Monday, July 27, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်း...

နေပြည်တော်၊ ဇူလိုင် ၂၇ နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီ (Myanmar Space Agency–MSA) က ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများ...

အီရန်စစ်ပွဲ ရှေ့ဆက်မယ့်ကိစ္စအတွက် ရွေးချယ်စရာ (၃)...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်နဲ့ဖြစ်နေတဲ့ စစ်ပွဲအခြေအနေ ရှေ့ဆက်မယ့်ကိစ္စအတွက် ရွေးချယ်စရာလမ်းကြောင်း (၃) ခုကို စဉ်းစားနေတယ်လို့ The New York Times...

ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီအလုံအလောက် ထုတ်လုပ်နိုင်ရုံသာမက ပြည်ပသို့...

ပုသိမ်၊ဇူလိုင်-၂၇ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီအလုံအလောက် ထုတ်လုပ်နိုင်ရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် ဇူလိုင် ၂၆ ရက်က ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် “ဧရာဝတီစားဆီဖူလုံဖို့...

အားကောင်းသော မုန်တိုင်းငယ် အိန္ဒိယကမ်းခြေဘက်သို့ ဦးတည်၊

မြန်မာနိုင်ငံကို တို-က်ရို-က် သက်ရောက်နိုင်ခြေ မရှိသေးဟု မိုးဇလထုတ်ပြန် နေပြည်တော်၊ ဇူလိုင် ၂၇ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာပြီး အားကောင်းသော မုန်တိုင်းငယ်...
HomeNewsLocal Newsမြန်မာနိုင်ငံမှ ကုန်စည်များ တရုတ်နိုင်ငံသို့...

မြန်မာနိုင်ငံမှ ကုန်စည်များ တရုတ်နိုင်ငံသို့ တင်ပိုခွင့်ရရှိရေး တရုတ်အစိုးရ၏ GACC နှင့် စီးပွားကူးသန်းတို့ ဆွေးနွေး

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကုန်စည်များ တရုတ်နိုင်ငံသို့ ပိုမိုတင်ပို့နိုင်ရေး တရုတ်နိုင်ငံအစိုးရ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC)နှင့် မြန်မာနိုင်ငံ စီးပွားကူးသန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သည့်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

‌တရုတ်နိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့်အဖွဲ့သည် မေလ (၂၁) ရက်က တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC) ၏ အဖွဲ့ဝင် Mr. Zhao Zenglian နှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ မြန်မာနိုင်ငံမှထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများ၊ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် မွေးမြူရေးထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန်အတွက် GACC ၏ ခွင့်ပြုချက်ရရှိရေး၊ နယ်စပ်ဂိတ်များကို နည်းပညာသုံး၍ လုပ်ငန်းများဆောင်ရွ က်နိုင်ရေးနှင့် ပြတင်းတစ်ပေါက်စနစ် (Single Window) ထူထောင်ဆောင်ရွက်နိုင်ရေး၊ နယ်စပ်ကုန်သွယ်မှု အခြေခံအဆောက်အဦများ အဆင့်မြှင့်တင်နိုင်ရေးတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေး၊ တန်ဖိုးမြှင့် လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များ ထုတ်လုပ်နိုင်‌ရေးနှင့် စိုက်ပျိုးရေး နည်းပညာ မြှင့်တင်နိုင်ရန် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုတွင် လျင်မြန်ချောမွေ့စေရေးဆိုင်ရာ ကိစ္စရပ်များကို ယူနန်ပြည်နယ် ပါတီအတွင်းရေးမှူး Mr. Wang Ning နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး၊ တဲဟုန်မြို့ပြည်နယ်ခွဲ ပါတီအတွင်းရေးမှူး Mr. Jiang Shan ၊ ကုန်သွယ်မှုနှင့် သက်ဆိုင်ရာဌာန ဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေး၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဂိတ်များအကြား အခြေခံအဆောက်အဦများ မြှင့်တင်နိုင်ရေး၊ ကုန်သွယ်မှုအတွက် ဘဏ်စနစ်တိုးမြှင့် အသုံးပြုပြီး ပို့ကုန် သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ သဘောတူညီပြီးဖြစ်သည့် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေး ကော်မတီ အစည်းအဝေး ပုံမှန်ကျင်းပနိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား တရားမဝင် ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့်အတူ တရုတ် – မြန်မာ နယ်စပ်ဂိတ်များဖြစ်သည့် မန်ဝိန်း၊ နန်းတော်၊ဆင်ဖြူ၊ ဟိုဆောင်၊ ကျင်စန်းကျော့၊ ပန်ဆိုင်း/ကျူကုတ် နယ်စပ်ဂိတ်များသို့ သွားရောက်၍ နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှ လူဝင်/လူထွက် လုပ်ငန်းစဉ်များဆောင်ရွက်နေမှုနှင့် ပို့ကုန်၊ သွင်းကုန် ယာဉ်အဝင်/အထွက် ရှင်းလင်းရေးလုပ်ငန်းစဉ်များကို သွားရောက်ကြည့်ရှု့ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရွှေလီမြို့ရှိ မြန်မာ့ ကျောက်စိမ်းများအား အချောထည်ပြုလုပ်ကာ တရုတ်နိုင်ငံတစ်ဝန်းသို့ Online/ Offline ဖြင့် ဖြန့်ဖြူးရောင်းချနေသည့် ကျောက်စိမ်းရောင်းဝယ်ရေးစင်တာသို့ သွားရောက်ကြည့်ရှုခဲ့သည့်အပြင် မြန်မာနိုင်ငံမှ တင်ပို့သည့် ဆန်များအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နေသည့် လုပ်ငန်းဆောင်ရွက်မှုကို သွားရောက်ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်း ဖွင့်လှစ်အာကာသနည်းပညာကို သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ထိရောက်စွာအသုံးချရန် တိုက်တွန်း

