ရန်ကုန်၊စက်တင်ဘာ ၅
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) အနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း အမျိုးသား၊ အမျိုးသမီး လက်ရွေးစင်အသင်းများနှင့် ကလပ်အသင်းများ၏ နိုင်ငံတကာဘောလုံးပြိုင်ပွဲများကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလျက်ရှိရာ ယခု စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလများအတွင်း အာရှအဆင့် ခြေစစ်ပွဲများအပြင် ကလပ်အသင်းအဆင့် နိုင်ငံတကာပြိုင်ပွဲများကိုလည်း မြန်မာနိုင်ငံ၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး စုစုပေါင်း ပွဲစဉ် ၃၆ ပွဲအထိ ပါဝင်မည်ဖြစ်ကြောင်း အဖွဲ့ချုပ်ထံမှ သိရသည်။
အဆိုပါ နိုင်ငံတကာပွဲစဉ်များတွင် မြန်မာ့လက်ရွေးစင်အသင်းများနှင့် ကလပ်အသင်းများ ပါဝင်ယှဉ်ပြိုင်မည့် ပွဲစဉ်များအပြင် ပြည်ပအသင်းများ လာရောက်ယှဉ်ပြိုင်မည့် ပွဲစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း အသိပေးထားသည်။
ထို့ကြောင့် ၂၀၂၆ ခုနှစ်၏ လက်ကျန်ကာလအတွင်း မြန်မာနိုင်ငံရှိ ဘောလုံးပရိသတ်များအနေဖြင့် နိုင်ငံတကာအဆင့် ဘောလုံးပွဲစဉ်များကို ဆက်တိုက်ကြည့်ရှုအားပေးနိုင်မည့် အခွင့်အရေး ရရှိမည်ဖြစ်သည်။
