Tuesday, April 21, 2026

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့...

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဧပြီလ ၂၂ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန...

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ကြောင်း...

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။ အဆိုပါကာလအတွင်း မိုးရွာသွန်းမှုမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊...

နိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည့်...

ရန်ကုန်တိုင်းဒေသကြီး၌ နိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းအပေါ် ရှင်းလင်းပြောကြားခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ယမန်နေ့ (ဧပြီ ၂၀)...

ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ် (၇၀)...

ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ကဆုန်လပြည့်နေ့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ကျင်းပနိုင်ရန်...
HomeNewsLocal Newsမြန်မာနိုင်ငံနှင့် စစ်ရေးစစ်ဖက် နည်းပညာ...

မြန်မာနိုင်ငံနှင့် စစ်ရေးစစ်ဖက် နည်းပညာ ပူးပေါင်းဆောင်ရွက်နိုင်ရန် တိုးလုပ် သွားမည်ဟုရုရှား အစိုးရပြောကြား

ရန်ကုန်၊ ဩဂုတ် ၂၄

ရုရှားဒုတိယ ကာကွယ်ရေး ဝန်ကြီး အလက်ဇန်းဒါး ဖိုမင်သည် မြန်မာနိုင်ငံနှင့် စစ်ရေး၊ စစ်ဖက်နည်းပညာရေး ပူးပေါင်းဆောင်ရွက် မှုများ အား ရုရှားအစိုးရက တိုးလုပ်သွားမည်ဟု တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် မော်စကိုမြို့မှာ ဩဂုတ်လ ၂၃ရက်နေ့ တွေ့ဆုံစဉ် ထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရသည်။

ညှိနှိင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ရုရှားနိုင်ငံတွင် ပြုလုပ်မည့် International Military နှင့် International Army Games 2021 ဖွင့်ပွဲသို့ ရောက်ရှိခဲ့ပြီး ရုရှားဖက်ဒေးရှင်းနိုင်ငံ ဒုတိယ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး အလက်ဇန်းဒါး ဖိုမင်နှင့် ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

အဆိုပါဆွေးနွေးပွဲတွင် ဗိုလ်ချုပ်ကြီးမောင်မောင်အေးက မြန်မာ့တပ်မတော်သည် တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက်ပြီး အဆင့်မြင့်မား လာရာ ကူညီထောက်ပံ့မှုများ ပေးနေသော ရုရှားအား ကျေးဇူးတင်ရှိကြောင်းနှင့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်ကြားဆက်ဆံရေး တိုးတက်ကောင်းမွန်သည့် အခြေအနေများ၊ စစ်ဖက် ပူးပေါင်းဆောင်ရွက်မှု ဆက်လက် တိုးတက် ကောင်းမွန်ရေး အတွက် စီစဉ်ထားရှိမှု အခြေအနေများကို ဆွေးနွေးပြီး ရုရှားနိုင်ငံရှိ တက္ကသိုလ်များတွင် မြန်မာကျောင်းသားများ တက်ရောက် သင်ကြားခွင့် ရရှိသည့် အတွက် လည်း ကျေးဇူးတင်ရှိကြောင်း ထည့်သွင်း ပြောကြားသည်။

ဒုတိယဗိုလ်ချုပ်ကြီး အလက်ဇန်းဒါး ဖိုမင်က ရုရှား အနေဖြင့် မြန်မာနှင့် စစ်ရေး၊ စစ်ဖက် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဖွံဖြိုး တိုးတက်ရေးအတွက် အသင့်ရှိနေကြောင်းနှင့် မြန်မာသည် အာရှ-ပစိဖိတ်ဒေသနှင့် အရှေ့တောင် အာရှဒေသတွင် ရုရှား၏ ယုံကြည် စိတ်ချရသော မဟာဗျူဟာ မိတ်ဖက် (Strategic Reliable Partner) ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Source: https://eng.mil.ru/en/news_page/country/more.htm?id=12379000@egNews

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071