နေပြည်တော်၊ ဇူလိုင် ၂၇ နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီ (Myanmar Space Agency–MSA) က ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများ အပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ မြန်မာအာကာသအေဂျင်စီ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်းကို ဖွင့်လှစ်ပေးပြီး သုံးသပ်လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် မြန်မာအာကာသအေဂျင်စီမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ်က...

အီရန်စစ်ပွဲ ရှေ့ဆက်မယ့်ကိစ္စအတွက် ရွေးချယ်စရာ (၃) ခုကို ထရမ့်စဉ်းစားနေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်နဲ့ဖြစ်နေတဲ့ စစ်ပွဲအခြေအနေ ရှေ့ဆက်မယ့်ကိစ္စအတွက် ရွေးချယ်စရာလမ်းကြောင်း (၃) ခုကို စဉ်းစားနေတယ်လို့ The New York Times သတင်းစာက ဖော်ပြထားပါတယ်။ ​သတင်းစာမှာ ဖော်ပြချက်အရ အဲဒီ (၃) ခုကတော့ စစ်ရေးအရ ထပ်ပြီး အရှိန်မြှင့်ဖို့၊ ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်ပြီး အီရန်ကို စီးပွားရေးအရ ဖိနှိပ်ဖို့နဲ့ အမေရိကန်က စစ်ပွဲမှာ အနိုင်ရပြီလို့ ကြေညာပြီး ပဋိပက္ခကနေ ဆုတ်ခွာဖို့ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းက ဒုသမ္မတ ဂျေဒီဗန့်စ်၊ ကာကွယ်ရေးဝန်ကြီး...

ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီအလုံအလောက် ထုတ်လုပ်နိုင်ရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် ဝန်ကြီးချုပ်တိုက်တွန်း

ပုသိမ်၊ဇူလိုင်-၂၇ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီအလုံအလောက် ထုတ်လုပ်နိုင်ရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် ဇူလိုင် ၂၆ ရက်က ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် “ဧရာဝတီစားဆီဖူလုံဖို့ ဝိုင်းဝန်း ကြိုးပမ်းကြပါစို့”ခေါင်းစဉ်ဖြင့် စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်က တိုက်တွန်းပြောကြားခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုး လာစေရန်နှင့် စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းများ ရှာဖွေဖော်ထုတ်ကာ တန်ဖိုးကွင်းဆက်တစ်လျောက် အားပေးမြှင့်တင်ရန်ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးသည် ဆန်စပါးကို ဖူလုံပိုလျှံစွာ စိုက်ပျိုးထုတ်လုပ် နိုင်သော်လည်း စားဆီဖူလုံမှုမရှိသေးသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးအတွင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071