Monday, July 13, 2026

သောင်ရင်းမြစ်ရေ မြဝတီမြို့၏စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေ စုရပ်(၅)နေရာနှင့် ရေဘေးယာယီကယ်...

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ သောင်ရင်းမြစ်ရေသည် မြို့၏စိုးရိမ်ရေမှတ်အထက်တွင်ရောက်ရှိနေကာ မြစ် ကမ်းအနီးနှင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။ ထို့ကြောင့် ရေဘေးသင့်နေအိမ်များတွင်နေထိုင်သူများအား လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊...

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို အာဆီယံ...

အစိုးရသစ်လက်ထက်၌ မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုး တက်မှုများကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေက အာဆီယံနိုင်ငံခြားရေးဝန် ကြီးများကြား အလွတ်သဘောအစည်းအဝေးတွင် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကြား အလွတ်သ ဘောအစည်းအဝေးကို ဇူလိုင်...

Seafarers Support Fund သည်...

"MLC 2006 အရ သင်္ဘောသားတွေအတွက် ရန်ပုံငွေတစ်ရပ်ထူထောင်ထားဖို့ SRPS ကုမ္ပဏီတွေကစုပေါင်းဆောင်ရွက်ထားရပါတယ်။ ဒါကို DMA က ကြီးကြပ်လမ်းညွှန်ပေးခဲ့ပြီး MSESF က...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို သြဂုတ်...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို သြဂုတ် ၃ ရက်နံနက် ၁၀ နာရီမှစတင်ကာ ပုသိမ်မြို့၌ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ(အားလုံး)၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ(အားလုံး)အနေဖြင့် သြဂုတ်...
HomeNewsLocal Newsမြန်မာနိုင်ငံတော် ယာယီသမ္မတမှ ကာဇက်စတန်နိုင်ငံ၏...

မြန်မာနိုင်ငံတော် ယာယီသမ္မတမှ ကာဇက်စတန်နိုင်ငံ၏ ပထမဆုံးသမ္မတကိုယ်တိုင် လက်ကိုင်ပုဝါပေါ်တွင် ဒီဇိုင်းရေးဆွဲခဲ့သည့် Baiterek သမိုင်းဝင်အထိမ်းအမှတ်အဆောက်အဦးနှင့် လေ့လာရေးမျှော်စင်ကို ကြည့်ရှုလေ့လာ

ကာဇက်စတန်နိုင်ငံ၊ အက်စတာနာမြို့ရှိ ကာဇက်စတန်နိုင်ငံ၏ ပထမဆုံးသမ္မတကိုယ်တိုင် လက်ကိုင်ပုဝါပေါ်တွင်ဒီဇိုင်းရေးဆွဲခဲ့သော Baiterek သမိုင်းဝင်အထိမ်း အမှတ်အဆောက်အဦနှင့် လေ့လာရေးမျှော်စင်အား မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ စက်တင်ဘာ ၂ ရက်ညပိုင်းက ကြည့်ရှုလေ့လာခဲ့သည်။ 

မြန်မာနိုင်ငံတော် ယာယီသမ္မတမှ Baiterek သမိုင်းဝင်အထိမ်းအမှတ်အဆောက်အဦးနှင့် လေ့လာရေးမျှော်စင် ၊ အက်စတာနာမြို့ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများအား ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြခဲ့ကြပြီး မြန်မာနိုင်ငံတော် ယာယီသမ္မတမှပြန်လည်မေး မြန်းဆွေးနွေးပြီးနောက် အက်စတာနာမြို့ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများအား လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။

အဆိုပါ (Baiterek) သမိုင်းဝင်အထိမ်းအမှတ်အ ဆောက်အဦနှင့် လေ့လာရေးမျှော်စင်သည် ၁၉၉၇ ခုနှစ်တွင် ကာဇက်စတန်၏မြို့တော် အက်စတာနာအဖြစ် ပြောင်းရွှေ့မှုအဖြစ် သင်္ကေတပြုသောသမိုင်းဝင်အဆောက်အဦးဖြစ်ပြီး နိုင်ငံ၏သင်္ကေတနှင့် ခေတ်သစ်ဗိ သုကာလက်ရာ၏ ထင်ရှားသော မှတ်တိုင်နေရာတစ်ခုဖြစ်ကာ ကာဇက်စတန်လူမျိုးများ၏ ဘဝသစ်စတင်ရာနေရာတစ်ခုဖြစ်သည်။

