မြန်မာနိုင်ငံသားချင်းလက်နက်ကိုင်တိုက်ပွဲဆင်နွှဲကြသ ဖြင့် အမြဲတစေဆုံးရှုံးနေရသည်မှာ မြန်မာနိုင်ငံတော်ကြီးနေ ပြည်ထောင်စုသားများ၏ အသက်အိုးအိမ်
စည်းစိမ်များသာဖြစ်သည်ဟု IBEC ဆရာတော်မှ လက်နက်ကိုင်အသီးသီး၏ စစ်ပွဲများအစား ငြိမ်းချမ်းရေးကိုဆွေးနွေးရန်အချိန်တန်ပြီဖြစ်ကြောင်း မေတ္တာရပ်ခံချက် ၌ ရေးသားမိန့်ကြားခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအထိ မြန်မာနိုင်ငံသားချင်း လက်နက် ကိုင်တိုက်ပွဲဆင်နွှဲကြသဖြင့် မြန်မာနိုင်ငံသားလူငယ် များစွာသေကြေပျက်စီးပြီး တိုင်းပြည်၏အနာဂတ်ပျက်စီးနေသည်ဟု မိန့်ကြားခဲ့သည်။
ထို့ပြင် မြို့ပြကျေးရွာနှင့် နိုင်ငံတော်၏ အခြေခံအရင်းဘအမြစ်များဆုံးရှုံးလျက်ရှိကာ မည်သည့်လက်နက် ကိုင်အဖွဲ့အစည်းက အနိုင်ရသည်ဖြစ်စေ၊ အမြဲတစေ ဆုံးရှုံးနေရသည်မှာ မြန်မာနိုင်ငံတော်ကြီးနေ ပြည် ထောင်စုသားများ၏ အသက်အိုးအိမ်စည်းစိမ်များသာဖြစ်ကာ မြတ်ဗုဒ္ဓ၏တရားတော်အရ ရန်ကိုရန်ချင်း တုံ့ ပြန်နှင်းပြီး အချင်းချင်းသတ်ဖြတ်ကြပါက ဘယ်သော အခါမှ စစ်ပွဲများပြီးဆုံးမည်မဟုတ်ဟု ရေးသားမိန့်ကြားခဲ့သည်။
ထို့ကြောင့် မြန်မာ့တပ်မတော်၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ အာရက္ခတပ်တော်(AA)၊ ကရင်အ မျိုးသားအစည်းအရုံး(KNU)၊ မြန်မာအမျိုးသားဒီမိုကလရက်တစ်မဟာမိတ်တပ်တော်(MNDAA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PDFs)အပါအဝင် တိုင်း ရင်းသားလက်နက်ကိုင်အသီးသီးအနေဖြင့် စစ်ပွဲများ နှင့် အချင်းချင်းသတ်ဖြတ်မှုကိုရပ်တန့်ကာ ငြိမ်းချမ်းရေးစကားဝိုင်းဖြင့် အမိမြန်မာနိုင်ငံကိုပြန်လည်တည် ဆောက်ကယ်တင်ကြရန် IBEC ဆရာတော်ကတောင်းဆိုမိန့်ကြားတော်မူခဲ့သည်။
