Friday, May 23, 2025

ရုရှားနှင့်အကျဉ်းသားလဲလှယ်ရေးပြင်ဆင်ဆောင်ရွက်နေ–ယူကရိန်း

ကိဗ်၊မေ ၂၂ ယူကရိန်းသမ္မတဇယ်လန်းစကီးက ရုရှားနှင့် အကျဉ်းသား (၁,၀၀၀) လဲလှယ်ရန်အတွက် ပြင်ဆင်ရန်အစည်းအဝေးကျင်းပခဲ့ကြောင်း ကြာသပတေးနေ့တွင် ကြေငြာလိုက်သည်။ အဆိုပါအစည်းအဝေးအပြီး၌ ယူကရိန်းသမ္မတက ကာကွယ်ရေးဝန်ကြီးသည် မေလ ၁၆...

MNL League Cup-2025 ပြိုင်ပွဲ...

ရတနာပုံ FC အသင်းသည် MNL League Cup-2025 အုပ် စုပွဲစဉ် (၃)ပွဲကစားပြီးနောက် ရမှတ်(၉)မှတ်ဖြင့် Quarter Final အဆင့်သို့...

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့တွင် ကျောင်းအပ်နှံသူ...

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့ဖြစ်သည့် ယမန်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျောင်းအပ်နှံသူဦးရေ ၁,၂၄၈,၁၂၃ ဦးရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ ၂၀၂၅ -၂၀၂၆...

တရုတ်ဝန်ကြီးချုပ် အင်ဒိုနီးရှား၊ မလေးရှားသွားမည်၊ အာဆီယံ–ဂျီစီစီ–တရုတ်...

ပေကျင်း၊ မေ ၂၂ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘီယန်တို၏ ဖိတ်ကြားချက်အရ တရုတ်ဝန်ကြီးချုပ် လီကျွင်းသည် မေလ ၂၄ ရက်‌နေ့မှ ၂၆ ရက်...
HomeNewsLocal Newsမြန်မာကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအနေဖြင့်...

မြန်မာကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအနေဖြင့် ဒေါ်လာသန်း (၅၀) ပေးမည်ဟု
အမေရိကန်ကြေညာ

လူသားချင်းစာနာမှု အကူအညီလိုအပ်နေသည့် မြန်မာပြည်သူများကို အမေရိကန်ဒေါ်လာသန်း(၅၀) ပေးအပ်ကူညီသွားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက အသိပေးကြေညာလိုက်သည်။

အဆိုပါ လူသားချင်းစာနာမှုအကူအညီများကို မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးသင့်ပြည်သူများ၊ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူများအတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် အာဟာရအထောက့်အပံ့ ပေးအပ်ရေးအတွက် ရည်ရွယ်ပေးအပ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ
အမေရိကန်သံရုံးက ယနေ့ ဖေဖေါ်ဝါရီ (၁၆) ရက်တွင် ထုတ်ပြန်ထားသည်။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် ထောက်ပံ့ပေးသွားမည့် အဆိုပါ ကန်ဒေါ်လာသန်း(၅၀) ကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်နှင့်ပူး‌ပေါင်းကာ ပဋိပက္ခဖြစ်ပွားလျက်ရှိသော ပြည်နယ်များမှ လူပေါင်း ၇၅၀,၀၀၀ ကျော်ကို အစာအာဟာရချို့တဲ့မှုမှ ကုစားကာကွယ်ရန် ရည်ရွယ်ကြောင်း သိရသည်။

ထို့အပြင် ယခုထောက်ပံ့မည့် USAID ၏ ထောက်ပံ့မှုတွင် လစဉ်စားနပ်ရိက္ခာခွဲတမ်းများ ပေးအပ်ခြင်းနှင့် အသက်ငါးနှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် နို့တိုက်မိခင်များအတွက် အာဟာရဖြစ်စားသုံးကုန်များပေးအပ်မည့် အစီအစဉ်များ ပါဝင်ကြောင်း အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာ့ကုလသမဂ္ဂစစ်တမ်းများအရ မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်လျက်ရှိသည့် ဦးရေမှာ လူဦးရေ ၁၇ သန်းကျော်ရှိကြောင်း အမေရိကန်သံရုံးက ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားနှင့်အကျဉ်းသားလဲလှယ်ရေးပြင်ဆင်ဆောင်ရွက်နေ–ယူကရိန်း

