ရန်ကုန်၊ ဇူလှိုင် ၃၀
မြန်မာနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက် နေ့မှ ဇူလိုင်လ ၁၉ ရက် နေ့အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၅,၀၆၆ ဦးနှင့် ေ-သဆုံးသူ ၂၆ ဦးရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အဆိုပါကိန်းဂဏန်းများသည် ၂၀၂၄ ခုနှစ် အလားတူကာလထက် ပိုများကြောင်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းဟွာသို့ ပြောကြားခဲ့သည်။
အဆိုပါကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ပြီး တနင်္သာရီတိုင်း ဒေသကြီးသည် ရောဂါ ဖြစ်ပွားမှု၌ ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။
စာသင်ကျောင်းများ၊ အိမ်ထောင်စုများနှင့် အများပြည်သူနှင့် သက်ဆိုင်သော နေရာများသို့ ညွှန်ကြားချက်များပေးခြင်းအပါအဝင် ကြိုတင်ကာကွယ်မှု လုပ်ငန်းများကို မတ်လမှစတင်၍ ဆောင်ရွက်နေပြီဖြစ်ကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့ပါသည်။
ကျန်းမာရေးအဖွဲ့များသည် သက်ဆိုင်ရာဌာနများ၏ အကူအညီဖြင့် ပိုးသတ်ဆေးဖြန်းခြင်းနှင့် ပိုးသတ်ဆေးထည့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
၂၀၂၄ ခုနှစ်၌ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၆,၄၀၀ ရှိပြီး ေ-သဆုံးသူ မှာ ၁၅ ဦးရှိကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Ref: ရှင်းဟွာ
