Tuesday, February 18, 2025

လာအို ဝန်ကြီးချုပ် ထိုင်း သွားမည်

လာအိုဝန်ကြီးချုပ် Sonexay Siphandone သည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရန်အလို့ငှာ ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံသိူ့ သွားရောက်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။ ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ၏...

ဆံတော်ရှင် မော်တင်စွန်းစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် (၁၅)...

ဧရာဝတီတိုင်းဒေသကြီးရှိ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုလအတွင်း (၁၅) ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင်...

မုံရွာမြို့တွင် စာအုပ်အငှားဆိုင်များ တိမ်ကောလာနေ

လိုချင်သည့် စာအုပ်ကို ဆိုရှယ်မီဒီယာပေါ်တွင် အချိန်မရွေးဖတ်နေရသည့်အတွက် စာအုပ်အငှားဆိုင်များ တစ်ဖြည်းဖြည်း တိမ်ကောလာနေပြီဖြစ်ကြောင်း မုံရွာမြို့တွင် စာအုပ်အငှားဆိုင်ဖွင့်ခဲ့သူများထံက သိရသည်။ "မုံရွာမြို့ အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ စာအုပ်အငှားဆိုင်တွေ...

ထိုင်းမှာ တုပ်ကွေးကူးစက်မှု ပျံနှံ့နေ

ထိုင်းနိုင်ငံတွင် တုပ်ကွေးကူးစက်ဖြစ်ပွားမှု ပျံ့နှံ့နေပြီး တောင်ပိုင်းဒေသ ပြည်နယ်လေးခုသည် ရောဂါဖြစ်ပွားမှု အပြင်းထန်ဆုံးဖြစ်နေသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။ ယခုလအတွင်း ရောဂါကူးစက်ဖြစ်ပွားမှု သိသိသာသာများပြားခဲ့သည်ဟု ကျန်းမာရေးဝန်ကြီး ဆွန်ဆက်...
HomeNewsLocal Newsမြန်မာနိုင်ငံသို့ ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ...

မြန်မာနိုင်ငံသို့ ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ အကူအညီများ ပံ့ပိုးပေးနိုင်ရေး  (CFC) နှင့် ဆွေးနွေး

မြန်မာနိုင်ငံသို့ ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ အကူအညီများ ပံ့ပိုးပေးရန် ဘယ်လ်ဂျီယံ၊ နယ်သာလန်နိုင်ငံနှင့် အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီးက ကုန်စည်များဆိုင်ရာဘုံရန်ပုံငွေအဖွဲ့ (Common Fund for Commodities- CFC) ၏ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဘယ်လ်ဂျီယံ၊ နယ်သာလန်နိုင်ငံနှင့် အီးယူဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးစိုးလင်းဟန်မှ မေ (၂)ရက်က ကုန်စည်များဆိုင်ရာဘုံရန်ပုံငွေအဖွဲ့ (CFC) ၏ ဦးဆောင်ညွှန်ကြားရေးမှူး (Managing Director) အဖြစ် ထပ်မံရွေးကောက်ခြင်းခံရသည့် H.E. Sheikh Mohammed Belal ကို နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့ရှိ CFC ဌာနချုပ်၌ သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့တွေ့ဆုံရာတွင် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများ (Global Polycrisis) ကြောင့် ကုန်စည်တင်ပို့မှုကို အား ထားနေရသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ (Commodity Dependent Developing Countries) ရှိ ပြည်သူများ ရင်ဆိုင်နေရသည့် ဆင်းရဲမွဲတေမှုနှင့် အခြားအခက်အခဲများကို ဖြေလျှော့နိုင်ရေးအတွက် CFC အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ 

ထို့ပြင် မြန်မာနိုင်ငံသို့ ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ အကူအညီများ ပံ့ပိုးပေးခြင်းကဲ့သို့သော CFC နှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

H.E. Sheikh Mohammed Belal က CFC အနေဖြင့် ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်ကဏ္ဍ၌ စီမံကိန်းအချို့ ဆောင်ရွက်ခဲ့ဖူးကြောင်း၊ ယင်းစီမံကိန်းများ၏ အောင်မြင်မှုက အခြားဖွံ့ဖြိုးဆဲနိုင်ငံများအတွက် မှန်ကန်သည့် ဆုံးဖြတ်ချက်နှင့် မူဝါဒများ ချမှတ်နိုင်ပါက ဆင်းရဲမွဲတေမှု ပပျောက်ရေးကို ဆောင်ရွက်နိုင်စေသည်ဟူသော ပြယုဂ်ဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။  