ကိဗ်၊မေ ၂၂ ယူကရိန်းသမ္မတဇယ်လန်းစကီးက ရုရှားနှင့် အကျဉ်းသား (၁,၀၀၀) လဲလှယ်ရန်အတွက် ပြင်ဆင်ရန်အစည်းအဝေးကျင်းပခဲ့ကြောင်း ကြာသပတေးနေ့တွင် ကြေငြာလိုက်သည်။ အဆိုပါအစည်းအဝေးအပြီး၌ ယူကရိန်းသမ္မတက ကာကွယ်ရေးဝန်ကြီးသည် မေလ ၁၆ ရက်နေ့က အစ္စတန်ဘူလ်၌ပြုလုပ်ခဲ့သည့် သုံ့ပန်းလဲလှယ်မှုဆိုင်ရာသဘောတူညီချက်ကိုအကောင်အထည်ဖော်‌ရေးကို ကြီးကြပ်နေသည်ဟု ပြောကြားခဲ့သည်။ သမ္မတရုံး၊ စစ်ထောက်လှမ်းရေးနှင့် လုံခြုံရေးဌာန အပါအဝင် ယူကရိန်းရှိဌာန အများအပြားသည် အကျဉ်းသားဖလှယ်မှု လုပ်ငန်းစဉ်အတွက် ပါဝင်ကြောင်း ၎င်းကမှတ်ချက်ပြု ပြောကြားခဲ့သည်။ "ရုရှားဖက်ကတင်သွင်းလာတဲ့ စာရင်းမှာပါရှိတဲ့လူတစ်ဦးချင်းစီအတွက် အသေးစိတ်အချက်အလက် တွေကို ကျွန်တော်တို့ စိစစ်နေပါတယ်" ဟုလည်း ဇယ်လန်းစကီးကပြောကြားခဲ့သည်။ ရုရှား၌ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ယူကရိန်းနိုင်ငံသားများ နိုင်ငံသို့ပြန်လာနိုင်ရေးသည် ယူကရိန်း၏ ထိပ်တန်းဦးစားပေးများထဲမှ...

MNL League Cup-2025 ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီဖြစ်သည့် ရတနာပုံ FC အသင်း

ရတနာပုံ FC အသင်းသည် MNL League Cup-2025 အုပ် စုပွဲစဉ် (၃)ပွဲကစားပြီးနောက် ရမှတ်(၉)မှတ်ဖြင့် Quarter Final အဆင့်သို့ တက်ရောက်ခဲ့ပြီဖြစ်သည်။ MNL League Cup-2025 အုပ်စုပွဲစဉ်တစ်လျှောက် ရာမညအသင်းအား(၂) ဂိုး(၆)ဂိုး ၊ ဆေလ်းဗားစတား အသင်းအား (၂)ဂိုးပြတ်၊ ဒဂုံစတားအသင်းအား(၃)ဂိုး(၁)ဂိုးတို့ဖြင့် အနိုင်ရရှိပြီး ရမှတ်(၉)မှတ်၊ အုပ်စုပထမနေရာသို့ ရောက်ရှိကာ ကွာတားဖိုင်နယ်အဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အသင်းအနေဖြင့် ကျန်ရှိနေသေးသည့် အုပ်စုပွဲစဉ် တစ်ပွဲကို မြဝတီအသင်းနှင့် လာမည့် ဇွန်လ(၁၄)ရက်တွင် ယှဉ်ပြိုင်ကစားသွားကြရမည် ဖြစ်သည်။

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့တွင် ကျောင်းအပ်နှံသူ ၁ ဒသမ ၂၄၈ သန်းရှိ

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့ဖြစ်သည့် ယမန်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျောင်းအပ်နှံသူဦးရေ ၁,၂၄၈,၁၂၃ ဦးရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီ တင်းပတ်အဖြစ် မေလ (၂၂) ရက်မှ ဇွန်လ (၁) ရက်အထိ သတ်မှတ်ထားကာ ဇွန် (၂) ရက်မှစတင်၍ အခြေခံပညာဦးစီး ဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများကို စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းအပ်နှံရာတွင်လည်း မည်သည့် အခကြေးငွေမျှ ပေးစရာမလိုကြောင်းနှင့် ကျောင်းသား၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071