မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား Quick Impact Project များ အကောင်အထည်ဖော်ရေးဆိုင်ရာ သဘောတူစာချုပ် သက်တမ်းတိုးမြှင့်သည့် စာချွန်လွှာလဲလှယ်ခြင်းနှင့် မြန်မာ – အိန္ဒိယ နယ်နိမိတ်မြေပုံ (၃၆) ချပ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ အကောင်အထည်ဖော်ရန်အတွက် အကူအညီပေးရေးဆိုင်ရာ သဘောတူစာချုပ်အား သက်တမ်းတိုးမြှင့်သည့် စာချွန်လွှာကို ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur တို့က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး၏ ရှေ့မှောက်တွင် လဲလှယ်ခဲ့ကြသည်။
အဆိုပါ စာချွန်လွှာ သက်တမ်းတိုးမြှင့်ခြင်းကြောင့် နှစ်နိုင်ငံအကြား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအတွက် အကူအညီများ ဆက်လက်ပေးအပ်သွားမည် ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အနေဖြင့် နယ်နိမိတ်မြေပုံများအား အတည်ပြုလက်မှတ်ရေးထိုးနိုင်ခြင်းအား ဖြင့် နှစ်နိုင်ငံအကြား နယ်နိမိတ်စီမံခန့်ခွဲမှုတွင် ပိုမို ထိရော က်ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်သည့်အ ပြင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပိုမိုခိုင်မာအား ကောင်းစေမည် ဖြစ်ကြောင်း သိရသည်။