မြန်မာအပါအဝင် အဖွဲ့ဝင်နိုင်ငံများမှ အသေးစား၊ အလတ်စားကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာနိုင်ငံအလိုက် ကုန်စ ည်တန်ဖိုးကွင်းဆက်များ (Commodity Value Chains) တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင်များ (Sustainable Development Goals) ကို အထောက်အပံ့ဖြစ်စေနိုင်မည့် စီမံကိန်းများ ဆောင်ရွက်လိုပါက CFC ထံတွင် ရန်ပုံငွေအဆိုပြု လျှောက်ထားနိုင်ကြောင်းစသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာအို ဝန်ကြီးချုပ် ထိုင်း သွားမည်

လာအိုဝန်ကြီးချုပ် Sonexay Siphandone သည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရန်အလို့ငှာ ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံသိူ့ သွားရောက်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။ ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ၏ တရားဝင် ဖိတ်ကြားချက်အရခဲ့ ခရီးစဉ်အတွက် စိစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ၎င်း၏ ဝက်ဘ်ဆိုက်တွင် ပြောဆိုခဲ့သည်။ ယခုခရီးစဉ်သည် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မစ္စတာ Sonexay ၏ ပထမဆုံး ထိုင်းနိုင်ငံခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။ ကုန်သွယ်ရေး၊ ဆက်သွယ်ရေးနှင့် ပြည်သူအချင်းချင်း အပြန်အလှန်ဆက်ဆံရေးအပါအဝင် နယ်ပယ်အသီးသီးတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေမည့် နည်းလမ်းများကို နှစ်ဖက်တာဝန်ရှိသူများ ဆွေးနွေးကြမည်ဖြစ်သည်။ ခေါင်းဆောင်များအနေဖြင့် မူ-းယစ်ဆေးဝါး၊...

ဆံတော်ရှင် မော်တင်စွန်းစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် (၁၅) ရက်ကြာကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီးရှိ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုလအတွင်း (၁၅) ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ၂၀၂၅ ခုနှစ်၊ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၁၃) ရက်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်ခဲ့သည်။ မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓပူဇနိယပွဲတော်အား ဖေဖော်ဝါရီလ(၂၇) ရက်မှ မတ်လ (၁၃) ရက်အထိ (တပေါင်းလဆန်း (၁) ရက်မှ လပြည့်နေ့အထိ) (၁၅)ရက်ကြာ စည်ကားသိုက်မြိုက်စွာ...

မုံရွာမြို့တွင် စာအုပ်အငှားဆိုင်များ တိမ်ကောလာနေ

လိုချင်သည့် စာအုပ်ကို ဆိုရှယ်မီဒီယာပေါ်တွင် အချိန်မရွေးဖတ်နေရသည့်အတွက် စာအုပ်အငှားဆိုင်များ တစ်ဖြည်းဖြည်း တိမ်ကောလာနေပြီဖြစ်ကြောင်း မုံရွာမြို့တွင် စာအုပ်အငှားဆိုင်ဖွင့်ခဲ့သူများထံက သိရသည်။ "မုံရွာမြို့ အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ စာအုပ်အငှားဆိုင်တွေ ကွယ်ပျောက်ရတာဟာ နိုင်ငံရေးဖြစ်စဉ်၊ ငွေကြေးအခက်အခဲတွေအပြင် ဆိုရှယ်မီဒီယာလို့ခေါ်တဲ့ နည်းပညာအားကောင်းလာတဲ့အတွက် စာအုပ်အငှားဆိုင်တွေပျောက်ကွယ်ကုန်ရတာပါ။ မုံရွာမြို့မှာ အရင်ကလူကြီးရောကလေ-းပါ အားထားငှားဖတ်ကြရတဲ့ စာအုပ်အငှားဆိုင်ပေါင်း (၇၀) ကျော်ရှိရာကအခုအချိန်မှာ စာအုပ်အငှားဆိုင်ဟာ လက်တစ်ဖက်တောင် မပြည့်တော့ပါဘူး"ဟု စာအုပ်အငှားဆိုင်ဖွင့်ခဲ့သူတစ်ဦးက ပြောသည်။ ၁၉၉၀ ခုနှစ်ဝန်းကျင်က မုံရွာမြို့နှင့် အခြားမြို့များတွင်စာအုပ်အငှားဆိုင်ယဉ်ကျေးမှု ထွန်းကားခဲ့ပြီး စာဖတ်သူအများစုသည် အငှားစနစ်ကိုသာ အားထားငှားခဲ့ကြခြင်းဖြစ်သည်။ မုံရွာမြို့၏ ရပ်ကွက်တိုင်း၊ လမ်းတိုင်းတွင်စာအုပ်အငှားဆိုင်များရှိခဲ့ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071