Sunday, June 7, 2026

ပုသိမ်မြို့၌ ဧရာဝတီအခြေစိုက်အမျိုးသားနှင့် အမျိုးသမီးကလပ် အိမ်ကွင်းပွဲစဉ်များ...

ဧရာဝတီတိုင်းဒေသကြီးကို ကိုယ်စားပြုသည့် ဧရာဝတီယူနိုက်တက် အမျိုးသားအသင်းနှင့် ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းတို့၏ ၂၀၂၆-၂၇ ဘောလုံးရာသီ အိမ်ကွင်းပွဲစဉ်များကို ပုသိမ်မြို့၌ အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် မြန်မာနေရှင်နယ်လိဂ်ကော်မတီ...

အသင်း (၁၀) သင်း ပါဝင်ယှဉ်ပြိုင်မည့်...

​မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့ ပူးပေါင်းကြီးမှူးကျင်းပသည့် ၂၀၂၆-၂၇ ဘောလုံးရာသီ မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲကြီးကို လာမည့် ဇွန်လ (၁၅) ရက်နေ့တွင် စတင်ကျင်းပတော့မည်ဖြစ်ကြောင်း...

မော်လိုက်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်

မော်လိုက်မြို့ကိုဗဟိုပြု၍ ယနေ့ ဇွန် ၇ ရက်နံနက်ပိုင်းက အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ မော်လိုက်မြို့၏ မြောက်-အရှေ့မြောက်ဘက် (၂၄) မိုင်ခန့်အကွာ၊...

အမြန်လမ်းတွင် အဝေးပြေးခရီးသည်တင်ကားများမှစ၍ ကား (၆)...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ဇွန် ၆ ရက် ည ၉ နာရီခွဲခန့်က အဝေးပြေးခရီးသည်တင်ကားများမှစ၍ ကား (၆) စီးဆင့် တို-က်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာသည့်...
HomeNewsLocal Newsမြန်မာနိုင်ငံသား နှစ်ဦးအား အိန္ဒိယ၏...

မြန်မာနိုင်ငံသား နှစ်ဦးအား အိန္ဒိယ၏ တစ်သက်စာဗီဇာပါဝင်သည့် OCI ကတ် ချီးမြှင့်

မြန်မာနိုင်ငံမှ ဆရာတော်တစ်ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးအား အိန္ဒိယနိုင်ငံသို့ အကြိမ်ကြိမ် ဝင်ထွက်သွားလာခွင့်ရှိသော တစ်သက်စာဗီဇာပါဝင်သည့် ပြည်ပရှိ အိန္ဒိယနွယ်ဖွား သက်သေခံကတ်ပြား (OCI Card) များကို ထုတ်ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်သည်။

၂၀၂၆ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur သည် မန္တလေးမြို့၌ ကျင်းပသော အခမ်းအနားတွင် ဆရာတော် ဒေါက်တာပညာသာမိထံ OCI ကတ်ကို ဆပ်ကပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီ၊ Sanatan Dharma Swayamsevak Sangh နှင့် Arya Samaj တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် ပြင်ဦးလွင်မြို့တွင် ကျင်းပသည့် အခမ်းအနား၌ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ဥက္ကဋ္ဌ ဦးတင်လတ်ထံသို့လည်း OCI ကတ် ပေးအပ်ခဲ့ကြောင်း သိရသည်။

ကောင်စစ်ဝန်ချုပ် Sundeep Kaushal သည်လည်း အခမ်းအနား နှစ်ရပ်စလုံးသို့ သံအမတ်ကြီးနှင့်အတူ တက်ရောက်ခဲ့သည်။

OCI ကတ်သည် အိန္ဒိယနိုင်ငံသို့ အကြိမ်ကြိမ် ဝင်ထွက်သွားလာခွင့်ရှိသည့် တစ်သက်စာဗီဇာအဖြစ် အသုံးပြုနိုင်ပြီး စီးပွားရေး၊ ကုန်သွယ်ရေး၊ ပညာရေးနှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းများတွင် အခွင့်အလမ်းများ ရရှိစေကြောင်း သိရသည်။

