Thursday, April 23, 2026

Hillux Surf ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေ...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ Hilux Surf ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေမြောင်းထဲထိုးကျခဲ့မှု ယနေ့ ဧပြီ ၂၃ ရက်နံနက် ၁၀ နာရီခွဲခန့်ကဖြစ် ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီး...

ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ တံတားရေလယ်တိုင်နိမ့်ကျနေသော ရန်ပယ်ချောင်းတံတားပြုပြင်နေ

ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ တံတားရေလယ်တိုင်နိမ့်ကျနေသော တံတားအမှတ်(၃၄၃)ရန်ပယ်ချောင်းကူးရထားလမ်းတံတားအားပြန်လည်ပြုပြင်မှုများပြုလုပ်လျက်ရှိရာ ပို့ဆောင်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအောင်မြိုင်မှ ဧပြီ ၂၂ ရက်က ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပြည်-ပုဂံ ရထားလမ်းပိုင်း၏ ဆတ်သွား-ပရပ်ကြယ်ဘူတာကြားရှိ...

ဘောလုံးပညာနှင့်ငွေကြေးစီမံခန့်ခွဲမှုဗဟုသုတများ မျှဝေမည့် “AYA Game...

အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ဧရာဝတီဘဏ် (AYA Bank) တို့ ပူးပေါင်းတင်ဆက်ခြင်းဖြစ်ပြီး ဘောလုံးဝါသနာရှင် လူငယ်များအတွက် ဘောလုံးကစားခြင်းဆိုင်ရာနည်းပညာများ၊​အားကစားစိတ်ဓါတ်နှင့် စည်းကမ်းပိုင်းဆိုင်ရာများ၊​မြန်မာ့လက်ရွေးစင်...

ရန်ကုန်တွင် နေ့အပူချိန်များ ဆက်လက်မြင့်တက်နိုင်ဟု မိုး/ဇလ...

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်ကြသူများအနေဖြင့် လာမည့်ရက်များတွင် ပိုမိုပူပြင်းသည့် ရာသီဥတုအခြေ အနေနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်ဟု ယနေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။ ​နောက် ၂ ရက်အတွက် ခန့်မှန်းချက်အရ...
HomeNewsLocal Newsမြန်မာနိုင်ငံနှင့် ကိုက်ညီမည့် ခေတ်မီဆေးဘက်ဆိုင်ရာနှင့်...

မြန်မာနိုင်ငံနှင့် ကိုက်ညီမည့် ခေတ်မီဆေးဘက်ဆိုင်ရာနှင့် ဆေးရုံသုံးပစ္စည်းများ ပြည်တွင်း၌ ထုတ်လုပ် ဖြန့်ချိနိုင်ရေး ဆွေးနွေးမှု တစ်ရပ် ပြုလုပ်

မြန်မာနိုင်ငံ၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် ခေတ်မီဆေးဘက်ဆိုင်ရာနှင့် ဆေးရုံသုံးပစ္စည်းများ ပြည်တွင်းတွင် ထုတ်လုပ် ဖြန့်ချိနိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနနှင့် ပေကျင်းဟုန်ဖန်း ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလိမိတက်မှ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား ပေကျင်းဟုန်ဖန်း ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလိမိတက်မှ Mr. Zhou Xiaofeng ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ ဖေဖော်ဝါရီ(၂၇) ရက်က ကျန်းမာရေးဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံစဉ် ထည့် သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပေကျင်းဟုန်ဖန်းရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလိမိတက်မှ မြန်မာနိုင်ငံ၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် ခေတ်မီဆေးဘက်ဆိုင်ရာနှင့် ဆေးရုံသုံးပစ္စည်းများ၊ ရောဂါရှာဖွေရေး ကိရိယာများ၊ စက်ပစ္စည်းများ၊ ဓါတ်ခွဲစမ်းသပ်စစ်ဆေးသည့် ကိရိယာများအား ပြည်တွင်းတွင်ထုတ်လုပ် ဖြန့်ချိနိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား လက်ရှိပူးပေါင်းဆောင်ရွက်နေသည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ဆေးရုံများ အချင်းချင်း ဆေးကုသမှု လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးခဲ့ကြောင်း သိရသည်။

