Thursday, July 2, 2026

လမ်းမှားရောက်နေသူများ အလင်းဝင်နိုင်ရေး အလေးထားဖိတ်ခေါ်ဆောင်ရွက်ရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ...

မွန်ပြည်နယ်လွှတ်တော်၏ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအနေဖြင့် လမ်းမှားရောက်နေသူများ အလင်းဝင်နိုင်ရေးအတွက် အလေးထားဖိတ်ခေါ်ဆောင်ရွက်ရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက မှာကြားခဲ့ကြောင်း သိရသည်။ ယနေ့ (ဇူလိုင် ၂...

အာရှချန်ပီယံလိဂ် အမျိုးသမီးပြိုင်ပွဲ ပဏာမခြေစစ်ပွဲ မဲခွဲရလဒ်ထွက်ပေါ်၊...

၂၀၂၆-၂၀၂၇ ရာသီ AFC Women's Champions League (AWCL) ပဏာမခြေစစ်ပွဲအတွက် မဲခွဲပွဲကို ယနေ့ ဇူလိုင် ၂ ရက်တွင်...

ဂျပန် ODA အကူအညီများ ပြန်လည်ပေးအပ်ရန်...

ငလျင်ပြန်လည်ထူထောင်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက် အကူအညီများ အရေးတကြီးလိုအပ်ဟု သမ္မတရုံးပြော မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးတိုးတက်ရေးအကူအညီ (Official Development Assistance-ODA) စီမံကိန်းများ ရပ်ဆိုင်းထားခြင်းကြောင့် ပြည်သူများအတွက်...

တရုတ်နှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆင့်သစ်တိုးမြှင့်ပြီး...

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ နယ်စပ်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်နိုင်ခဲ့သည့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အတွင်း အစိုးရအချင်းချင်း...
HomeNewsLocal Newsမြစ်ဆုံစီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရေး တရုတ်ခရီးစဉ်အတွင်း...

မြစ်ဆုံစီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရေး တရုတ်ခရီးစဉ်အတွင်း ဆွေးနွေးခဲ့ဟုဆိုဒေသခံများ၏ စိုးရိမ်မှုများကို ပညာရှင်များဖြင့် ဆန်းစစ်ပြီး ရလဒ်တရားဝင်ထုတ်ပြန်မည်

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး၊ ကချင်ပြည်နယ်ရှိ ဒေသခံပြည်သူများနှင့်လည်း မြေပြင်တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းအပေါ် ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများကို ပညာရှင်များဖြင့် အသေးစိတ်ဆန်းစစ်သုံးသပ်ကာ ရလဒ်များကို တရားဝင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။

ဇွန် ၃၀ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြည်တွင်းမီဒီယာတစ်ခု၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ဒေါက်တာခိုင်ခိုင်စိုးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာခိုင်ခိုင်စိုးက နိုင်ငံတော်သမ္မတ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများရှိခဲ့ကြောင်း၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းအရ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ၁၀၀ ရာခိုင်နှုန်းရရှိစေရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်သမ္မတက မြစ်ဆုံစီမံကိန်းကို ယခင်ကတည်းက အကောင်အထည်ဖော်နိုင်ခဲ့ပါက လက်ရှိအချိန်တွင် နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိနိုင်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း အစည်းအဝေးအတွင်း ထည့်သွင်းပြောကြားခဲ့သည်ဟု ဆိုသည်။

မြစ်ဆုံစီမံကိန်းသည် ဧရာဝတီမြစ်ညာမြစ်ဝှမ်းရှိ ရေအားလျှပ်စစ်စီမံကိန်း (၇) ခုအနက် အဓိကစီမံကိန်းဖြစ်ပြီး၊ မြစ်ဆုံစီမံကိန်းတစ်ခုတည်းမှ မဂ္ဂါဝပ် ၅,၆၀၀ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်း (၇) ခုလုံး အကောင်အထည်ဖော်နိုင်ပါက နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အဓိကဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