OCI ကတ်လျှောက်ထားခြင်းနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို အိန္ဒိယအစိုးရ၏ OCI ဝန်ဆောင်မှု ဝက်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်ကြောင်း အိန္ဒိယသံရုံးက အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပုသိမ်မြို့၌ ဧရာဝတီအခြေစိုက်အမျိုးသားနှင့် အမျိုးသမီးကလပ် အိမ်ကွင်းပွဲစဉ်များ လက်ခံကျင်းပနိုင်ရေး တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တင်ပြဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီးကို ကိုယ်စားပြုသည့် ဧရာဝတီယူနိုက်တက် အမျိုးသားအသင်းနှင့် ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းတို့၏ ၂၀၂၆-၂၇ ဘောလုံးရာသီ အိမ်ကွင်းပွဲစဉ်များကို ပုသိမ်မြို့၌ အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းသိန်းနှင့် ကလပ်အ သင်းကိုယ်စားလှယ်များအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်ထံ သွားရောက်တွေ့ဆုံ တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံမှုအတွင်း လာမည့်ရာသီတွင် ဒေသခံမိဘပြည်သူများ မိမိတို့ဒေသကွင်းအတွင်း ဘောလုံးပွဲစဉ်များကို အနီးကပ်ကြည့်ရှုအားပေးနိုင်ရေး၊ အိမ်ကွင်းပြိုင်ပွဲများ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးနှင့် တိုင်းဒေသကြီးအတွင်း ဘောလုံးအားကစားကဏ္ဍတိုးတက်လာစေရေးတို့ကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌမှ ပေးအပ်လှူဒါန်းသည့် ဘောလုံးအလုံး (၅၀၀)...

အသင်း (၁၀) သင်း ပါဝင်ယှဉ်ပြိုင်မည့် ၂၀၂၆-၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ် ဇွန်လ ၁၅ ရက်တွင် စတင်မည်

​မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့ ပူးပေါင်းကြီးမှူးကျင်းပသည့် ၂၀၂၆-၂၇ ဘောလုံးရာသီ မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲကြီးကို လာမည့် ဇွန်လ (၁၅) ရက်နေ့တွင် စတင်ကျင်းပတော့မည်ဖြစ်ကြောင်း နေရှင်နယ်လိဂ် ကော်မတီထံက သိရသည်။ ယခုနှစ်တွင် ထူးခြားချက်အနေဖြင့် ရတနာပုံအက်ဖ်စီနှင့် ဇွဲကပင်ယူနိုက်တက်အက်ဖ်စီအသင်းသစ် (၂) သင်း ထပ်မံတိုးချဲ့ပါဝင်လာကာ စုစုပေါင်း ကလပ်အသင်း (၁၀) သင်း အထိ အင်အားတောင့်တင်းစွာ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ပြိုင်ပွဲဝင်အသင်းများအဖြစ် လက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီ၊ အအောင်မြင်ဆုံးအသင်းများဖြစ်သည့် I.S.P.E အက်ဖ်စီနှင့် မြဝတီအက်ဖ်စီတို့အပြင် သစ္စာအားမာန်၊ ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ Young...

မော်လိုက်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်

မော်လိုက်မြို့ကိုဗဟိုပြု၍ ယနေ့ ဇွန် ၇ ရက်နံနက်ပိုင်းက အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ မော်လိုက်မြို့၏ မြောက်-အရှေ့မြောက်ဘက် (၂၄) မိုင်ခန့်အကွာ၊ အနက် (၁၁၀) ကီလိုမီတာကိုဗဟိုပြု၍ အင် အားမဂ္ဂနီကျူ့ (၃ ဒသမ ၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုသည် နံနက် ၁၁ နာရီ ၄၂ မိနစ် ၂၇ စက္ကန့်က လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071