အလားတူ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့်ခေတ်မီဆေးဘက်ဆိုင်ရာနှင့် ဆေးရုံသုံးပစ္စည်းများအား မြန်မာနိုင်ငံတွင် မိတ်ဆက်ပြသနိုင်ရေး ကိစ္စရပ်များ အစရှိသည်တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပေကျင်း ဟုန်ဖန်းရင်းနှီး မြှုပ်နှံမှုကုမ္ပဏီမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီး ဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Hillux Surf ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေ မြောင်းထဲထိုးကျ သံဃာတော်(၁)ပါးအပါအဝင် (၈)ဦးဒ-ဏ်ရာရခဲ့မှု အမြန်လမ်းတွင်ဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ Hilux Surf ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေမြောင်းထဲထိုးကျခဲ့မှု ယနေ့ ဧပြီ ၂၃ ရက်နံနက် ၁၀ နာရီခွဲခန့်ကဖြစ် ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီး ကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ သံဃာတော်(၁)ပါးအပါအဝင် (၉)ဦးလိုက်ပါမောင်းနှင်လာသော Hilux Surf ကားသည် မိုင်တိုင်အ မှတ် ၁၈၂/၇ နှင့် ၁၈၃/၀ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေမြောင်းထဲသို့ထိုးကျသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ကြောင့် သံဃာတော်(၁)ပါး၊ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၅)ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ရွှေဂုံသုခမေတ္တာပရဟိတအသင်းက နေပြည်တော်ကုတင်-၁၀၀၀ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ တံတားရေလယ်တိုင်နိမ့်ကျနေသော ရန်ပယ်ချောင်းတံတားပြုပြင်နေ

ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ တံတားရေလယ်တိုင်နိမ့်ကျနေသော တံတားအမှတ်(၃၄၃)ရန်ပယ်ချောင်းကူးရထားလမ်းတံတားအားပြန်လည်ပြုပြင်မှုများပြုလုပ်လျက်ရှိရာ ပို့ဆောင်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအောင်မြိုင်မှ ဧပြီ ၂၂ ရက်က ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပြည်-ပုဂံ ရထားလမ်းပိုင်း၏ ဆတ်သွား-ပရပ်ကြယ်ဘူတာကြားရှိ တံတားအမှတ်(၃၄၃)ရန်ပယ်ချောင်းကူးရထားလမ်းတံတား ရေလယ်တိုင်အမှတ်(၂) နှင့် အမှတ်(၃)တို့နိမ့်ကျနေမှုအား ပြန်လည်ပြင်ဆင်နေသည့် တံတားတိုင်ဘိုးပိုင်တူးနေမှုကိုကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် သတ်မှတ်စံချိန် စံ ညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးရေးအမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ တံတားပေါ်ရှိ သံလမ်းနှင့်ကွန်ကရစ်ဇလီဖားတုံးများအား ဖြုတ်သိမ်းထားရန်တို့ကို မှာကြားခဲ့သည်။ ထို့ပြင် ဒု-ဝန်ကြီးသည် တောင်တွင်းကြီးဘူတာ၊ ဆတ်သွားဘူတာတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ဘောလုံးပညာနှင့်ငွေကြေးစီမံခန့်ခွဲမှုဗဟုသုတများ မျှဝေမည့် “AYA Game Plan” အစီအစဉ် ဧပြီ ၂၅ ရက်တွင် စတင်မည်​​မြန်မာ့လက်ရွေးစင်နည်းပြများနှင့် ကစားသမားကိုယ်တိုင်ပါဝင်သင်ကြားပေးမည့် “AYA Game Plan” TikTok အစီအစဉ်ကို လာမည့် ဧပြီလ ၂၅ ရက်နေ့တွင် စတင်မိတ်ဆက်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ဧရာဝတီဘဏ် (AYA Bank) တို့ ပူးပေါင်းတင်ဆက်ခြင်းဖြစ်ပြီး ဘောလုံးဝါသနာရှင် လူငယ်များအတွက် ဘောလုံးကစားခြင်းဆိုင်ရာနည်းပညာများ၊​အားကစားစိတ်ဓါတ်နှင့် စည်းကမ်းပိုင်းဆိုင်ရာများ၊​မြန်မာ့လက်ရွေးစင် ကစားသမားများ၏ အတွေ့ အကြုံများကို AYA Bank TikTok Page မှတစ်ဆင့် တိုက်ရိုက်သင်ကြားပေးသွားမည်ဖြစ်သည်။ ယခုအစီအစဉ်တွင် ဘောလုံးပညာရပ်များသာမက လူငယ်များ သိထားသင့်သည့် အခြေခံငွေကြေးစီမံခန့်ခွဲမှု (Finan cial Literacy)ဗဟုသုတများကိုပါ "Foo tball Tricks and Financial Tips" အပိုင်းများအဖြစ်ထည့်သွင်းတင်ဆက်သွားမည်ဖြစ်သည်။ ​ဘောလုံးကစားသမားများနှင့် နည်းပြများက စိတ်ဓါတ်၊ စည်းကမ်းနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071