Baiterek သည် အမြင့် ၉၇ မီတာ(၃၁၈ ပေ)ရှိပြီး အပေါ်ဘက်ရှိ ဖန်ဘောလုံးကြီးအား တိုင်(၅၀၀)ဖြင့်အောက်မှပင့်တင်ထားသည့် ပုံစံမျိုးတည်ဆောက်ထားကာ ထောင့်အမျိုးမျိုးမှ ရုတ်တရက်ကြည့်ပါက ရွှေဖြင့်ပြု လုပ်ထားသည်ဟုထင်ရကာ Baiterek ၏ ဒီဇိုင်းပုံကြမ်းကို ကာဇက်စတန်နိုင်ငံ၏ ပထမဆုံးသမ္မတ Mr. Nursultan Nazarbayev မှ လေယာဉ်ပျံသန်းနေသည့်အချိန် လက်ကိုင်ပဝါပေါ်တွင် ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်သည်။

ယင်း လက်ကိုင်ပုဝါကို ပထမဆုံးသမ္မတပြတိုက်တွင် သမိုင်းဝင်အမွေအနှစ်အဖြစ် သိမ်းဆည်းထားပြီး မျှော် စင်၏ ဒီဇိုင်းနှင့် သင်္ကေတများသည် လှည့်လည်နေထိုင်သွားလာသူများ၏ ရိုးရာယုံကြည်မှုများနှင့် နီးကပ်စွာဆက်စပ်နေပြီး Baiterek ဆိုသည်မှာ ကာဇက်ရိုးရာဒ ဏ္ဍာရီတွင် ရှင်သန်ခြင်းသစ်ပင်ကြီးကို ရည်ညွှန်းထားပြီး ဒဏ္ဍာရီအရ ဤသစ်ပင်ပေါ်တွင် Samruk ဟုခေါ်သော ဒဏ္ဍာရီလာငှက်ကြီးနေထိုင်၍ ရွှေဥဥကာ နေကို ကိုယ်စားပြု၍ ရှင်သန်ခြင်းနှင့် မျှော်လင့်ချက်ရောင် ခြည်ကိုပေးစွမ်းသည်ဟု ဖော်ညွှန်းသည်။

ထိုနည်းဖြင့် ကာဇက်လူမျိုးများသည် အကောင်းနှင့်အ ဆိုး၏ ရုန်းကန်မှု၊ ရာသီများအပြောင်းအလဲကို နေ့ရောညပါပုံဖော်ပြီး ဘိုင်တီရက်၏ထိပ်တွင် ၂၂ မီတာရှည်သော ရွှေဘောလုံးသည် ဒဏ္ဍာရီလာနေမင်းကို ကိုယ် စားပြုကာ (Baiterek) အထိမ်းအမှတ်အဆောက်အဦကို မြို့တော်၏ယဉ်ကျေးမှုဗဟိုချက်အဖြစ် ဖန်တီးခဲ့ခြင်းဖြစ်သည်။

မျှော်စင်၏ မြေအောက်(၄ ဒသမ ၅)မီတာတွင် ငါးပြတိုက်၊ ကော်ဖီဆိုင်နှင့် ယဉ်ကျေးမှုစင်တာတစ်ခုရှိကာ မျှော်စင်၏ ၃၄ လွှာရှိ “ရွှေဘောလုံး”တင်ထားသည့်နေရာမှ မြိုပြ၏ရှုခင်းများကို ကြည့်ရှုခံစားနိုင်ကာ ၂၀၀၃ ခုနှစ်တွင် ဘာသာပေါင်းစုံ(၁၇)ခုမှ ကိုယ်စားလှယ်များ သည် (Baiterek)အထိမ်းအမှတ် အဆောက်အဦးတွင် ပထမဆုံးအကြိမ်အဖြစ် ဆုတောင်းမှုပြုလုပ်ခဲ့ကြပြီး ဘိုင်တီရက်သည် ကာဇက်စတန်၏ ယဉ်ကျေးမှု၊ ဒဏ္ဍာ ရီနှင့် ခေတ်သစ်တိုးတက်မှုတိုကို ပေါင်းစပ်ထားသော အံ့ဖွယ်အဆောက်အဦးတစ်ခုဖြစ်ကာ ငြိမ်းချမ်းမှု၏ ပြယုဒ်တစ်ခုလည်းဖြစ်ကာ လာရောက်လေ့လာသူများ သည် (Baiterek)အထိမ်းအမှတ် အဆောက်အဦးတွင်ဆုတောင်းမှုများကိုပြုလုပ်ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သောင်ရင်းမြစ်ရေ မြဝတီမြို့၏စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေ စုရပ်(၅)နေရာနှင့် ရေဘေးယာယီကယ် ဆယ်ရေးစခန်း(၁၁)ခုဖွင့်လှစ်ထား

