မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံး(ရန်ကုန်မြို့)၏ တရားဝင် facebook စာမျက်နှာတွင် “အသိပေးကြေညာချက်”တစ်ရပ်ကို ယမန်နေ့ညက တင်ထားရာ ယင်းကို မြန်မာဘာသာသို့ ပြန်ဆိုဖော်ပြလိုက်ပါသည်။
မလေးရှားသံရုံး၊ ရန်ကုန်
မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ဗီဇာ ကင်းလွတ်ခွင့် (ကာလတို လူမှုရေး ခရီးစဉ်)
တရားဝင် မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများသည် မလေးရှားနိုင်ငံသို့ ကာလတို လူမှုရေး ခရီးစဉ်အတွက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ ဗီဇာ လိုအပ်ချက်မှ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ ဤကင်းလွတ်ခွင့်အရ နေထိုင်ခွင့်ရရှိမည့် အများဆုံး ကာလမှာ ၁၄ ရက် ဖြစ်ပါသည်။
ဗီဇာ ကင်းလွတ်ခွင့် ရရှိခြင်းသည် မလေးရှားနိုင်ငံသို့ ဝင်ရောက်ခွင့်ကို အာမခံခြင်း မဟုတ်ကြောင်းနှင့် နိုင်ငံသို့ ဝင်ရောက်ခွင့်ပြုခြင်း ရှိ၊ မရှိကို သတ်မှတ်ထားသော ဝင်ပေါက် ထွက်ပေါက်များရှိ လူဝင်မှုကြီးကြပ်ရေး အရာရှိ၏ ခွင့်ပြုချက်အပေါ် တွင် မူတည်ကြောင်း သတိပြုသင့်ပါသည်။