စီမံကိန်းနှင့်ပတ်သက်၍ ဒေသခံပြည်သူများ၏ သဘောထားကို အလေးထားဆောင်ရွက်လျက်ရှိပြီး၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် အဖွဲ့ဝင် (၂၄) ဦးပါ ကော်မတီကို ဖွဲ့စည်းကာ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ ဒေသခံများနှင့် မြေပြင်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်အထိ ဆွေးနွေးပွဲရလဒ်များကို တရားဝင်မထုတ်ပြန်ရသေးသော်လည်း ဒေသခံအများစုက လျှပ်စစ်ဓာတ်အား ပိုမိုရရှိလိုသည့် ဆန္ဒရှိကြပြီး၊ အခြားတစ်ဖက်တွင် စီမံကိန်းကြောင့် အသက်အိုးအိမ်စည်းစိမ်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မည်ကို စိုးရိမ်ပူပန်မှုများလည်း ရှိနေကြောင်း ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။

ယင်းကြောင့် စီမံကိန်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကို Check and Balance နည်းလမ်းဖြင့် ပညာရှင်များက ဘက်မလိုက် ဆန်းစစ်သုံးသပ်သွားမည်ဖြစ်ပြီး၊ ကောင်းကျိုးများက ပိုမိုများပြားကြောင်း အထောက်အထားများဖြင့် အတည်ပြုနိုင်ပါက စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကိုလည်း အနည်းဆုံးဖြစ်စေရန် ဆောင်ရွက်ကာ သုံးသပ်ရလဒ်များကို တရားဝင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လမ်းမှားရောက်နေသူများ အလင်းဝင်နိုင်ရေး အလေးထားဖိတ်ခေါ်ဆောင်ရွက်ရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ မှာကြား

မွန်ပြည်နယ်လွှတ်တော်၏ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအနေဖြင့် လမ်းမှားရောက်နေသူများ အလင်းဝင်နိုင်ရေးအတွက် အလေးထားဖိတ်ခေါ်ဆောင်ရွက်ရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက မှာကြားခဲ့ကြောင်း သိရသည်။ ယနေ့ (ဇူလိုင် ၂ ရက်) က ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအား လုပ်ငန်းလမ်းညွှန်မှာကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် လုပ်ငန်းအတွေ့အကြုံရှိပြီး ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်သည့် ပုဂ္ဂိုလ်များကို ကော်မတီဝင်များအဖြစ် ထပ်မံဖြည့်စွက်ဖွဲ့စည်းကာ အကြောင်းအမျိုးမျိုးကြောင့် စည်းရုံးခံရ၍ မိဘများနှင့် ကင်းကွာနေသည့် လမ်းမှားရောက်နေသူများ မိဘများထံ ပြန်လည်ရောက်ရှိလိုပါက အလွယ်တကူ...

အာရှချန်ပီယံလိဂ် အမျိုးသမီးပြိုင်ပွဲ ပဏာမခြေစစ်ပွဲ မဲခွဲရလဒ်ထွက်ပေါ်၊ ဧရာဝတီအသင်း အုပ်စု (F) တွင် ကျရောက်

၂၀၂၆-၂၀၂၇ ရာသီ AFC Women's Champions League (AWCL) ပဏာမခြေစစ်ပွဲအတွက် မဲခွဲပွဲကို ယနေ့ ဇူလိုင် ၂ ရက်တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ AFC ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု ဧရာဝတီအမျိုးသမီးအသင်းသည် အုပ်စု (F) တွင် ကျရောက်ခဲ့ကြောင်း သိရသည်။ ဧရာဝတီအမျိုးသမီးအသင်းသည် ပဏာမခြေစစ်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားပြီး မဲခွဲရလဒ်အရ တရုတ်တိုင်ပေကလပ် New Taipei City Hang Yuan FC၊ စင်ကာပူကလပ် FC Jurong...

ဂျပန် ODA အကူအညီများ ပြန်လည်ပေးအပ်ရန် အစိုးရသစ် တောင်းဆို

ငလျင်ပြန်လည်ထူထောင်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက် အကူအညီများ အရေးတကြီးလိုအပ်ဟု သမ္မတရုံးပြော မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးတိုးတက်ရေးအကူအညီ (Official Development Assistance-ODA) စီမံကိန်းများ ရပ်ဆိုင်းထားခြင်းကြောင့် ပြည်သူများအတွက် အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ထိခိုက်မှုရှိနေသဖြင့် ပြည်သူ့အကျိုးပြုစီမံကိန်းများအတွက် ODA အကူအညီများ ပြန်လည်ပေးအပ်ရန် တောင်းဆိုကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။ ဇွန် ၃၀ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားရာ၌ ဒေါက်တာခိုင်ခိုင်စိုးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေါက်တာခိုင်ခိုင်စိုးက ဂျပန်နိုင်ငံသည် ယခင်က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071