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ သောင်ရင်းမြစ်ရေသည် မြို့၏စိုးရိမ်ရေမှတ်အထက်တွင်ရောက်ရှိနေကာ မြစ် ကမ်းအနီးနှင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။ ထို့ကြောင့် ရေဘေးသင့်နေအိမ်များတွင်နေထိုင်သူများအား လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များနှင့် သက် ဆိုင်ရာအဖွဲ့အစည်းများက ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။ " မိုးကဆက်တိုက်ရွာနေတော့ သောင်ရင်းမြစ်ရေကအ တော်တက်လာတာ။ အနိမ့်ပိုင်းရပ်ကွက်တွေထဲရေတွေဝင်လာတယ်။ ဒါ့ကြောင့် အဲဒီရေဝင်နေတဲ့အိမ်တွေက လူတွေရယ် ရေဝင်နိုင်တဲ့အိမ်တွေကလူတွေရယ်ကို ရေ ဘေးကယ်ဆယ်ရေးစခန်းတွေဆီရွှေ့ပေးနေပါတယ်။ မြဝတီမြို့မှာ ရေဘေးကူညီကယ်ဆယ်ဖို့ စုရပ်(၅)နေရာသတ်မှတ်ထားပါတယ်။ နောက် ရေဘေးယာယီကယ် ဆယ်ရေးစခန်းက (၁၁)ခုဖွင့်လှစ်ပေးထားပါတယ်"ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပေါ်ပြူလာနယူးစ်ကို...

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေး၌ MOFA ပြည်ထောင်စုဝန်ကြီး ပြောကြား

အစိုးရသစ်လက်ထက်၌ မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုး တက်မှုများကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေက အာဆီယံနိုင်ငံခြားရေးဝန် ကြီးများကြား အလွတ်သဘောအစည်းအဝေးတွင် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကြား အလွတ်သ ဘောအစည်းအဝေးကို ဇူလိုင် ၁၂ ရက်က ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ကျင်းပခဲ့ကြောင်း သိရသည်။ ရွေးကောက်ခံအစိုးရသစ်အနေဖြင့် နိုင်ငံတော်တာဝန် စတင်ယူချိန်မှစ၍ နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပ ဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတို့အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ အာဆီယံက AHA Centre မှတစ်ဆင့်ပေးအပ်သည့် လူ သားချင်းစာနာမှုအကူအညီများကို ခွဲခြားမှုမရှိဘဲဖြန့်ဝေပေးအပ်နေမှု၊...

Seafarers Support Fund သည် သင်္ဘောသားများအတွက် အကျိုးကျေးဇူးများစွာရရှိနိုင်ဟု MSESF ဥက္ကဌ ပြောကြား

"MLC 2006 အရ သင်္ဘောသားတွေအတွက် ရန်ပုံငွေတစ်ရပ်ထူထောင်ထားဖို့ SRPS ကုမ္ပဏီတွေကစုပေါင်းဆောင်ရွက်ထားရပါတယ်။ ဒါကို DMA က ကြီးကြပ်လမ်းညွှန်ပေးခဲ့ပြီး MSESF က အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။ ရရှိလာတဲ့ ရန်ပုံငွေတွေကို SRPS ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာနယ်ပယ်က ကျွမ်းကျင်ပညာရှင်တွေ စုစည်းထားတဲ့ကော်မတီတစ်ရပ်က ထိန်းသိမ်းပြီး SRPS တွေရဲ့အများပိုင် ရန်ပုံငွေ အဖြစ်ထားရှိပြီး ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ သုံးစွဲရမှာဖြစ်ပါတယ်။ DMA ကိုပေးသွင်းရတာမျိုးမဟုတ်သလို လိုင်စင်ကြေးလည်းမဟုတ်ပါဘူး။ တရားဝင်ထွက်ခွာခဲ့တဲ့ သင်္ဘောသားတွေ စွန့်ပစ်ခံရမှု၊ လစာမရရှိမှု၊ ပြန်လည်ခေါ်ဆောင်နိုင်ရေးနဲ့ မြန်မာသင်္ဘောသားများအလုပ်အကိုင်အခွင့်အလမ်းတွေပိုမိုတိုးတက်ရရှိလာနိုင်စေရေးနဲ့ အခြားအရေးပေါ်အခြေအနေတွေမှာ အကာအကွယ်ပေးနိုင်ဖို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071