Friday, September 18, 2026

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...

တစ်ပတ်အတွင်း တရားမဝင်သစ် ၉၂ တန်ကျော်နှင့်...

နေပြည်တော်၊ စက်တင်ဘာ ၁၈ သစ်တောဦးစီးဌာနက တရားမဝင်သစ်ထုတ်လုပ်မှုများကို နည်းလမ်းမျိုးစုံဖြင့် စောင့်ကြပ်ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တစ်ပတ်တာကာလအတွင်း တရားမဝင်သစ်...

သီတဂူဆရာတော်ကြီးက လေးမျက်နှာမြို့နယ်ရေဘေး၏ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း (၁,၀၀၀) ကို ယနေ့ စက်တင်ဘာ ၁၈ ရက်လှူဒါန်းခဲ့ကြောင်း...
HomeNewsLocal Newsမြစ်ကြီးနားမြို့ပေါ်ရှိ ရေနံထွက်ပစ္စည်း အရောင်းဆိုင်များ...

မြစ်ကြီးနားမြို့ပေါ်ရှိ ရေနံထွက်ပစ္စည်း အရောင်းဆိုင်များ သတ်မှတ်လမ်းနယ်နိမိတ်အတွင်း မရောက်စေရန်နှင့် သတ်မှတ်ချက်နှင့်အညီ ဖြစ်စေရေး ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ သတ်မှတ်လမ်းနယ်နိမိတ်အတွင်း မကျရောက်စေရန်နှင့် သတ်မှတ်ချက်နှင့်အညီ ဖြစ်စေရေး ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဆောင်ကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းစစ်ဆေးရာတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်အဆင့် ကြီးကြပ်မှုဆပ် ကော်မတီအဖွဲဝင်များနှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ဖေဖော်ဝါရီ (၂၅)ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြခြင်းဖြစ်သည်။

ရှေးဦးစွာ ရေနံထွက်ပစ္စည်း အရောင်းဆိုင်များသတ်မှတ်လမ်း နယ်နမိတ်အတွင်း ကျရောက်မှုမရှိစေရေးနှင့် သတ်မှတ်ချက်နှင့် အညီဖြစ်စေရေး ကြီးကြပ်မှုဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက မြန်မာ့ရေနံဓာတု ဗေဒလုပ်ငန်း၊ သိုလှောင်ဖြန့်ဖြူးရေးဌာနရုံး၌ ပြည်နယ်ကြီးကြပ်မှုဆပ်ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရေနံထွက်ပစ္စည်းအရောင်းဆိုင်များအား သတ်မှတ်ချက်နှင့်အညီဖြစ်စေရေး လမ်းနယ်နမိတ်နှင့် လွတ်ကင်းမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ပူးပေါင်းစစ်ဆေး ဆောင်ရွက်သွားရေး ပြည်နယ်ဝန်ကြီးက ပြောကြားခဲ့သည်။

ပြည်နယ်အဆင့် ကြီးကြပ်မှု ဆပ်ကော်မတီအဖွဲ့ဝင်များက မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေမှု အခြေအနေများနှင့် သတ်မှတ်ချက်နှင့်အညီ ပြုပြင်ဖယ်ရှားနိုင်ရေး သက်ဆိုင်ရာဌာနများ၏ လုပ်ထုံး လုပ်နည်းနှင့်အညီ အကြောင်း ကြား/ စိစစ်တင်ပြဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုနောက် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်အတွင်းရှိ Htoo နှင့် ASIA ENERGY စက်သုံးဆီဆိုင်၊ ရမ်ပူရပ်ကွက်အတွင်းရှိ NINE STAR စက်သုံးဆီဆိုင်၊ မြို့သစ်ကြီးရပ်ကွက်အတွင်းရှိ TOP စက်သုံးဆီဆိုင်၊ မနောရွှေမြေနှင့် ရွှေနန်းစက်သုံးဆီဆိုင်များ၊ ခေမာသီရိရပ်ကွက်အတွင်းရှိ တိုင်းကျော် စက်သုံးဆီဆိုင်များကို လမ်းနယ်နမိတ်နှင့် လွတ်ကင်းမှုရှိ/ မရှိ၊ သတ်မှတ်ညွှန် ကြားချက်များအပေါ် လိုက်နာဆောင်ရွက်မှု ရှိ/မရှိ လုပ်ထုံး လုပ်နည်းနှင့်အညီ စစ်ဆေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက မှာကြားခဲ့ကြောင်း သိရသည်။ ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပိုမိုကောင်းမွန်လာစေရန်နှင့် ရထားလမ်းအသုံးပြုသွားလာသည့် ဒေသခံပြည်သူများနှင့် ခရီးသွားများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဝန်ကြီး ဦးဇေယျာဦးက စက်တင်ဘာ ၁၇ ရက်တွင် ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် ရထားလမ်းကူး (Level Crossing) များ၏ အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထိုသို့စစ်ဆေးရာတွင် ရထားလမ်းကူးများ၌ မောင်းတံဂိတ်များ...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌ ခမ်းနားစွာကျင်းပ

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်) ပူဇော်ပွဲတော် ကျင်းပခဲ့သည်။ အဆိုပါပွဲတော်သို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.S Mr. Abahay Thakur ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကိုကိုလွင်၊ Morya Indian Club ၏ ဥက္ကဋ္ဌ Shri Shyam...

တစ်ပတ်အတွင်း တရားမဝင်သစ် ၉၂ တန်ကျော်နှင့် ယာဉ်/ယန္တရား ၈ စီး ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၁၈ သစ်တောဦးစီးဌာနက တရားမဝင်သစ်ထုတ်လုပ်မှုများကို နည်းလမ်းမျိုးစုံဖြင့် စောင့်ကြပ်ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တစ်ပတ်တာကာလအတွင်း တရားမဝင်သစ် စုစုပေါင်း ၉၂ ဒသမ ၆၉၉၅ တန်၊ ယာဉ်/ယန္တရား ရှစ်စီးနှင့် သက်ဆိုင်သူ ရှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်ထုတ်လုပ်မှုနှင့် သစ်တောသယံဇာတများ တရားမဝင် ထုတ်ယူသုံးစွဲမှုများကို တားဆီးဖော်ထုတ်နိုင်ရေးအတွက် ပြည်သူအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071