Monday, June 23, 2025

ထိုင်းသံရုံးမှ ကြီးမှူးကာ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ၏အကြီးဆုံးသော...

ဂျွန်လ ၂၂ ရက်တွင် ထိုင်းသံရုံးမှကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး T-Pop Star Challenge Myanmar Season 2 ၏...

အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ်ကို...

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၌ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ်ကို ပြီးခဲ့သည့် ဇွန်လ (၂) ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း...

ယူအက်စ်က အီရန်ကို တို-က်ခို-က်မှု ပါကစ္စတန်ရှုံ့ချ

အစ္စလာမာဘတ်၊ဇွန် ၂၂ အီရန်၏နျူစက်ရုံသုံးရုံကို အမေရိက,က တို-က်ခို-က်ခဲ့ခြင်းကို ပါကစ္စတန်ကရှုံ့ချခဲ့ပြီး ဒေသတွင်း တင်းမာမှုများ ထပ်မံတိုးမြင့်လာနိုင်သည့်အတွက် စိုးရိမ်မိကြောင်းလည်း ပြောကြားခဲ့သည်။ "အီရန်ကိုရန်စလိုက်မိတဲ့အတွက် တင်းမာမှုနဲ့အကြမ်းဖက်မှုတွေတိုးမြင့်လာတာက စိတ်အနှောက်အယှက်ဖြစ်စရာပါ၊ နောက်ထပ်တင်းမာမှုသာ...

အမေရိကန် တိုက်ခိုက်မှုတွေမတိုင်မီ နျူကလီးယားစခန်းတွေက ပစ္စည်းတွေကို...

အမေရိကန်ရဲ့ တိုက်ခိုက်မှုမပြုလုပ်မီ နျူကလီးယားစခန်းသုံးခုက ပစ္စည်းတွေကို အီရန်က ရွှေ့ပြောင်းခဲ့ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံထုတ်လွှင့်မှုဌာနရဲ့ နိုင်ငံရေးဆိုင်ရာ ဒုတိယအကြီးအကဲက တနင်္ဂနွေနေ့မှာ IRNA သတင်းအေဂျင်စီက‌နေ...
HomeNewsLocal Newsမြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ရေးကို...

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ရေးကို အလေးထားကြောင်း တရုတ်ပြော

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို အလေးထားလေးစားကြောင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှ င့်တင်ဖော်ဆောင်ရန် တရုတ်နိုင်ငံအနေဖြင့် တက်ကြွစွာ ပံ့ပိုးကူညီလျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြော ရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က ပြောသည်။

ဧပြီ (၂၂) ရက် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ရှမ်းနယ်ပြည်မြောက်ပိုင်း အခြေအနေနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်မှုအပေါ် ၎င်းက ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံအ‌နဖြင့် ကူမင်းငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ လုပ်ငန်းစဉ် တိုးတက်အောင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ (ရှမ်း/မြောက်) စစ်ပွဲများ ရပ်တန့်ရန်အတွက်လည်း ဆွေးနွေးပွဲများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Mr. Guo Jiakun က ပြောကြားသည်။

လက်ရှိတွင် ကူမင်းဆွေးနွေးပွဲများမှတဆင့် မြန်မာ့တပ်မတော်နှင့် ကိုးကန့်တပ်(MNDAA)တို့ အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိထားပြီး အဆိုပါ သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် နှစ်ဘက်၏ ပူးတွဲဖိတ်ကြားချက်အရ တရုတ်နိုင်ငံသည် ပစ်ခတ်ရပ်စဲမှု စောင့်ကြည်ရေးအဖွဲ့ကို လားရှိုးမြို့သို့ စေလွှတ်ထားကြောင်းလည်း ၎င်းက သတင်းစာရှင်းလင်းပွဲတွင် တရားဝင်ထုတ်ပြော ထားသည်။

အဆိုပါ ပစ်ခတ်ရပ်စဲမှု စောင့်ကြည်ရေးအဖွဲ့အနေဖြင့် မြန်မာ့တပ်မတော်နှင့် MNDAA တို့အကြားရှိ ပစ်ခတ်ရပ်စဲ‌ရေးအကောင်အထည်ဖော်မှုကို စောင့်ကြည်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းသံရုံးမှ ကြီးမှူးကာ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ၏အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့

ဂျွန်လ ၂၂ ရက်တွင် ထိုင်းသံရုံးမှကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး T-Pop Star Challenge Myanmar Season 2 ၏ Grand Final နှင့် ထိုင်းရိုးရာအစားအစာနှင့် ထိုင်းရိုးရာပစ္စည်းများ ခင်းကျင်းပြသရောင်းချခြင်းတို့ကို ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel တွင် ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E Mr. Mongkol Visitstump နှင့် ဖိတ်ကြားထားသော ထိုင်းနိုင်ငံမှ နာမည်ကြီး အနုပညာရှင်များဖြစ်သည့် Aou-Boom...

အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ်ကို ကော့သောင်းမြို့တွင်ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၌ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ်ကို ပြီးခဲ့သည့် ဇွန်လ (၂) ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အဆောက်အအုံသစ်ကို မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် လူမှုစီးပွား ဆက်သွယ်ရေးကို မြှင့်တင်ရန်နှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး နယ်စပ်ဖြတ်သန်းမှု စနစ်တကျ ဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ နိုင်ငံခြားသင်္ဘောများနှင့် စက်လှေများ မြို့မဆိပ်ခံတံတားကို ပိုမို ဝင်/ထွက် ဆိုက်ကပ်လာ၍ တိုးတက်လာသည့်အတွက် နှစ်ပေါင်း (၆၀)...

ယူအက်စ်က အီရန်ကို တို-က်ခို-က်မှု ပါကစ္စတန်ရှုံ့ချ

အစ္စလာမာဘတ်၊ဇွန် ၂၂ အီရန်၏နျူစက်ရုံသုံးရုံကို အမေရိက,က တို-က်ခို-က်ခဲ့ခြင်းကို ပါကစ္စတန်ကရှုံ့ချခဲ့ပြီး ဒေသတွင်း တင်းမာမှုများ ထပ်မံတိုးမြင့်လာနိုင်သည့်အတွက် စိုးရိမ်မိကြောင်းလည်း ပြောကြားခဲ့သည်။ "အီရန်ကိုရန်စလိုက်မိတဲ့အတွက် တင်းမာမှုနဲ့အကြမ်းဖက်မှုတွေတိုးမြင့်လာတာက စိတ်အနှောက်အယှက်ဖြစ်စရာပါ၊ နောက်ထပ်တင်းမာမှုသာ တိုးလာဦးမယ်ဆိုရင် ဒေသတွင်းနဲ့အခြားနိုင်ငံတွေအတွက်ပါ ဆိုးဆိုးရွားရွားထိခို-က်နစ်နာစေပါလိမ့်မယ်" ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် ပိုင်ဆိုင်မှုများကို လေးစားထိန်းသိမ်းရန်လိုအပ်ကြောင်း ပါကစ္စတန်ကအလေးပေးပြောကြားခဲ့ပြီး ပဋိပက္ခများရပ်တန့်နိုင်ရန် သက်ဆိုင်ရာနိုင်ငံအားလုံးက နိုင်ငံတကာဥပဒေ (အထူးသဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ) များကို လိုက်နာရမည်ဟုလည်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူများ၊ ရည်ရွယ်ချက်များနှင့်အညီ တွေ့ဆုံဆွေးနွေးရေးနှင့် သံတမန်ရေးအရ ညှိနှိုင်းဖြေရှင်းမှုသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071