Wednesday, May 6, 2026

Miss Grand Myanmar ပြိုင်ပွဲ...

လတ်တလော ဖြစ်ပေါ်နေသော အငြင်းပွားမှုများကြောင့် Miss Grand Myanmar ပြိုင်ပွဲ၏ ဆက်လက်ကျင်းပရန် ကျန်ရှိနေသည့် Preliminary Competition နှင့် Grand...

မြန်မာ-နီပေါ နှစ်နိုင်ငံ ပညာရေးမူဝါဒနှင့် သုတေသနကဏ္ဍများတွင်...

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် နီပေါနိုင်ငံ၏ ထိပ်သီး Think Tank အဖွဲ့အစည်းတစ်ခုဖြစ်သည့် Nepal Development Research Insti tute...

(၂၀) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလပြိုင်ပွဲ...

အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ်၊ လူငယ်နှင့်အားကစားဆိုင်ရာ အရှေ့တောင်အာရှဝန်ကြီးများအဆင့် အစည်း အဝေးသို့ တက်ရောက်ခဲ့ပြီးနောက်...

ကူမင်းတွင် ကျင်းပမည့် (၁၀)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲသို့...

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Kunming Dianchi International Convention and Exhibition Centre တွင် (၁၀)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲ...
HomeNewsLocal Newsမြစ်ကြီးနားမြို့တွင် ထမင်းပေါင်းအိုး ဝါယာကြိုးအပူလွန်၍...

မြစ်ကြီးနားမြို့တွင် ထမင်းပေါင်းအိုး ဝါယာကြိုးအပူလွန်၍ မီးလောင်မှုဖြစ်နေအိမ် ၃ လုံးဆုံးရှုံး

မြစ်ကြီးနားမြို့တွင် ထမင်းပေါင်းအိုး ဝါယာကြိုးအပူလွန်၍ မီးလောင်မှုဖြစ်နေအိမ် ၃ လုံးဆုံးရှုံး

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊မန်ခိန်ရပ်ကွက်၌ ဧပြီ ၂၇ ရက်(ယနေ့)နံနက် ၉ နာရီ ၄၀ မိနစ်ခန့်က မီးလောင်ကျွမ်း၍ နေအိမ် ၃ လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မန်ခိန်ရပ်ကွက်၊နယ်မြေ ၁ ရှိ သွပ်မိုး၊ထရံကာ မြေစိုက်နေအိမ်တစ်လုံးတွင် ထမင်းပေါင်းအိုးတည် ထားရာမှ ဝါယာကြိုးအပူလွန်ရာမှနေအိမ်ထရံအားမီးကူးစက်ရာမှတဆင့် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်ရာသို့ မြစ်ကြီးနားခရိုင်မီးသတ်တပ်ဖွဲ့စခန်းမှမီးသတ်တပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်နေသူ များက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၉ နာရီ ၅၀ မိနစ်ခန့်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များထိခိုက်ဒဏ်ရာရသေဆုံးမှုများမရှိခဲ့ဘဲ သွပ်မိုး၊ထရံကာ မြေစိုက်နေအိမ် ၂ လုံးနှင့်သွပ်မိုး၊ထရံကာ ခြေတံရှည်နေအိမ် ၁ လုံးတို့ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်မှပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူများက စစ်ဆေးတွက်ချက်လျက်ရှိကြောင်း သိရသည်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Miss Grand Myanmar ပြိုင်ပွဲ ကျန်ရှိပွဲများ အကန့်အသတ်မရှိ ရွှေ့ဆိုင်း

လတ်တလော ဖြစ်ပေါ်နေသော အငြင်းပွားမှုများကြောင့် Miss Grand Myanmar ပြိုင်ပွဲ၏ ဆက်လက်ကျင်းပရန် ကျန်ရှိနေသည့် Preliminary Competition နှင့် Grand Final ပြိုင်ပွဲများကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း ယနေ့ မေ ၆ ရက်နေ့တွင် တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြိုင်ပွဲဝင် တာချီလိတ် အလှမယ်တစ်ဦးမှ မယ်သီလရှင် ဝတ်စုံဖြင့် ယှဉ်ပြိုင်ခဲ့မှုအပေါ် လူမှုအသိုင်းအဝိုင်းအတွင်း ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့ခြင်းနှင့် ဆက်စပ်နေသည်ဟု သိရသည်။ Miss Grand Myanmar...

မြန်မာ-နီပေါ နှစ်နိုင်ငံ ပညာရေးမူဝါဒနှင့် သုတေသနကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် နီပေါနိုင်ငံ၏ ထိပ်သီး Think Tank အဖွဲ့အစည်းတစ်ခုဖြစ်သည့် Nepal Development Research Insti tute (NDRI)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ နှစ်နိုင်ငံပညာရေးမူဝါဒဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ယမန်နေ့က ကတ္တမန္ဒူးမြို့ရှိ မြန်မာသံရုံး၌ ပြုလုပ်သည့် အဆိုပါတွေ့ဆုံပွဲတွင် NDRI ဥက္ကဋ္ဌ Dr. Jaya Kumar Gurung က ၎င်းတို့အဖွဲ့အစည်း၏ သုတေသနနှင့် ပညာရပ်ဆိုင်ရာ ဆောင် ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။ ဆွေးနွေးချက်အတွင်း...

(၂၀) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလပြိုင်ပွဲ ကျင်းပမည့်နေရာအား ဒု-ဝန်ကြီး ဦးညီညီ ကြည့်ရှုစစ်ဆေး

အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ်၊ လူငယ်နှင့်အားကစားဆိုင်ရာ အရှေ့တောင်အာရှဝန်ကြီးများအဆင့် အစည်း အဝေးသို့ တက်ရောက်ခဲ့ပြီးနောက် ယနေ့နံနက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကာ မကြာမီကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ကာယဗလပြိုင်ပွဲအတွက် ပြင်ဆင်မှုများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။ ယခုလ မေ ၃ ရက်မှ ၅ ရက်အထိ ကျင်းပသည့် အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဒုတိယဝန်ကြီးနှင့်အတူ ဝန်ကြီးရုံးလက်ထောက်အတွင်းဝန် ဦးထွန်းသန့်တို့သည် ယနေ့ နံနက် (၉) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071