မြန်မာနိုင်ငံငလျင်အတွက် ဘန်ကောက်အက်ဖ်စီက ဘတ်နှစ်သိန်းကို လှူဒါန်းခဲ့ကြောင်း အသင်းက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ လှူဒါန်းငွေ ဘတ်နှစ်သိန်းကို ယမန်နေ့က ကစားခဲ့သည့် ထိုင်းလိဂ်-၂ ပွဲစဉ်အတွင်း ဘန်ကောက်အက်ဖ်စီအသင်း၏ မြန်မာလူမျိုး နောက်ခံကစားသမား ဇော်မင်းထွန်းက မြန်မာ့လက်ရွေးစင်အသင်း၏ ဂျာမနီလူမျိုး ဂိုးနည်းပြ မိုက်ကယ်ထံသို့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းလှူဒါန်းမှုသည် ထိုင်းလိဂ်-၂ ကလပ်၌ ယှဉ်ပြိုင်ကစားနေသည့် ဘန်ကောက်အက်ဖ်စီအသင်း၏ ကွင်းဝင်ကြေးများအပါအဝင် အသင်းပိုင်ရှင်၊ ကစားသမားနှင့် အသင်းပရိသတ်များ၏ လှူဒါန်းငွေများဖြစ်ကြောင်း သိရသည်။
