မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာနှင့် အာဟာရ အထောက်အပံများ ပေးအပ်နိုင်ရန် ယူရို ၈ သန်း EUနင့် WFP ကူညီမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံ၌ လူ ၄ ယောက်တွင် ၁ ယောက်နှုန်းဖြင့် စုစုပေါင်း လူဦးရေ ၁၂ ဒသမ ၄ သန်းသည် လတ်တလော ဆာလောင်မွတ်သိပ်မှုဒ-ဏ်ကို ရင်ဆိုင်နေရပြီး၊ လူဦးရေ ၃ ဒသမ ၇ သန်းသည်လည်း ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရကြောင်းလည်း WFP က ထောက်ပြထားသည်။
အဆိုပါ ထောက်ပံမှုအရ ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှု၊ စီးပွားရေးအခက်အခဲနှင့် ထိခိုက်ခံစားနေရသည့် မိသားစုများအတွက် အရေးပေါ် စားနပ်ရိက္ခာအကူအညီများပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကိုယ်၀န်ဆောင် မိခင်များနှင့် နို့တိုက်မိခင်များ ကလေးငယ်များအတွက် အထူးအဟာရ အထောက်အပံ့များ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
