မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ရာပြည့် ရာပြည့်သဘင်အား ယနေ့ အောက်တိုဘာ ၄ ရက်နံနက်ပိုင်းက မန္တလေးတက္ကသိုလ်ပင်မဆောင်ရှေ့နှင့် ဘွဲ့နှင်းသဘင်ခန်းမတို့၌ ကျင်းပခဲ့သည်။
မန္တလေးငလျင်ကြီးအပြီး ၆ လကျော်တွင် အချိန်မှီ ပြင်ဆင် နိုင်အောင် အားထုတ်ခဲ့ကြသူများ စိတ်အားထက်သန်လှသည့် ကျောင်းသားဟောင်းကြီးများကြောင့် ယခုလို ရာပြည့်ပွဲ ကြီး ဆင်နွဲ နိုက်ကြခြင်းလည်းဖြစ်သည်။
ရာပြည့်သဘင်ပွဲတော်သို့ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော် မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် ကဗ္ဗည်းမော် ကွန်းကျောက်စာအား စက်ခလုပ်နှိပ်၍ဖွင့်လှစ်ပေးခဲ့သည်။
ထို့အတူ ကော်မရှင်အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဝန်ကြီးချုပ်တို့မှလည်း ရာပြည့်သဘင်ပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် မြန်မာနိုင်ငံတော် ယာယီသမ္မတမှ ခင်းကျင်းပြသထားသည့် ပြခန်းများ၊ ရာပြည့်သဘင်ပွဲတော်၌ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတသည် မန္တလလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်း အနားအတွက် ဂုဏ်ယူချီးမြှင့်ငွေကျပ်သိန်း(၅၀၀)အား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံချီးမြှင့်ပေးအပ်ပြီး ဖျော်ဖြေရေးအဖွဲ့များကိုလည်း ဂုဏ်ပြုပန်းခြင်းများကို ချီးမြှင့်ပေးအပ်ခဲ့သည်။
