညီမှုဖြင့် ၂ဝ၁၃ ခုနှစ်၊ ဇွန်လ(၂၃)ရက်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကို (Federation) တိုးမြှင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တာချီလိတ်မြို့နယ်တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့် ထိုင်းနိုင်ငံ သားများအပါအဝင် (၂၉)ဦးဖမ်းမိ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့် ထိုင်းနိုင်ငံသားများအပါအဝင် (၂၉)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ဖေဖော် ဝါရီ ၁၂ ရက်က တာချီလိတ်မြို့၊ ဆန်ဆိုင်း(က) ရပ်ကွက်ရှိ ထိုင်းနိုင်ငံတွင်နေထိုင်သူ ဝယ်ဆန် ငှားရမ်းထားသည့်နေအိမ်အား ဝင်ရောက်ရှာဖွေစစ်ဆေးရာ Online လောင်းကစားတာဝန်ခံ မင်းကျော်နှင့် စကားပြန်၊စာရင်းကိုင် ရီရီဖြိုးတို့အပါ အဝင် အမျိုးသား(၁၁)ဦးနှင့် အမျိုးသမီး(၅)ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ဖေဖော်ဝါရီ ၁၃ ရက်ည နေပိုင်းတွင် ယင်း ရပ်ကွက်၌နေထိုင်သည့် ထိုင်းနိုင်ငံသားအမျိုးသား(၇)ဦးနှင့်...

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကို ပိုမိုမြှင့်တင်ရန်ဆွေးနွေး

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကိုပိုမိုမြှင့်တင်ရန် နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ တရုတ်ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးမစ္စမာကျားတို့ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ မစ္စတာလျှိုကျုံးရီနှင့် မစ္စမာကျားတို့အား ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်မွန်းလွဲ ၂ နာရီက နေပြည်တော်၌တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဥ် မြန်မာ-တရုတ်နှစ်နိုင်ငံကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစီမံကိန်းများ ဆက်လက်အကောင်အ ထည်ဖော်ရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးအတွက် တရားဥပဒေဆိုင်ရာပူး ပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့အတူ နယ်စပ်ဒေသရှိ အွန်လိုင်းလောင်းကစားနှင့် လိ-မ်လည်မှုကွန်ရက်များပူးပေါင်းတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံသက်ဆိုင်ရာဌာနများကြား...

အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်မည့် ကိစ္စရပ်များအား မြန်မာနိုင်ငံမှ အပြည့် အဝ ပူးပေါင်းဆောင်ရွက်သွားမည်

အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် မြန်မာနို င်ငံအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အာဆီယံ-ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က ပြောကြားသည်။ ဆိုးလ်မြို့ရှိ The Westin Josun Seoul ၌ ဖေဖော် ဝါရီ (၁၃) ရက်က ကျင်းပသည့် အာဆီယံ-ကိုရီးယားဗဟိုဌာန (ASE AN-Korea Centre- AKC) ကောင်စီ၏ (၁၇) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် ဂုဏ်ပြုညစာစားပွဲအခမ်း အနားတို့တွင် အာဆီယံ-ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန် မာသံအမတ်ကြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071